အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Friday, December 17, 2010

စဉ်းစားကြည့်လိုက်စမ်းပါ ဗိုလ် နှုတ်ခမ်းမွှေး ရာ

DKBA တပ်မဟာ ၅ မှူး ဗိုလ် နှုတ်ခမ်းမွှေး ကို နော်ဝေ နိုင်ငံက ကရင့်ဒီမိုကရေစီသူရဲကောင်းဆု ဆိုပြီး ယူရိုငွေ ၁၀၀၀ ဆုပေးလိုက်တာဟာ ဗိုလ် နှုတ်ခမ်းမွှေး ကို မြှောက်ပေးလိုက်တာ သိသာလွန်းနေပါတယ်။ ဒါဟာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ အသုံးချခံ ဖြစ်သွားမှန်းမသိ ဖြစ်သွားရတာ ဗိုလ် နှုတ်ခမ်းမွေးအတွက် စိတ်မကောင်းပါဘူး။ ဒီမိုကရက်တစ်မြန်မာအသံကတော့ မျိုးမျိုးမြက်မြက် ရလိုက်ပြီဆိုတာ သေချာပါတယ်။ ဗိုလ် နှုတ်ခမ်းမွှေး ခမျာမှာတော့ ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ အရိုးအရင်း ယူရို ၁၀၀၀ လောက်နဲ့ မိုက်ပြရပါတော့တယ်။

သေချာစဥ်းစားကြည့်လိုက်ရင် ဗိုလ်ချစ်သူ တို့လို နအဖ ပေးမဲ့ စီးပွားရေးလုပ်ကွက်တွေ နဲ့ နယ်စပ် မှောင်ခိုဂိတ်တွေမှာ အပိုင်စားထိုင်ပြီး ဂိတ်ကြေး လိုင်းကြေး ကောက်နေတာကမှ မျိုးမျိုးမြက်မြက် ရပါလိမ့်အုံးမယ်။

အခုတော့ ဒီမိုကရက်တစ်မြန်မာ့အသံ နော်ဝေ ကပေးတဲ့ အရိုးအရင်းလေးလောက်ပဲ စားရပြီး တောထဲပြန်ဝင်ရတာ ဇိမ်မကျလိုက်တာ။ ဒီကြားထဲ ခရစ်ယာန် ကရင်တွေရဲ့ နေရာမပေး၊ ခွဲခြားတဲ့ လုပ်ရပ်တွေနဲ့ ခံစားရအုံးမယ်ဆိုတော့ ဗိုလ် ချစ်သူ တို့လောက် တော့ မနိပ်တာအမှန်ပဲ.........

မိတ္တူထုတ်ရန်

No comments:

Post a Comment