အမှောင်ကိုခွင်း အလင်းဆောင်မည်..........
Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Sunday, July 17, 2011

ငြိမ်းချမ်းရေးစကားလုံးများသုံးနှုန်းပြီး လက်တွေ့မှာ ပြည်နယ်ဖျက်ဆီးရေးလုပ်ကိုင်နေသော KIA

မြစ်ကြီးနား ဇူလိုင် ၁၆

မြစ်ကြီးနားမြို့ ဒေသခံပြည်သူအများစုသည် KIA ခေါ် ကချင်လက်နက်ကိုင်များအား နားကျည်း ရွံမုန်းလျက်ရှိနေသည်။ ကချင်လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ပြောဆိုနေသည့် အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းချမ်းရေးအကျိုးဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးများအား နှစ်ဦးနှစ်ဘက် ဆွေးနွေးညိုနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ KIA အဖွဲ့မှာ ပြည်သူလူထုမျှော်လင့်တောင်းတနေသော ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုလျက် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် လမ်း/တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ ဗုံးထောင်ခြင်းများပြုလုပ်နေပြီး ကချင်ပြည်နယ် ဖျက်ဆီးရေးကိုသာ လုပ်ဆောင်လျက်ရှိသည်။

ကချင်ပြည်နယ်တစ်ဝန်းလုံးဖွံ့ဖြိုးတိုးတက်မှုတွင်အဓိကကျသည့်လမ်းတံတားများကို ဖျက်ဆီးပစ်ခြင်း ကြောင့်ယခုအခါလမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိသည့်ဒဏ်ကို ပြည်သူများလက်တွေ့ခံစားနေကြရသည်. KIAအဖွဲ့နှင့်လူထုတွေ့ဆုံတိုင်း ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ကချင်လူမျိုးများကောင်းစားရေးအတွက် တိုက်ပွဲဝင်နေသည်ဟုပြောလေ့ရှိသော်လည်းဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊လက်နက်အားကိုး ဖြင့်ငွေကြေးတောင်းခံခြင်း၊ လူသစ်စုဆောင်းခြင်းများကြောင့်KIAအဖွဲ့သည် လူသတ်ဓါးပြတိုက်သည့်အဖွဲ့နှင့် မခြားဆိုးသွမ်းယုတ်မာနေသော အဖွဲ့ဖြစ်ကြောင်း၊ ကချင်လူမျိုးအချင်းချင်းကပင် ထောက်ခံမှုမရှိတော့ကြောင်း မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းရေး အကျိုးဆောင်များကပင် KIA ကို စိတ်ပျက်ဖွယ်ကောင်းသော အဖွဲ့ဖြစ်သွားပြီဟု ပြောဆိုလျက်ရှိပါသည်။


ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Friday, December 17, 2010

စဉ်းစားကြည့်လိုက်စမ်းပါ ဗိုလ် နှုတ်ခမ်းမွှေး ရာ

DKBA တပ်မဟာ ၅ မှူး ဗိုလ် နှုတ်ခမ်းမွှေး ကို နော်ဝေ နိုင်ငံက ကရင့်ဒီမိုကရေစီသူရဲကောင်းဆု ဆိုပြီး ယူရိုငွေ ၁၀၀၀ ဆုပေးလိုက်တာဟာ ဗိုလ် နှုတ်ခမ်းမွှေး ကို မြှောက်ပေးလိုက်တာ သိသာလွန်းနေပါတယ်။ ဒါဟာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ အသုံးချခံ ဖြစ်သွားမှန်းမသိ ဖြစ်သွားရတာ ဗိုလ် နှုတ်ခမ်းမွေးအတွက် စိတ်မကောင်းပါဘူး။ ဒီမိုကရက်တစ်မြန်မာအသံကတော့ မျိုးမျိုးမြက်မြက် ရလိုက်ပြီဆိုတာ သေချာပါတယ်။ ဗိုလ် နှုတ်ခမ်းမွှေး ခမျာမှာတော့ ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ အရိုးအရင်း ယူရို ၁၀၀၀ လောက်နဲ့ မိုက်ပြရပါတော့တယ်။

သေချာစဥ်းစားကြည့်လိုက်ရင် ဗိုလ်ချစ်သူ တို့လို နအဖ ပေးမဲ့ စီးပွားရေးလုပ်ကွက်တွေ နဲ့ နယ်စပ် မှောင်ခိုဂိတ်တွေမှာ အပိုင်စားထိုင်ပြီး ဂိတ်ကြေး လိုင်းကြေး ကောက်နေတာကမှ မျိုးမျိုးမြက်မြက် ရပါလိမ့်အုံးမယ်။

အခုတော့ ဒီမိုကရက်တစ်မြန်မာ့အသံ နော်ဝေ ကပေးတဲ့ အရိုးအရင်းလေးလောက်ပဲ စားရပြီး တောထဲပြန်ဝင်ရတာ ဇိမ်မကျလိုက်တာ။ ဒီကြားထဲ ခရစ်ယာန် ကရင်တွေရဲ့ နေရာမပေး၊ ခွဲခြားတဲ့ လုပ်ရပ်တွေနဲ့ ခံစားရအုံးမယ်ဆိုတော့ ဗိုလ် ချစ်သူ တို့လောက် တော့ မနိပ်တာအမှန်ပဲ.........

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Friday, November 19, 2010

ဒီမိုကရေစီလုပ်စားများ၏ မရိုးနိုင်သော လုပ်ကွက်


၂၀၁၀ နိုဝင်ဘာလ ( ၇ )ရက်နေ့ကပြုလုပ်သွားတဲ့ ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး မဲဆန္ဒနယ်အသီးသီးမှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေကို မည်သူ တစ်ဦး တစ်ယောက်ကမှ ဖိအားပေး စေခိုင်းခြင်းမရှိဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့် အခွင့်အရေး အတိုင်း မိမိနှစ်သက်ရာ နိုင်ငံရေးပါတီများကို ဆန္ဒမဲ ပေးခဲ့ကြပြီးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မနာလိုမရှုစိမ့်နိုင်ကြသော ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီလုပ်စား နိုင်ငံရေးသမားဆိုသူတွေက အမျိုးသားဒီမိုကရေစီအင်အားစု ( NDF ) ပါတီကို လွတ်လပ်စွာမဲပေးခဲ့တဲ့ ပြည်သူအချို့ ကို အပြစ်တင် ဝေဖန် လေကန်တဲ့ အသံတွေ ဘာဆိုဘာမှမကြားရဘဲ ငြိမ်သက်နေတာ တွေ့ရပေမဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးအသင်းကို မဲပေးခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကိုလွင်မိုး ကို ၀ိုင်းပြီး အပြစ်တင် ဝေဖန်ကြတာ ကြားသိနေရပါတယ်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၇ မှာ ဒီလိုပြဌာန်းထားပါတယ်...

ပုဒ်မ ၄၅
(က) သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပသို့ ရောက်နေသော တပ်မတော်သားများ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများနှင့် ဆေးရုံသို့ တက်ရောက်ကုသ နေသူများသည် ကြိုတင်ဆန္ဒမဲ လက်မှတ်များဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေး နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ ခွဲက စီစဉ်ပေးရမည်။

(ခ) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မိမိ အမည်စာရင်း ပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေးသွားလာရန် ရှိလျှင် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက စီစဉ်ပေးရမည်။


ပုဒ်မ ၅၇
မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဆိုပြီး ပြဌာန်းထားပြီးဖြစ်ပါတယ်။


ကိုလွင်မိုးက လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆန္ဒမဲပေးခဲ့တာဟာ ပြည်သူတစ်ယောက်ရဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လူအွင့်အရေးကို စော်ကားလိုက်တာပဲဖြစ်ပါတယ်။ ဒီမိုကရေစီလုပ်စားတွေကတော့ ဒီအတိုင်းပါဘဲ .......ဒီလေသံတွေကို ဂရုစိုက်နေရင်တော့ ကို လွင်မိုး ကိုယ့်အလုပ်ပျက်ရုံပဲရှိပါလိမ့်မယ်။

သူတို့ကတော့ ဒီလိုအော်မှ ဒေါ်လာထောက်ပံ့ကြေးရမယ်မဟုတ်လား... သူများရဲ့ စားဝတ်နေရေး ဆိုတော့လဲဗျာ.... အော်ပါစေ နားလည်ခွင့်လွှတ်ပေးလိုက်ပါ ကိုလွင်မိုးရာ....

ဒီနေရာမှာ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မဲမပေးခဲ့ပဲ NDF ပါတီကိုမဲပေးခဲ့မယ်ဆိုရင် ဒီလိုအော်ခိုင်းမယ်မထင်ဘူး.....အော်......ဒီမိုကရေစီလုပ်စားတွေရဲ့  ဘ၀ကလဲ သနားစရာပါလားနော်။


ကိုလွင်မိုးရဲ့  ပရိသတ်တစ်ဦး

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Monday, November 15, 2010

ဒီ လူအုပ်တွေကြားမှာ ရင်လေးဖွယ်




ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို အသက်ပေးကာရယူပေးခဲ့သည့် နိုင်ငံ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေ့ ရှုလည်းကောင်း၊ တဦးအပေါ်တဦး အာဃာတများမရှိစေရေးအတွက်လည်းကောင်း ရည်စူး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၅ အရ တရားရုံးကချမှတ်ထားသော ပြစ်မှုများအနက် ပြစ်ဒဏ်၏ထက်ဝက်ကိုသာ ကျခံစေရန် လျှော့ပေါ့ပြောင်းလဲလိုက်ပြီး ကျန်ရှိသောပြစ်ဒဏ်ကို ဆိုင်းငံ့လိုက်ကြောင်း ၂၀၀၉ ခုနှစ် မေလ ၁၄ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၄၇ / ၂၀၀၉ ဖြင့် နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မှ ၂၂ အရ ချမှတ်ခဲ့ပါသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် လျှော့ပေါ့ပြောင်းလဲလိုက်သောပြစ်ဒဏ်ကျခံရမည့် အချိန်ကာလထက် မကျော်လွန်သော အချိန်ကာလအတွင်း သတ်မှတ်ပေးထားသော စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်စွာ နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဆိုင်းငံ့ထားသည့် လျှော့ပေါ့ ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကာလ ပြည့်သည့် ၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Saturday, November 13, 2010

နိုဝင်ဘာ ၈ ၇က်နေ့တွင် မြို့ ဝတီမြို့ ထဲကို ၀င်လာတဲ့ DKBA တပ်မဟာ ၅ စောလားပွယ် တပ်မှ DKBA အဖွဲ့ဝင်အချို့ က မြို့ ၀တီမြို့ ထဲကို ၀င်လို့မရတဲ့အပေါ် ချစ်ကြည်ရေးတံတားတွင် စောင့်နေသော နအဖ စစ်သားများဖြင့် အချင်းများကြသည်ကို ပြေလည်ရာ ပြေလည်ကြောင်း ၀င်ရောက်စေ့စပ်ဖြေရှင်းသော ဗိုလ်ကြီး သက်နိုင်ကို မိရာ အရဖမ်း ဓားစာခံ အဖြစ်ဖမ်းဆီးသွားပြီး ၄င်း ဗိုလ်ကြီး သက်နိုင်အား အသက် နဲ့ မီဒီယာမှတဆင့် ပြောကြားစေလိုသော စကားများကို အလဲအလှယ်လုပ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း ဗိုလ်ကြီး သက်နိုင်ထံမှ သိရှိရပါသည်။
ဗက သက်နိုင်


ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, November 11, 2010


မြ၀တီမြို့ မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပါတ်သက်ပြီး

မြ၀တီရောက် ကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးရဲ့


ပြောပြချက်များ

အီးမေးလ်ဖြင့်ပေးပို့လာသည့်အတွက် ပြည်သူများသိစေရန် တင်ပေးလိုက်ရခြင်းဖြစ်ပါသည်

Sawlapwe News

အီးမေးလ်ဖြင့်ပေးပို့လာသော phadoaungthein@gmail.com လိပ်စာရှင်အား ကျေးဇူးတင်ပါသည်

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Monday, November 08, 2010

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် မြန်မာစစ်တပ် နှင့် DKBA စောလားပွယ်တပ်တို့ ယနေ့ ၈-၁၁-၂၀၁၀ နံနက် ၉ နာရီ ခွဲလောက်က မြို့တွင်း ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွား

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

MRTV နှင့် မြ၀တီ ရုပ်သံတို့မှ လွှင့်သော " ဒီမို " ဇာတ်လမ်း ကဲ့သို့ ကလောမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မဲပေးနေစဉ် မဲရုံတွင် မီးဖွားခြင်း

ဖြစ်ရပ်မှန်သတင်း















၂၀၁၀ နိုဝင်ဘာ ( ၇ ) ရက်နေ့ မနေ့က ကလောမြို့ အ.မ.က ( ၅ ) တွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် ( ၁ )၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်လျှက်ရှိသော ဦးမောင်ဆန်း၏ သမီးဖြစ်သူ ကလောမြို့ ( ၇ ) ရပ်ကွက် အမှတ် ၇ / ၂၀၇ ၊ ညောင်ပင်သာလမ်း တွင်နေထိုင်သူ အသက် ( ၂၅ ) နှစ် အရွယ်ရှိ မပန်းအိဖြူ ( ကိုယ်ဝန်ဆောင် ) သည် နိုဝင်ဘာလ ( ၇ )ရက် မနက် ၅ နာရီအချိန်က သူမ၏ဖခင်ဖြစ်သူနှင့်အတူ မဲရုံသို့လိုက်ပါသွားပြီး မနက် ၆ နာရီမှာ မဲပေးရန်စောင့်ဆိုင်းခဲ့ပါသည်။

၎င်းနေ့ မဲပေးရန် စောင့်နေစဉ်မှာပင် ၆ နာရီ ၁၀ မိနစ်လောက်တွင် မဲရုံမှ စတင်မဲပေးနိုင်ပြီဖြစ်ရ်ျ မဲပေးနေစဉ် သူမလွယ်ထားသော ကိုယ်ဝန်မှ ရေမွှာပေါက်သဖြင့် မဲရုံရှေ့  ရှိကျန်းမာရေးဆေးပေးခန်းမှ ဆရာမများ အကူအညီဖြင့် ၆ နာရီ ၁၅ မိနစ်မှာပဲ အလေးချိန် ၇ ပေါင်ခွဲရှိတဲ့ သားယောက်ျားလေး အား အောင်မြင်စွာ မွေးဖွားပေးခဲ့ကြပါသည်။
သူမ၏ သားဦးယောကျာ်းလေးကို ကလေးမိသားစုများက မြန်မာဇာတ်လမ်းထဲကအတိုင်း " ဒီမို " ဟု အမည်ပေးလိုက်ကြောင်းကလောမှ သတင်းရရှိပါသည်။
အထက်ပါလိပ်စာအတိုင်း စုံစမ်းနိုင်ပါသည်

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, October 21, 2010

မဲပေးရေး ( I Vote ) လှုပ်ရှားမှု နဲ့ မဲမပေးရေးလှုပ်ရှားမှု အားပြိုင်ပွဲ



ဖျက်သိမ်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့  "ကိုယ်ပိုင် ပြဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေနိုင်တယ်" ဆိုတဲ့ စာသားပါ တီရှပ်ဝတ်လူငယ်တွေ ရန်ကုန်မြို့ပေါ်က လမ်းတွေအပေါ် သွားလာနေခဲ့ကြအပြီးမှာ ယခုတဖန် "I vote (မဲပေးမယ်)” ဆိုတဲ့ စာသားပါ တီရှပ်ဝတ်လူငယ်များ ပေါ်ထွက်လာပြန်ပါတယ်။

ယခင် ရက်ပိုင်းများက ဖျက်သိမ်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လှုပ်ရှားတဲ့ “ No vote (မဲမပေးရေး)” အုပ်စု ပေါ်ထွက်လာတာဟာ မိမိတို့အတွက် ပိုပြီး အားကောင်းသွားစေတယ်လို့ "မဲပေးရေး ( I Vote )အုပ်စုဝင် တဦးက ဆိုပါတယ်။

“မဲမပေးဘဲနေနိုင်တယ် ( No Vote ) တီရှပ်တွေ ၀တ်ပြီး မြို့ထဲသွားရင်လာရင် ဘယ်အချိန် ဆွဲ အစိ ခံရမလဲ လူတွေက ၀ိုင်းကြည့်ကြတယ်။ သူငယ်ချင်းတချို့ကို ပေးဝတ်တာ သူတို့ ၀တ်ဖို့ ကြောက်ပြီး စိုးရွံ့နေကြတယ် " ကျနော်တို့က ရှင်းပြရတယ်။ ဒါဟာ နိုင်ငံသားတစ်ယောက်ရဲ့ လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးတဲ့ လုပ်ရပ်တခုဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ နဲ့ ဆန့်ကျင်နေတဲ့ လုပ်ရပ်ပဲလို့ လမ်းသွား လမ်းလာ ပြည်သူများကို ရှင်းပြရတယ်။ ပြည်သူတွေ ကြုံကြိုက်လာတဲ့ အခွင့်အရေးတရပ်နဲ့ ဆန့်ကျင်နေတဲ့ လုပ်ရပ်ကို လုပ်နေတာတောင် မဖမ်းဘူးဆိုတော့ I vote အဖွဲ့က အခုလို ၀တ်ပြီးထွက်လာတဲ့အခါ ( I vote ) မဲပေးမယ် ဆိုတဲ့ တီရှပ်ကို ၀တ်ဖို့ ဆိုရင်တော့ ဘယ်ကောင့်ကိုမှ ကြောက်စရာ ဂရုစိုက်စရာတောင် မလိုတော့ဘူးပေါ့။ လမ်းသွား လမ်းလာပြည်သူတွေမှာ စိုးရိမ်စိတ်တွေ မရှိကြတော့ဘူး"လို့ သူက ပြောပါတယ်။

လူတွေရဲ့ မဖမ်းပါလား ဆိုတဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားပေးလိုက်တာဟာ No vote အဖွဲ့ရဲ့ လှုပ်ရှားမှုပဲ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။

“အများပြည်သူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်တားဆီးနေတဲ့ လုပ်ရပ်ကိုတောင် မဖမ်းဘူး ဆိုတာ လူတွေ သိသွားကြပြီ။ သိသွားတဲ့ အတွက် ကျနော်တို့ သူငယ်ချင်းတွေဆိုရင် I Vote ( မဲပေးမယ် ) ဆိုတဲ့ တီရှပ်တွေ သူတို့လည်း ၀တ်မယ်ပေးပါဆိုပြီး လာတောင်းလာကြပြီ"လို့ သူက ဆိုပါတယ်။

I Vote တီရှပ်တွေကို လူငယ်တစုက သူတို့ကိုယ်ပိုင် ငွေကြေးနဲ့ စာသား ရိုက်နှိပ်ဝတ်ဆင်နေကြတာဖြစ်ပြီး လိုလားသူတွေကို ပေးဝေဖို့ဆိုရင်တော့ အလှူရှင်တွေ ရှိမှ ဖြစ်ပါလိမ့်မယ်လို့ သိရပါတယ်။

“လှူမယ့်လူတွေရှိလာရင်တော့ တီရှပ်တွေ ပိုပြီး ပေးဝေနိုင်ပါလိမ့်မယ်။ လူတွေကလည်း ၀တ်မှာဗျ။ No Vote အဖွဲ့ကို ကြည့်ပြီး သူတို့ မကြောက်တော့ဘူး။ No vote အဖွဲ့ဆိုတာက ပါတီမညီမညွတ်ပဲ ပြိုကွဲသွားရတဲ့ လူ တစုလေးပဲလေ။ ပါလီမန် ဒီမိုကရေစီ ခေတ်ကလို အကွဲအပြဲဇာတ်လမ်းတွေ လူပုဂ်ဂိုလ်စွဲတွေကို ရွံ့မုန်းနေသူတွေက တနိုင်ငံလုံးဗျ။ ဒို့အရေးအော်စရာမလိုဘဲ။ တီရှပ်လေးဝတ်တာနဲ့ ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ခွင့်ရမယ်ဆိုရင် သူတို့ လိုက်ဝတ်ကြမှာပဲ"လို့ မဲပေးမယ် အုပ်စုဝင် လူငယ်က ရှင်းပြပါတယ်။

မဲမပေးဘဲနေနိုင်တယ်အုပ်စုကို ရန်ကုန်မြို့ခံ လူငယ်တစုနဲ့ ဖွဲ့စည်းထားတာလို့သာ သိရှိရပြီး ဘယ်သူတွေ ပါဝင်တယ်။ ဘယ်နှစ်ဦးပါတယ်ဆိုတာ မသိရသေးပါဘူး။ ထိုနည်းတူပါပဲ I vote မဲပေးမယ်အဖွဲ့ဟာလည်း ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတယ် ၊ ဘယ်သူတွေက ကျောထောက်နောက်ခံပြုပေးထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။



ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, October 20, 2010

NLD လောက်တော့ ပျင်းတယ်



မဲသွားမပေးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ လှုပ်ရှားမှု ကန်ပိန်းကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် I Vote (မဲပေးမည်) လှုပ်ရှားမှုတရပ် ရန်ကုန်မြို့တွင် ယနေ့ စတင်သည်။


ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက “ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်းမီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစုခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေဆိုတော့ လူတွေ သတိထားကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်းပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ” ဟု ပြောသည်။

ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး၍ ရန်ကုန်ပြည်သူတို့အကြား ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ဒါက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒီလှုပ်ရှားမှုက အာဏာပိုင်တွေကို ဆန့်ကျင်တာ မဟုတ်တော့ ကြောက်စရာလည်း မလိုဘူး။ အာဏာပိုင်တွေတောင် အားပေးချင် အားပေးဦးမယ်လေ” ဟု ရှင်းပြသည်။

“အသက် (၁၈) နှစ် ပြည့်ပြီးသော လူငယ်များ မိမိတို့လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် ဖြစ်ကြောင်း စာတမ်းထိုးထားသော တီရှပ်များ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်တွင် သွားလာနေကြစဉ်” ဟူ၍ အစိုးရပိုင် ကြေးမုံသတင်းစာ၏ ဝဘ်ဆိုက်တွင် လည်း လှုပ်ရှားမှု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထိုလှုပ်ရှားမှုသည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်လူငယ်များက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ ဝါရင့်နိုင်ငံရေးသမားတဦးက ထင်မြင်ချက်ပေးသည်။

၎င်းက “ရန်ပုံငွေ တောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ဖွံ့ တပါတီပဲ ရှိတယ်လေ။ ဒီကန်ပိန်းက အန်အယ်လ်ဒီရဲ့ မဲမပေးရေး ကန်ပိန်းကို တန်ပြန်တာဆိုတော့ အဲဒီကြံ့ဖွံ့ လူငယ်တွေကလွဲရင် အခြားသော နိုင်ငံရေးပါတီတွေက လုပ်ဖို့ ငွေအား၊ လူအား၊ အချိန် ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခု ဖြစ်ပွားခဲ့သည့် လှုပ်ရှားမှုသည် မဲရုံသို့ မသွားဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အန်အယ်လ်ဒီ ခေါင်းဆောင်တို့က နယ်အသီးသီးသို့ စည်းရုံးရေးဆင်းနေချိန်နှင့်လည်း တိုက်ဆိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတို့က ဆိုသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Tuesday, October 19, 2010

မြန်မာပြည်တွင်းရေးဟာ မြန်မာပြည်သူတွေနဲ့ပဲ ဆိုင်တယ်


နိုဝင်ဘာ ၇ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ အတွက် နိုင်ငံတကာမှ စောင့်ကြည့်ပုဂ္ဂိုလ်များ နှင့် လေ့လာသူများ ကို ခွင့်ပြုမည် မဟုတ် ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးသိန်းစိုး က ယနေ့ သတင်း ထုတ်ပြန် လိုက်သည်။

ပြည်တွင်း ရှိ နိုင်ငံခြား သံတမန် များ ကို ရွေးကောက် ပွဲနေ့ တွင် လာရောက် လေ့လာခွင့်ပြုမည် ဖြစ်သော်လည်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ နှင့် သတင်းဌာန အဖွဲ့ အစည်း များ ကို လုံးဝ ခွင့်ပြုမည် မဟုတ် ဟု သတင်းထုတ် ပြန်ထားသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Monday, October 18, 2010

လွှတ်ပေးရမှာတောင် စဉ်းစားရမလို ဖြစ်နေပြီ

နိုလ်ဘဲငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် ကိုစိုးရိမ် သူများက ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ စာရေးသားပေးပို့ ပြီးဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးခြင်းမပြုရန် ကန့် ကွက်ကြသည် ဟု စုံစမ်းသိရှိရသည်။


စစ်အစိုးရမှ ကမကထ လုပ်မည့် ရွေးကောက်ပွဲ ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ထောက်ခံ သည့်တတိယ အုပ်စု အမည်ခံ လိုလားသူ ဆယ့်ငါးဦးခန့် က အောက်တိုဘာလ ၁၅ ရက်နေ့ စွဲဖြင့် နေပြည်တော်မြို့ တွင် နေထိုင်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ ရေး ပို့ သည့်စာ တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပါက စစ်အစိုးရ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပိုမိုကြန့် ကြာစေ နိုင်မည် ဟု အစ ချီပြီး ရွေးကောက်ပွဲ ရလာဒ် ပါ ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေ နိုင်မည် ဟုအဆုံး သတ် ကာ လက်ရှိ ရွေးကောက်ပွဲ ၀င်မည် ဟု ကြေငြာထား
သည့် နာမည် ကျော် ပုဂ္ဂိုလ် တစ်ချို့ နှင့် အခြား လူပုဂ္ဂိုလ် များ က လက်မှတ် ထိုးပြီးတောင်းဆိုထားသည် ဟု သိရသည်။

ရွေးကောက်ပွဲ ၀င်မည့် တတိယ အုပ်စု ကိုယ်စားလှယ် လောင်း အချို့ သည် မြန်မာ နိုင်ငံ အပြောင်းအလဲ အတွက် ၎င်း တို့ က ဆောင်ရွက် နိုင်သည် ဟု အထင်ရှိကာ မဲဆွယ် သည့် နေရာများတွင်နိုင်ငံပြောင်းလဲရေး အတွက် ဆောင်ရွက် နိုင်သူများ ဟု ကြုံးဝါးကြွေးကျော်ကြသည်။

မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက်ပွဲ တွင် ပါဝင်မဲဆန္ဒပေး ပိုင်ခွင့်ရှိသည်ဟု ကြေငြာပြီးနောက် ရွေးကောက်ပွဲ ပြီးနောက် ပိုင်းတွင် လည်း ပြန်လည် လွှတ်ပေးမည် ဟု ကြေညာထားသည်။


ဒေါ်အောင်ဆန်းစုကြည်က မူရွေးကောက် ပွဲတွင် ပါဝင်မဲပေးရန် ငြင်းဆိုထားသည်။


သူမ လွတ်မြောက် လာမည် ကို မလို လားသူ များက ထိုသို့ တောင်းဆိုခြင်း သည် မြန်မာဒီမိုကရေစီ လိုလား သူများ ၏ ရန်သူ ဟု ထောင်ထဲတွင် ကျ ဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး၏ မိခင်ဖြစ်သူက ဆိုသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, October 14, 2010

ရေကြီး ရေလျှံနေသော ရခိုင်ပြည်နယ်တွင် ဒေသအာဏာပိုင်များမှကူညီနေ

ရခိုင်ပြည်နယ် သံတွဲ မြို့နယ် နှင့် ရမ်းဗြဲကျွန်းတို့ဘက်တွင်သဘာဝဘေးအန္တရာယ်ဖြစ်သော အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ဆည်မြောင်း၊ တာတမံများ ကျိုးပေါက်ကာ လယ်မြေ ယာမြေများပျက်စီးဆုံးရှုံးမှုများအတွက် ဒေသအာဏာပိုင်များက လိုအပ်သည်များကူညီ လျက်ရှိနေကြောင်း သတင်းရရှိပါသည်။
သတင်းထောက် အောင်မြေ

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, October 13, 2010

အခုတော့ ပြည်ပရောက် ဒီမိုကရေစီ လုပ်စားတွေ ငတ်ပြီ

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာနအား ကျောထောက်နောက်ခံ ထောက်ပံ့ပေးနေသော ဒိန်းမတ်အစိုးရမှ ဧရာဝတီ အတွက် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ခြင်း

ဘန်ကောက်မှာ ရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးကနေပြီး ဒိန်းမတ်နိုင်ငံက ချင်းမိုင်း အခြေစိုက် ဧရာဝတီ မဂ္ဂဇင်းကို ထောက်ပံ့ ကူညီနေမှုများကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်း တော့မယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ ဒိန်းမတ်နိုင်ငံ အနေနဲ့ ဧရာဝတီ မဂ္ဂဇင်းကို အလှူရှင်တွေရဲ့ လှူဒါန်းမှု အပေါ်မှာ သက်သက် မှီခိုနေတဲ့ ပုံစံကနေ မိမိဘာသာ ရေရှည် ရပ်တည်နိုင်ပြီး ပြင်ပ အကူအညီ နည်းနည်းသာ ရယူတဲ့ပုံစံ အဖြစ် ပြောင်းပြီး ရပ်တည်နိုင်ဖို့ အတွက် မျှော်မှန်းခဲ့တယ်။ ဒါပေမယ့် ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ရှိသူတွေဟာ အဲဒီလို အသွင်ပြောင်းဖို့ စိတ်မ၀င်စားဘူး။ အကူအညီ ပေးရေး စီမံကိန်းမှာ ပါတဲ့ သဘောတူညီချက်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်။ ဧရာဝတီ မဂ္ဂဇင်းဟာ တစ်နှစ်ကို ဒေါ်လာ တစ်သန်း ကျော်ရှိတဲ့ အကူအညီတွေကို သုံးပြီး ၀န်ထမ်း ၆၂ ယောက် ခန့်ထားတယ်။ မဂ္ဂဇင်းရဲ့ အကြီးတန်းတာဝန်ရှိသူတွေရဲ့ ခရီး စရိတ်အပြင် အသုံးစရိတ်တွေ အတွက် ငွေတွေ ဖောဖော သီသီ သုံးပြီး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ချွေတာ သုံးစွဲမှုတွေ မလုပ်ဖူးလို့ ထောက်ပြ ထားပြီး အလှူငွေတွေ အများကြီး သုံးပေမယ့် မဂ္ဂဇင်း စောင်ရေ ကျတော့ စောင်ရေ ၂၀၀ ပဲ ထုတ်တယ်လို့ ဖော်ပြ ထားပါတယ်။

ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့များ အတွင်းမှာ ငွေကြေး သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး စနစ်ဇယား မရှိမှု၊ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာများကြားမှာ ထောက်ပြ ဆွေးနွေးမှုများ ရှိခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ပြည်ပ အကူအညီ ပေးသူများက ဒါတွေကို ထောက်ပြပြီး အကူအညီ ဖြတ်တောက် တာတော့ ဒါဟာ ပထမဆုံး ဖြစ်မယ် ထင်ပါတယ်။


အောက်ဖော်ပြပါစာကတော့ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာချုပ် အောင်ဇော် ရဲ့ ဘူးပေါ်သလိုပေါ်သွားလို့ အမြန်ဖာထေးရှင်းလင်းချက် ဖြစ်ပါတယ်


ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ

လွန်ခဲ့တဲ့ တပတ်အတွင်းက ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့်သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။

ဒီလို အီးမေးလ်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘဝင်မကျ ဖြစ်မိပါတယ်။ ဒီလုပ်ရပ်ဟာ လုံးဝ နည်းလမ်းမကျတဲ့အပြင် စာထဲမှာပါတဲ့ အမှားတွေနဲ့ စာပို့တဲ့အချိန်ကို ကြည့်မယ်ဆိုရင် ပြဿနာ တစုံတရာ ဖြစ်လာအောင် ဆွပေးတယ်လို့ ကျနော်တို့ ခံစားရပါတယ်။

ဒိန်းမတ်သံရုံးအနေနဲ့ ဧရာဝတီရဲ့ အဖွဲ့အစည်း ပုံမှန်ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်တာကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အဲဒီလို ဝင်ငွေရဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်ပြီးချိန်မှာ အခုလို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာကတော့ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ကျနော်တို့ရခဲ့တဲ့ ဝင်ငွေဟာ သံရုံးက မျှော်မှန်းထားတဲ့ ပမာဏလောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဝင်ငွေ သိသိသာသာ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ယခုထက်ပိုပြီးတော့လည်း ဝင်ငွေရအောင် ဆောင်ရွက်သွားဖို့ ကျနော်တို့ ရည်ရွယ် လုပ်ဆောင် နေပါတယ်။

ပြည်ပမှာ အခြေစိုက်ရတဲ့ မီဒီယာအဖွဲ့အစည်းတခုရဲ့ အောင်မြင်မှုကို အဓိက တိုင်းတာသင့်တဲ့ အချက်တွေကတော့ သတင်းအချက်အလက် မြန်မြန်ရယူနိုင်မှု၊ အရည်အသွေး ပြည့်ဝတဲ့သတင်းတွေ တင်ပြနိုင်မှုနဲ့ အဲဒီ သတင်းအချက်အလက်တွေကနေ စာဖတ်သူတွေ အကျိုးအမြတ် ရစေမှုတွေပဲဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူပါတယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ အဖွဲ့အစည်းကို ဘယ်လောက်အထိ ရပ်တည်လည်ပတ်နိုင်တယ်ဆိုတာ အဲဒီ ပြည်ပက မီဒီယာအဖွဲ့အစည်းရဲ့ အောင်မြင်မှုကို တိုင်းတာသင့်တဲ့အချက်လို့ ကျနော်တို့ မယူဆပါဘူး။ ဧရာဝတီဟာ ကိုယ်ပိုင်ငွေကြေးနဲ့ ထူထောင်ထားတဲ့ ကုမ္ပဏီ မဟုတ်တာမို့ ကျနော်တို့အနေနဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့ပေါ်မှာပဲ အမှီသဟဲပြုနေရတာပါ။

လက်ရှိကာလမှာ ပြည်ပအခြေစိုက် မီဒီယာတခုအနေနဲ့ ကျနော်တို့ ရည်ရွယ်တာကတော့ အလှူရှင်တွေဆီကရတဲ့ အကူအညီ တွေနဲ့ အရည်အသွေး ကောင်းမွန်တဲ့သတင်းတွေ တင်ပြပြီး မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားရေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ ပြန်လည် အခြေချခွင့်ရတဲ့ အချိန်ကျရင်တော့ ဧရာဝတီကို ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မီဒီယာအေဂျင်စီတခု ဖြစ်လာဖို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ အဲဒီလို ဖြစ်လာအောင် လည်း ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒိန်းမတ်သံရုံးက ပို့တဲ့ အီးမေးလ်ပါ အကြောင်းအရာ အမှားအယွင်းတချို့နဲ့ ပတ်သက်ပြီး ရှင်းလင်းလိုပါတယ်။

1. ၂၀၁၀ မှာ ဧရာဝတီဝန်ထမ်း စုစုပေါင်း ၆၂ ဦးရှိပါတယ်။ ချင်းမိုင်ရုံးမှာ ၃၅ ဦး၊ ပြည်တွင်းမှာ ၂၀ နဲ့ ဒေသတွင်း အခြေစိုက် သတင်းထောက် ၇ ဦးဖြစ်ပါတယ်။ ဝန်ထမ်းဦးရေ အရင်ထက် တိုးလာရတာကတော့ ဧရာဝတီရဲ့ လုပ်ငန်းတွေ ချဲ့ထွင်လာတာရယ်၊ ပြီးတော့ ဒီနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ ငွေကြေးအကူအညီ ရတာတွေရယ်ကြောင့် ဖြစ်ပါတယ်။
2. ရုံးတွင်းဝန်ထမ်းတွေ ခရီးသွားတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမှာ တိတိကျကျ ရေးသားပြဌာန်းထားတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဲဒီအတိုင်း ဧရာဝတီဝန်ထမ်းအားလုံး လိုက်နာဆောင်ရွက်ရတာ ဖြစ်ပါတယ်။
3. အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ လစဉ်မဂ္ဂဇင်းဟာ ဧရာဝတီရဲ့ စီစဉ်ထုတ်လုပ်မှု ၁၀ ခုထဲက တခုပဲ ဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ ဝက်ဘ်ဆိုက်၊ ရုပ်သံနဲ့ ရေဒီယိုအပါအဝင် ကျနော်တို့ အစီအစဉ်တွေအားလုံးကို မြန်မာနဲ့ ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာဆီ ရောက်နိုင်အောင် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
4. ဧရာဝတီအနေနဲ့ အလှူရှင်တွေ ထောက်ပံ့တာကို စနစ်တကျ စီမံခန့်ခွဲမှုမရှိဘူးလို့ စောင်းပါးရိပ်ခြည် ပြောတာမျိုးကတော့ မမှန်တဲ့အပြင် စော်ကားရာလည်း ရောက်ပါတယ်။ ခရီးစရိတ်အပါအဝင် အဖွဲ့အစည်း လုပ်ငန်း တခုလုံးအတွက် ကုန်ကျတာတွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေ ကျနော်တို့ဆီမှာ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံရှိပါတယ်။ ဒါတွေကို ကျနော်တို့ရဲ့ အလှူရှင်တွေဆီကိုလည်း အချိန်နဲ့တပြေးညီ ပို့ပေးနေကျ ဖြစ်ပါတယ်။


ဒိန်းမတ်အစိုးရက ဧရာဝတီကို နှစ်အတော်ကြာ အထောက်အပံ့ပေးခဲ့တဲ့အတွက် ကျနော်တို့ များစွာကျေးဇူးတင်ရှိပါတယ်။ တချိန်တည်းမှာလည်း အခုလို ဒိန်းမတ်သံရုံးက အီးမေးလ်ပို့ခဲ့တဲ့အပေါ်မှာ ကျနော်တို့ အတော်လေး ကသိကအောက်ဖြစ်ပြီး ဘဝင်မကျဖြစ်ရတယ် ဆိုတာကို အသိပေးလိုပါတယ်။

ပြည်ပအခြေစိုက် မီဒီယာတွေရဲ့ သဘောသဘာဝနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို တန်ဖိုးထားနားလည်တဲ့ အလှူရှင်တွေနဲ့ လက်တွဲဆောင်ရွက်ခွင့် ရတဲ့အပေါ်၊ ပြီးတော့ မြန်မာပြည်သတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို အလေးထားကြတဲ့အပေါ် ကျနော်တို့ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။

ခင်မင်ရင်းနှီးစွာဖြင့် …

အောင်ဇော်
အယ်ဒီတာ
ဧရာဝတီမဂ္ဂဇင်း

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

၈၈ ကျောင်းသားအမည်ခံ မွတ်ဆလင် ( ၇၈၆ ) လူမျိုး မြအေး၏ သရုပ်မှန်

မူဆလင်မြအေးသည် ၈၈၈၈ တုန်းက ကျောင်းသားတဦးမဟုတ်တော့ပါ။ ၈၈၈၈ အရေးတော်ပုံအတွင်း မြအေးဘာလုပ်သလဲဆိုတော့ မြအေးဘာမှမလုပ်ပါ။ ၈၈၈၈ အရေးတော်ပုံတုန်းက ပေါ်ထွက်လာသော ကျောင်းသားများဖြစ်သော မင်းကိုနိုင်နှင့် မိုးသီးဇွန် တို့ကို ၈၈၈၈ တုန်းက မြအေးအမည် ကြားဘူးသလား၊ မြအေးနှင့် လက်တွဲ လုပ်ဘူးသလားဟု မေးလျှင်တူညီသော အဖြေထွက်ရှိမည် ဖြစ်သည်။ အဖြေကတော့ နိုးဆိုတာဘဲ ဖြစ်ပါတယ်။ မိုးသီးဇွန်ကတော့ အခုသူများရောင်လို့ နည်းနည်းရောင်ချင်နေသည်။ ဒီနေရာကနေ အကြံပေးချင်တာကတော့၊ ကိုယ်ဘာသာကိုယ် ပြန်မေးကြည့်။ ငါ၊သူ့ကို ၈၈၈၈ တုန်းကကြားဘူးလား . . . နိုး။ ငါသူနဲ့ လက်တွဲလုပ်ဘူးလား . . . . . နိုး။ ခဏခဏရွတ်ပြီးကိုယ်ဘာသာ ကိုယ်မေးသင့်ကြောင်းအကြံပြုချင်ပါတယ်။

၈၈၈၈ နောက်ပိုင်းကို ကြည့်လိုက်ပြန်လျှင် ဒေါ်စုကိုဝိုင်းရံသော ကျောင်းသား၊ လူထုထဲတွင် ၈၈၈၈ ကျောင်းသားခေါင်း ဆောင်ဆိုသော ကိုမြအေးကို တွေ့ရှိပါသလားဆိုလျှင်လည်း . . . နိုးပါဘဲ၊ ဒီနေ့ ဒီအချိန်ထိ ဒေါ်စုအနားမှာ ရပ်နေသော ပုံလေးတပုံကို အင်တာနက်စာမျက်နှာများမှာ မတင်နိုင်ရှာပါဘူး။ ကိုမြအေး internationalဆု တဆုရဖို့ အသဲအသန်ကြော်ငြာထိုးနေရတဲ့ UKရောက် မြန်မာမူဆလိမ်များအတွက် ဘားမားဒိုင်ဂျက် (အမှန်တကယ်ဆိုUKရောက် မူဆလိမ်များရဲ့ မြန်မာလူမျိုးများကို လှည့်စားရန် ပြုလုပ်တဲ့ အဖွဲ့သာ ဖြစ်တယ်၊ ကပ်ပြီးဖြီးထားတာကတော့ world ဒိုင်ဂျက်ရဲ့ အသင်းဝင်ဆိုပြီး အတင်း ကိုယ့်ဘာသာကိုယ် ၀င်ထားတယ်) ကပေးတဲ့ဆုလေးနဲ့ဘဲ တင်းတိန်နေရရှာတယ်။ အနှီပါ ကိုမြအေး ဘယ်ကမ်း၊ ဘယ်ခြေ၊ ဘယ်ချောင်မှာတုန်းဟု မေးလျှင်၊ ယခုနိုင်ငံရေးလုပ်နေသော မင်းကိုနိုင်၊ ကိုကိုကြီးအစရှိသော ၈၈၈၈ လုံးကျောင်းသား ခေါင်းဆောင်များ၊ ယခုပြည်ပရောက် ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ သူများရောင်၍ လိုက်ရောင်နေရသော ၈၈၈၈ အမည်တပ် ဘလော့ဂါများလည်း မသိကြပါ။

၁၉၈၉ ရောက်လို့ ပါတီတွေဖွဲ့ကြမှ သူနဲ့ဘွဲ့ရ မူဆလင်တွေပေါင်းပြီး၊ မူဆလင်နာမည်မသုံးဘဲ၊ ကျောင်းသား ခေတ်စားတဲ့ကာလဆိုတော့ ဘွဲ့ရကျောင်းသားအနေနဲ့ဘဲ နာမည်သုံးပြီး ရွေးကောက်ပွဲဝင်ကြတယ်။ အောင်ထွန်းဆိုတဲ့ မူဆလင်လဲသူတို့နဲ့ တဖွဲ့တည်းထင်တယ်။ အဲဒီကောင်ကိုတောင် ပြည်ပရောက် မူဆလင်(ယူကေ)က ကျောင်းသားသမဂ္ဂအကြောင်းကို ရေးတဲ့ကျောင်းသားခေါင်းဆောင်ဆိုပြီး အင်တာနက်မှာ တင်ပေးသေးတယ်။ ခုတော့ဒီကောင်ကြောက်ချီးပါပြီး နိုင်ငံရေးမလုပ်တော့ပါဆိုပြီး ကြေငြာထားတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဘွဲ့ရကျောင်းသားအမည်ကို သုံးရင် ၉၀ ရွေးကောက်ပွဲမှာနေရာတခုများချိတ်မလား ဆိုပြီးသူတို့ဘွဲ့ရ မူဆလင်တစုထလုပ်တာ၊ ကျောင်းသားဆို အဲဒီအချိန်ကအသေကြောက်တဲ့ နအဖ က ကျောင်းသားအမည်သုံးထားတဲ့ သူတို့အဖွဲ့ကို ကိုင်ထည့်လိုက်တာ၊ မြအေးနဲ့ အောင်ထွန်းထောင်ထဲရောက် သွားတယ်။
၁၉၈၉ က ထောင်ထဲရောက်တဲ့ မြအေး ၁၉၉၆ မှာ ထောင်ကလွတ်တယ်။ ကြောက်လန့်သွားပြီး ၁၁ နှစ်လုံးလုံးငြိမ်နေတယ်။ ၂၀၀၆ ကုန်ခါနီး (သို့) ၂၀၀ရ အစလောက်ထင်တယ်၊ ဝေနှင်းပွင့်သုန် အင်္ဂလန်ကို စာသင်ဖို့ပို့တယ်။ အင်္ဂလန်ရောက် ဝေနှင်းပွင့်သုန်က အများနည်းတူဘဲ တရားဝင်နေလို့ရအောင်၊ မြအေးတို့ ပါတီထောင်ကတည်းက ပိုက်ဆံထောက်ပံ၊ ချိတ်ဆက်ရှိတဲ့ ယူကေ ကမူဆလင်တွေအကူအညီနဲ့ နိုင်ငံရေးခိုလှုံခွင့်လုပ်တယ်။ ၁၉၉၆ ကတည်းက ၁၁ နှစ်လုံးလုံး ငြိမ်နေခဲ့တဲ့မြအေးက ၂၀၀ရ မှာ သမီးနိုင်ငံရေးခိုလှုံတာကို အဆင်ပြေအောင်၊ သက်သေပြလို့ရအောင်လို့ ၈၈၈၈ ခေါင်းဆောင် ကိုကိုကြီးနဲ့ ပူးတွဲတွဲလုပ်တယ်။ မြအေးမှာ ကိုကိုကြီးနဲ့ တွဲရိုက်ထားတဲ့ အဲဒီဓါတ်ပုံလေးဘဲ၊ မူဆလင်တွေအခုသုံးနေကြတာ၊ စစ်အစိုးရက မြအေးကို ကိုကိုကြီးတို့ နဲ့ရောပြီး ထောင်ထဲပြန်ထည့်တယ်၊ ဝေနှင်းပွင့်သုံက သူ့ကြောင့် သူ့အဖေထောင်ထဲရောက်တယ်ဆိုပြီး ယူကေ မူဆလင်အသင်းထောက်ခံချက်နဲ့ ဘားမားကင်းပိန်းယူကေမှာ ၀င်လုပ်တယ်၊ မူဆလင်တော်တော်များများနေရာယူထားတဲ့ အဲဒီအသင်းမှာ ရှိတဲ့ ဖဒိုမန်းရှာသမီးကို ကျော်ဖို့ ကြိုးစားနေကြတာ တော်တော်ကြာပြီ၊ ဦးမန်းရှာသမီးက တော်လှန်ရေးနောက်ခံကောင်းတော့ တော်တော်နဲ့ မရရှာဘူး။ ဒီတကွေ့မှာတော့ အင်္ဂလိပ်လိုကောင်းကောင်း မပြောနိုင်တဲ့ ၈၈ ဘလော့ဂါတွေ တင်ပေးလိုက်တာ နေရာရနေတယ်ဆိုရမှာ . . . . လေအကျိုးပြုတယ်ဆိုရမလား။ လေနဲ့လုပ်စားသွားတာ၊ သူတင်ထားတဲ youtube ရဲ့၈၀ ရာနှုံးက သူတို့ဘာသာသူတို့ ရိုက်ပြီးအင်တာဗျူးသလိုတင်ထားတာ၊ သေသေချာကြည့်ရင်သိနိုင်တယ်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

တစ်နေ့ တစ်နေ့ နစ်နာဆုံးရှုံးနေရသော ထိုင်း ကုန်သည်များ

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မြန်မာပြည်သို့ တရက်ကြာခရီးစဉ် သွားရောက်ခဲ့ သော်လည်း မြ၀တီနယ်စပ်တံတား ပြန်လည် ဖွင့်လှစ်ရန် အတွက် အလှမ်းဝေးဆဲ ဖြစ်ကြောင်း သိရသည်။မြန်မာ စစ်အစိုးရ၏ အဆိုအရ ပြည်တွင်း ပြဿနာများကို ဖြေရှင်းပြီးမှသာလျှင် နယ်စပ်တံတား ပြန်လည် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း၊ လတ်တလောတွင် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောသည်ဟု Thai News Agency (TNA) သတင်းတွင် ဖော်ပြထားသည်။

“နယ်စပ် ပိတ်ထားတော့ ရန်ကုန်မှာ ကုန်တွေ ပြတ်တာပေါ့ဗျာ။ မြ၀တီ နယ်စပ် တံတားဂိတ်က ရန်ကုန်မြို့ဈေးကွက် အတွက် လမ်းပန်း ဆက်သွယ်ရေးက အနီးဆုံးပဲ”ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) မှ အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက ဧရာဝတီသို့ ပြောသည်။

ဝန်ကြီးချုပ် အဖိဆစ်၏ ပထမဦးဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ်း အပါအ၀င် ထိုင်းနိုင်ငံ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan Ocha တို့ လိုက်ပါသွားခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မစ္စတာ အဖိဆစ်နှင့် အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီး ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် အစိုးရ ခေါင်းဆောင်များနှင့် နေပြည်တော်တွင် ဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မစ္စတာ အဖိဆစ်၏ ခရီးစဉ်၌ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ အကူအညီပေးရန် အစီ အစဉ်ရှိခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Panitan Wattanayagornကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

“ဒီရွေးကောက်ပွဲဟာ မြန်မာပြည် တိုးတက်မှုနဲ့ ပွင့်လင်းမြင်သာဖို့ အတွက် ပထမဦးဆုံး ခြေလှမ်းပါပဲ၊ မြန်မာပြည်ကနေပြီး အကူအညီ လိုချင်ရင် ပေးနိုင်မယ့် စွမ်းအားရှိပါတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် နောက်ဆုံးရရှိသည့် သတင်းများအရ ထိုင်းအစိုးရ၏ ရွေးကောက်ပွဲ အကူအညီ ကမ်းလှမ်းချက်ကို မြန်မာ စစ်အစိုးရ က ပယ်ချခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်ကြောင့်ကြမှုများကို သတိပြုမိကြောင်း၊ သို့သော် မြန်မာ ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းရာတွင် ပြည်ပမှ ၀င်ရောက်စွက်ဖက်မှုများ မပါဘဲ ဆောင်ရွက်သွားမည်ဟု မြန်မာစစ်အစိုးရက မစ္စတာ အဖိဆစ်ကို ပြောဆိုကြောင်း TNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ရွှေ့ပြောင်းအလုပ်သမား အရေးနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က မြန်မာ စစ် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုရရှိရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအရ သိရသည်။

ထိုင်းသတင်းများ အဆိုအရ မြန်မာနိုင်ငံ ကပ္ပလီပင်လယ် အတွင်းရှိ ထားဝယ်မြို့ ရေနက် ဆိပ်ကမ်းကို နှစ်နိုင်ငံ ပူးတွဲ တည် ဆောက်ရန် သဘောတူညီ ခဲ့ကြသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်အစိုးရဘက်က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည် ရေး တံတားကို ပိတ်ထားခဲ့သည်။ ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး ထိုင်းနှင့် မြန်မာ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့သည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါးတလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းကို မြန်မာအာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့် အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။

မြ၀တီတံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရ သည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Monday, October 11, 2010

မြန်မာဈေးကွက်ကိုအားထားနေရသော ထိုင်း ကုန်သည်များ

ထိုင်းနိုင်ငံရဲ့ ကုန်စည်တော်တော်များများဟာ ဈေးကွက်အရ မြန်မာနိုင်ငံအပေါ် မှီခိုအားထားနေရတယ်ဆိုတာ နယ်စပ်တံခါးပေါက်တွေက ပြောနေပါတယ်။ မြန်မာနိုင်ငံမှာ အိမ်သုံး၊ လူသုံး၊ အလှကုန် ပစ္စည်းတော်တော်များများ မြန်မာဈေးကွက်မှာ quality အရှိဆုံးနဲ့ လူကြိုက်အများဆုံးကတော့ ထိုင်းနိုင်ငံလုပ် ပစ္စည်းတွေပါပဲ။ တရုတ်ပစ္စည်းတွေက ဈေးပေါတာပဲရှိပါတယ်။ ထိုင်းပစ္စည်းလောက် quality မရှိပါဘူး။ ဒါကြောင့် ထိုင်းနိုင်ငံလုပ်ပစ္စည်းတော်တော်များများဟာ မြန်မာပြည်ဈေးကွက်မှာ ဖြုန်းအားကောင်းပါတယ်။ ဒါပေမဲ့ မြန်မာဘက်က နယ်စပ်တံခါးပေါက်တွေကို ပိတ်၊ အစစ်ကြမ်းလာပြီဆိုရင် ဒါမှမဟုတ် မြန်မာ နဲ့ ထိုင်း အဆင်မပြေတော့ဘူးဆိုရင် ထိုင်းနိုင်ငံ စီးပွားရေး နဲ့ ထိုင်း ကုန်သည်တွေအတွက် အတော်လေး ထိခိုက်မှုများလာပါတော့တယ်။ ဒါကိုသိတဲ့ ထိုင်းအစိုးရကလဲ မြန်မာကို လုံးဝ ပစ်ပယ်ထားလို့မရဘူးဆိုတာ သဘောပေါက်နေပါတယ်။ ဒါကြောင့် အဘီဆစ်ကြီးခမျာ မြန်မာကို အပြေးလာရပါတော့တယ်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။
“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်း ရုပ်မြင်သံကြားလိုင်းတခုတွင်လည်း မစ္စတာ အဖိဆစ်က“မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ လာမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ချောချောမောမော ဖြစ်တာကို ကျနော်မြင်ချင်ပါတယ်၊ ထိုင်းအစိုးရ အနေနဲ့လည်း နယ်စပ် ဒေသတလျှောက် တည်ငြိမ်အေးချမ်းမှု ရှိတာကို လိုလားနေပါတယ်”ဟု ပြောဆိုထားသည်။

ဝန်ကြီးချုပ် အဖိဆစ်၏ ပထမဦးဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်း အပါအ၀င် ထိုင်းနိုင်ငံ လက်ရှိ ကြည်းတပ် ဦးစီးချုပ် Gen Prayuth Chan Ocha တို့လည်း လိုက်ပါသွားကြပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ကိုလည်း တွေ့မည်ဟု ထိုင်း နိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြ ထားသည်။

မစ္စတာ အဖိဆစ်က ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို လေ့လာရန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် မြန်မာပြည်ရှိ တိုင်းရင်းသားများ အရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း လည်း ပြီးခဲ့သည့်လ အတွင်းက ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်အစိုးရဘက်က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ် တံတား ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း၊ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ် သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်း သတင်း ဌာနများက ဖော်ပြသည်။

မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ခရီးစဉ် အချိန်ဇယားဆွဲရန် အခက်အခဲရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, October 07, 2010

ပြည်တွင်းမှ နှုတ်ခမ်းနီမလေးများရဲ့ အလှ

ပြည်တွင်းကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်လာခဲ့တာ ဆယ်စုနှစ် တစ်စုကျော်ကျော် ကြာခဲ့ပါပြီ။ ရေခြားမြေခြားရောက်ရောက်ခြင်းမှာ အဖြူမလေးများရဲ့ ၀တ်စားဆင်ယင်မှု ၊ တက်တူး ဖက်ရှင်ကို ကြည့်ရင်း ငါတို့ လူမျိုးတွေနဲ့ မတူပါလား။ ငါတို့လူမျိုးတွေဆိုရင် အရှက်အကြောက်ကြီးလို့ ထမိန်တောင် ခြေမျက်စိဖုံးအောင်ဝတ်ကြတယ်၊ တက်တူးထိုးဖို့ဆိုရင် ဝေလာဝေး၊ ဘယ်ကောင်မလေးမှ မထိုးဘူးဆိုပြီး သူငယ်ချင်းတွေကြားကြွားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဗမာပြည်မှာက ဆေးမင်ကြောင်(တက်တူး) ဆိုတာ သတ္တိရှိတဲ့ အမျိုးသားတွေမှ ထိုးကြတာပဲလေ။

ဒီက အဖြူမတွေက တက်တူးကို လိင်ဆွဲဆောင်မှုရှိအောင် ရင်ညွှန့် ၊ ခါးစပ်၊ ပေါင် နှင့် ဆီးခုံပေါ်တို့တွင် ထိုးလေ့ရှိပါတယ်။ ပြီးတော့ သူတို့ကို So Sexy(လိင်ဆွဲဆောင်မှုကောင်းတယ်) လို့ ပြောလိုက်ရင် အလွန်သဘောကျလေ့ရှိပါတယ်။ အဲလိုကြောင့်လည်း အပေါ်က ဖော်ပြခဲ့တဲ့နေရာများတွင် လိပ်ပြာပုံများ၊ ပန်းပုံများ နှင့် ကနှုတ်ပန်းပုံများကို ရေးထိုးလေ့ရှိကြပါတယ်။ ဗမာပြည်မှာတော့ အဲလိုသွားပြောရင် ပါးရိုက်ခံရမလား ၊ ရဲစခန်းရောက် မလား တစ်ခုခုပဲ။ အခုတော့ အဲဒါတွေပြောင်းလဲကုန်ပါပြီ။ ကျွန်တော်ထင်တာတွေမှားသွားပြီ ဆိုတဲ့အကြောင်းကို အင်တာနက်ပေါ်မှာ တင်ထားတဲ့ ဗမာလူမျိုးတွေရဲ့ ရှေ့ဆောင်လမ်းပြ ၊ စံပြကောင်း တစ်ယောက်ဖြစ်ရမယ့် မင်းသမီးများ ၊ မော်ဒယ်မလေးများရဲ့ အမှားသရုပ်ပြ Tattoo Sexy အလှများကို တွေ့ခဲ့ရပါတယ်။ အောက်မှာတော့ အင်တာနက်ကစုဆောင်ထားသမျှ တက်တူးထိုးထားသော ရုပ်ရှင်သရုပ်ဆောင် မင်းသမီးများ ၊ မော်ဒယ်ဂဲလ်များပုံကို တင်ထားပါတယ်။

ဒီပုံတွေရဲ့အရင်းအမြစ်ကဘာလဲ။ ကျွန်တော်ကတော့ စဉ်းစားစရာတွေအများကြီးဖြစ်ခဲ့ရပါတယ်။ သင်တို့ရဲ့ ထင်မြင်ယူဆချက်ကရော ဘယ်လိုလဲ… ထင်မြင်ယူဆချက်လေးတွေရေးပေးနိုင်ပါတယ်။








ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Friday, October 01, 2010

ထိုင်းဝန်ကြီးချုပ် အဘီဆစ် မြန်မာနိုင်ငံ သွားမည်

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာပြည်သို့ ၁ ရက်ကြာ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

မစ္စတာ အဖိဆစ်၏ ခရီးစဉ်တွင် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို မေးမြန်းမည်ဖြစ်ကြောင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် တိုင်းရင်းသားများ အရေးကိုလည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် အင်တာနက် သတင်းစာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
ထို့အပြင် စစ်အစိုးရဘက်က ကာလကြာရှည်စွာ ပိတ်ထားခဲ့သော နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး အတွက်လည်း မစ္စတာ အဖိဆစ်က စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထိုင်းအစိုးရက ငွေမတည် စိုက်ထုတ်ပေးထားသော လမ်းဖောက်လုပ်ရေး စီမံချက် အပါအဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လမ်းတံတား ဆောက်လုပ်ရေးများကိုလည်း ဆွေးနွေးရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းကို ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

မစ္စတာ ကဆစ်က “ထိုင်းအစိုးရ အနေနဲ့ မြန်မာအစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပြုခြင်းနဲ့ မြန်မာနိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေး မှုဝါဒကို လေ့လာချင်တယ်။ ကျနော်တို့ အနေနဲ့ ထိုင်းပုဂ္ဂလိက လုပ်ငန်းတွေအတွက် ဘယ်လို ကဏ္ဍတွေက အကျိုးစီးပွား ဖြစ်မလဲဆိုတာရယ် စီးပွားရေး မျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ် မဖြစ် ဆိုတာတွေကို လေ့လာဖို့ စိတ်ဝင်စားပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သော တပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတခု၌ မစ္စတာ အဖိဆစ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် ယခုထက် ပိုမို၍ အားလုံးပါဝင်နိုင်သော နိုင်ငံရေး စနစ်တခုဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပါဝင်ခွင့် ပြုသင့်သည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ခရီးစဉ် အချိန်ဇယားဆွဲရန် အခက်အခဲ ရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

အလားတူပင် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ သွားရန် စီစဉ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယံ ယက်ထောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရဖူးသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက်ပိတ် ထားသောကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သတင်းများအရ သိရသည်။

ထိုင်းသတင်း ဖော်ပြချက်များအရ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိသည်ဟု ဆိုသည်။

မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, September 29, 2010

အားလုံးပါဝင်မှုရှိသည့် ရွေးကောက်ပွဲဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း မှပြော


နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။
စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသော ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ၁၃ မိနစ်ကြာ ပြောဆိုခဲ့သည့် ၎င်း၏မိန့်ခွန်းထဲတွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီများအပြင် ပါတီ ၃၇ ခုမှ ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော်သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များအတွက် နေရာ စုစုပေါင်း ၁၁၇၁ နေရာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ရွေးကောက်ပွဲ၌ အားလုံးပါဝင်သည်မှာ ထင်ရှားနေကြောင်း မြန်မာကိုယ်စားလှယ်ကပြောဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ၏ ပြောဆိုမှုသည် အခြေအမြစ် ခိုင်လုံသော အကြောင်းပြချက် တရပ် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုသွားသည်။

လာမည့် ရွေးကောက်ပွဲသည် ပြည်သူ့အကျိုး ဖော်ဆောင်ပေး နိုင်မည့် ရွေးကောက်ပွဲ တခုဖြစ်လာ နိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

ရွေးကောက်ပွဲကို နိုင်ငံတကာမှ ယုံကြည်လက်ခံမှု ရှိလာရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များအားလုံး လွှတ်ပေးရန် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပသော မြန်မာ့ မိတ်ဆွေများ အဖွဲ့ အစည်းအဝေး၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုခဲ့သည်။

မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့တွင် တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံများနှင့် ဥရောပ နိုင်ငံတချို့ပါဝင်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာ နိုင်ငံတွင် ယခင်ကလည်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများ ရှိခဲ့၍ ယခုရွေးကောက်ပွဲကို အစီအစဉ်တကျ အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ပြီး ပြည်သူများ အနေဖြင့် မိမိတို့ စိတ်ကြိုက် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်မည်ဖြစ်၍ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိနိုင်မည်ဟုလည်း ဆိုသည်။ ၎င်းက ဆက်လက်၍ မြန်မာ စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟုလည်း ပြောသည်။

ဦးဉာဏ်ဝင်း၏ ပြောဆိုမှုနှင့် ပတ်သက်၍ သံတမန်ဟောင်း တဦးဖြစ်သူ နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “မြန်မာအစိုးရ ကိုယ်စားလှယ် ပြောတာကို ကမ္ဘာ့နိုင်ငံတွေကလည်း သတ်မှတ်မှာပါ။ ကမ္ဘာ့ ဥပဒေကိုလည်း လိုက်နာတဲ့ လူတွေ” ဟု ဝေဖန်သည်။

မြန်မာစစ်အစိုးရက လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်မည်ဟု ကမ္ဘာကို ပြောဆိုနေပြီး နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများကမူ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်ဟုပြောဆိုနေကြသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........