အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Thursday, October 07, 2010

ပြည်တွင်းမှ နှုတ်ခမ်းနီမလေးများရဲ့ အလှ

ပည်တွင်းကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်လာခဲ့တာ ဆယ်စုနှစ် တစ်စုကျော်ကျော် ကြာခဲ့ပါပြီ။ ရေခြားမြေခြားရောက်ရောက်ခြင်းမှာ အဖြူမလေးများရဲ့ ၀တ်စားဆင်ယင်မှု ၊ တက်တူး ဖက်ရှင်ကို ကြည့်ရင်း ငါတို့ လူမျိုးတွေနဲ့ မတူပါလား။ ငါတို့လူမျိုးတွေဆိုရင် အရှက်အကြောက်ကြီးလို့ ထမိန်တောင် ခြေမျက်စိဖုံးအောင်ဝတ်ကြတယ်၊ တက်တူးထိုးဖို့ဆိုရင် ဝေလာဝေး၊ ဘယ်ကောင်မလေးမှ မထိုးဘူးဆိုပြီး သူငယ်ချင်းတွေကြားကြွားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဗမာပြည်မှာက ဆေးမင်ကြောင်(တက်တူး) ဆိုတာ သတ္တိရှိတဲ့ အမျိုးသားတွေမှ ထိုးကြတာပဲလေ။

ဒီက အဖြူမတွေက တက်တူးကို လိင်ဆွဲဆောင်မှုရှိအောင် ရင်ညွှန့် ၊ ခါးစပ်၊ ပေါင် နှင့် ဆီးခုံပေါ်တို့တွင် ထိုးလေ့ရှိပါတယ်။ ပြီးတော့ သူတို့ကို So Sexy(လိင်ဆွဲဆောင်မှုကောင်းတယ်) လို့ ပြောလိုက်ရင် အလွန်သဘောကျလေ့ရှိပါတယ်။ အဲလိုကြောင့်လည်း အပေါ်က ဖော်ပြခဲ့တဲ့နေရာများတွင် လိပ်ပြာပုံများ၊ ပန်းပုံများ နှင့် ကနှုတ်ပန်းပုံများကို ရေးထိုးလေ့ရှိကြပါတယ်။ ဗမာပြည်မှာတော့ အဲလိုသွားပြောရင် ပါးရိုက်ခံရမလား ၊ ရဲစခန်းရောက် မလား တစ်ခုခုပဲ။ အခုတော့ အဲဒါတွေပြောင်းလဲကုန်ပါပြီ။ ကျွန်တော်ထင်တာတွေမှားသွားပြီ ဆိုတဲ့အကြောင်းကို အင်တာနက်ပေါ်မှာ တင်ထားတဲ့ ဗမာလူမျိုးတွေရဲ့ ရှေ့ဆောင်လမ်းပြ ၊ စံပြကောင်း တစ်ယောက်ဖြစ်ရမယ့် မင်းသမီးများ ၊ မော်ဒယ်မလေးများရဲ့ အမှားသရုပ်ပြ Tattoo Sexy အလှများကို တွေ့ခဲ့ရပါတယ်။ အောက်မှာတော့ အင်တာနက်ကစုဆောင်ထားသမျှ တက်တူးထိုးထားသော ရုပ်ရှင်သရုပ်ဆောင် မင်းသမီးများ ၊ မော်ဒယ်ဂဲလ်များပုံကို တင်ထားပါတယ်။

ဒီပုံတွေရဲ့အရင်းအမြစ်ကဘာလဲ။ ကျွန်တော်ကတော့ စဉ်းစားစရာတွေအများကြီးဖြစ်ခဲ့ရပါတယ်။ သင်တို့ရဲ့ ထင်မြင်ယူဆချက်ကရော ဘယ်လိုလဲ… ထင်မြင်ယူဆချက်လေးတွေရေးပေးနိုင်ပါတယ်။








မိတ္တူထုတ်ရန်

1 comment:

  1. သူတို.လဲလိင်ဆွဲဆောင်မှုရှိအောင်လုပ်တာဘဲလေ။မြန်မာမင်းသမီး
    တွေအ၀တ်အစားအလှအပကတော့တန်းမှီပါတယ်။အကျင့်စာရိတ္တ
    မကောင်းတာလေးဘဲပြောစရာရှိတာပါ။ကမ္ဘာကျော်တွေက
    သူတို.ရတဲ့ပိုက်ဆံနဲ.သူတို.ပြည်သူကိုလှူတယ်။မြန်ာမာသရုပ်
    ဆောင်တွေကစင်ကာပူနဲ.ထိုင်းမှာဈေးလာဝယ်တယ်။ဒါလေးဘဲ
    ကွာတာလေ။ပြီးတော့အင်တာနက်ပေါ်ကိုယ့်ပုံကိုယ်တင်တယ်။
    တက်တူးထိုးတာကတော့မြန်မာမှုနဲ.လုံးဝမကိုက်ညီပါ။သူ.အဆင့်အတန်းသူထုတ်ပြတာဆိုရင်တော့မတတ်နိုင်ပါ။

    ReplyDelete