အမှောင်ကိုခွင်း အလင်းဆောင်မည်..........
Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Thursday, March 24, 2011

ပန်းပန်လျက်ပါ ရွှေမြန်မာ


မြန်မာ အမျိုးသားကို အထင်မကြီးတတ်သူ အမေစု

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်ဟာ မြန်မာဗိုလ်ချုပ်ကြီးများကို တိုက်ရိုက်ထိခိုက်မှုမရှိပဲ မြန်မာပြည်သူတွေအပေါ် တိုက်ရိုက်သက်ရောက်စေမဲ့ စီးပွားရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေသာ ဆုံးရှုံးနစ်နာစေခြင်းကြောင့် ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ထားတာကို ပြန်လည်ရုပ်သိမ်းဘို့ စဉ်းစားနေတဲ့အချိန်မှာ မြန်မာပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရမှာကို စိုးရိမ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကတော့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဆက်ပြီးထားဘို့ လိုမယ်လို့ အနောက်ဆရာကြီးများ အလိုကျအတိုင်း ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်ဆိုတာ ရှေး ဘိုးဘွား ဘုရင်လက်ထက်ကတည်းက ငတ်မွတ်ခေါင်းပါးနေတဲ့ နိုင်ငံတစ်နိုင်ငံတော့ မဟုတ်ဘူးဆိုတာ မြန်မာ့သယံဇာတတွေကို ကြည့်ရင် သိပါလိမ့်မယ်။ သူများက ထောက်ပံ့မှ စားရတဲ့ ဘ၀ မဟုတ်ပါ။ မြန်မာ့ ရေ မြေ သယံဇာတတွေက ထွက်လို့မကုန် သုံးလို့မကုန်နိုင်ပါ။ မြန်မာအပေါ်စီးပွားရေးပိတ်ဆို့ထားတာ နှစ်တော်တော်တောင်ကြာနေသော်လည်း မြန်မာပြည် ချွတ်ချုံကျသွားခြင်း အလျဉ်းမရှိသေးပါ။ စင်ပေါ်က ရွှေမြန်မာ ဟာ ရွှေမြန်မာပါပဲလို့။

အနောက်ဆရာကြီးရဲ့  အလိုကျ ကပြ အသုံးတော်ခံနေရတဲ့ ဒေါ်စုကြည်ခမျာ ဒါကို ဘာမှ မလေ့လာ ပဲ မြန်မာကို စီးပွားရေးဆက်ပိတ်ဆို့ထားဘို့ တွင်တွင်ပြောနေရှာတာ မမောနိုင် မပန်းနိုင်ပါပဲ။ ဒါပေါ့ သူ့တို့ပေးတဲ့ ဆုကြေးတွေ ရထားတာဆိုတော့လည်း သူ့အလိုကျ ကပြရတော့မပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည် ကြီးပွားတိုးတက်မှာကို မနာလို မရှုဆိမ့်ဖြစ်နေပေမဲ့ ရွှေမြန်မာပြည်ကြီးက ရွှေရောင်တွေ တလက်လက်ဝင်းလက်နေတဲ့ စေတီးပုထိုး တွေနဲ့ သယံဇာတ ပေါကြွယ်ဝလို့ မဗေဒါ တို့ကတော့ ပန်းပန်လျက်ပါပဲလို့...............

မြန်မာပြည်ဖွား မြန်မာပြည်သား

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, November 24, 2010

ဆောရီးပါ မာမီ





အဖြူ နဲ့ အမည်း ကိုမှ ကြိုက်တတ်သူ

အမေစု တို့ကတော့ အသင့်ပဲဟေ့၊ အမေစု က သာမန်ပြည်သူမဟုတ်ဘူး၊ (အမေစု မှာ ဂုဏ်ယူဝံ့ကြွားစရာ ဂုဏ်ပုဒ်တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်၊ ဆုကြေးတွေ အများကြီးရထားတယ်၊ ဘေးကနေ လက်ခုပ်လိုက်တီးပေမဲ့ နောက်လိုက်အချို့ကလည်း ရှိနေတယ်၊ အနောက်ကလည်း မြှောက်ပင့်ပြောဆိုနေတော့ ဘဝင်မြင့်နေတာပေါ့) '' အမေစုက နိုင်ငံရဲ့နံပါတ် ၁ ကြီးနဲ့ တွေ့ဆုံပြောဆိုချင်တယ်၊ အမြဲတမ်းအဆင်သင့်ပဲလို့ '' ပြောပြောနေတဲ့ ပွဲလန့်တုံးဖျာခင်းတတ်သူ မိန်းမကြီးတစ်ဦးလေ၊ သိတယ်မဟုတ်လား၊ ဘယ်သူဆိုတာ။

အချုပ်တန်းဆရာဖေက သစ္စာဖောက်ပုဆိန်ရိုးမြန်မာအချို့ကို တေးထပ်နဲ့ ရင့်ရင့်သီးသီး ''---------၊ ခွေးသို့ပမာ၊ တွေးမိတိုင်းအရိုးနာသည်၊ အမျိုးပါဆဲချင်ပေါ့လေး '' လို့ ဆဲဆိုခဲ့တယ်။ အဲဒီလိုလူမျိုးတွေက ဒီလို ခပ်ရိုင်းရိုင်းပြောမှပဲ ဆင်ခြင်တတ်ကြတဲ့သူတွေလေ၊ တွေ့တယ်မဟုတ်လား။ တော်လှန်ရေးဗီဒိုယိုဇာတ်ကား တွေထဲမှာ အဲဒီလိုလူတွေလေ၊ အနောက်မျှော်၊ နောက်မီးလင်း မိန်းမတွေလဲပါလိုက်သေး။

ကျွန်တော်လဲ ခပ်ရိုင်းရိုင်းပြောလိုက်ချင်တယ်(ဆင်ခြင်ရအောင်ပေါ့)။ တစ်ခါက ဆောင်ကြာမြိုင် တစ်ခုမှာပေါ့ အခြေအနေ၊ အချိန်အခါအရ လုပ်ငန်းခေတ္တရပ်ထားတော့ သူကလေးတွေမရှိဘူးလေ။ ခေါင်းလုပ်နေတဲ့(မိတ်ကပ်တွေလိမ်း၊ နှုတ်ခမ်းနီဆိုး၊ ပန်းတွေပန်၊ ခပ်လန်လန်)မိန်းမကြီးတစ်ယောက်ပဲ ရှိနေခဲ့တယ်။ ပျော်ပါးလိုတဲ့ လူငယ်တစ်စုရောက်လာတော့ အဲဒီမိန်းမကြီးက သူကလေးတွေတော့မရှိဘူး၊ ကလေးတို့ဆန္ဒရှိမယ်ဆိုရင် မာမီကတော့ ရယ်ဒီပဲလို့ပြောတယ်တဲ့။ အဲဒါနဲ့ကလေးတွေက လက်ခုပ်တီးပြီး မာမီက သိပ်မိုက်တာပဲလို့ ပြောလိုက်တော့ မျက်နှာက ပြုံးနေတာပဲတဲ့။ ဒါပေမဲ့ ကလေးတွေက အခုတော့ '' ဆောရီးနော် မာမီ'' လို့ပြောပြီး ပြန်လှည့်လာခဲ့တယ်တဲ့။ သြော်! ကိုယ့်ကိုယ်ကို တော်တော်အထင်ကြီးနေပုံရတဲ့ မိန်းမကြီးပါလား၊ အမှန်တော့ ဘာမှမဟုတ်တဲ့ ရိုက်စားလုပ်စားနေတဲ့ မိန်းမကြီးပါလား၊ အားလုံးအတွက် မပြောမဖြစ်လို့ပါနော်။ ခွင့်လွှတ်ပါ မာမီ ။

စိုင်းစိုင်း(ရှမ်းပြည်)

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, November 17, 2010

လွတ်လာတာ မကြာသေးဘူး နေရာဟောင်းကို ပြန်လွမ်းနေတယ်ထင်တယ်


ဒေါ်အောင်ဆန်းစုကြည်က " သူမ လွတ်လာလျှင် ရွေးကောက်ပွဲ မသမာမှု ကို စုံစမ်းဖော်ထုတ်ရန် ကူညီမည် ဟု " ပြောဆိုလိုက်ကြောင်း သတင်းများတွင် ဖတ်ရှုလိုက်ရပါသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ မှာ ဒီလိုပြဌာန်းထားပါတယ်

နိုင်ငံပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက်တင်မြှောက်ခံရခြင်းကို ကန့်ကွက်လို လျှင်ဖြစ်စေ၊ သက်ဆိုင်ရာမဲဆန္ဒနယ်တွင်ကျင်းပသော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း အကြောင်းပြကန့်ကွက်လိုလျှင်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာချက်ချင်း တင်သွင်းရမည် ဟု ဥပဒေတွေက သတ်မှတ်ပေးထားပြီးဖြစ်ပါတယ်....

ဒါကို ဘယ်ရွေးကောက်ပွဲ၊ ဘယ်မဲဆန္ဒနယ်က တရားမျှတမှုမရှိသလဲ၊ မသမာတဲ့နည်းကို သုံးသလဲ ? ဆိုတာ ဘာကိုကြည့်ပြီး ၀ရင်းတုတ်နဲ့ ရမ်းနေရပါသလဲ သိချင်ပါတယ်။


အာချောင်တာများရင် ဘာဖြစ်တတ်တယ်ဆိုပဲ !


ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Friday, October 29, 2010

ပြည်သူတွေ ဦးညွှတ်တဲ့ နိုင်ငံတော် အလံကို တကယ် မီးရှို့ ရဲသူများ

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်ထိ အသုံးပြုခဲ့သော မြန်မာနိုင်ငံ အလံ


ံ
ဟိုတစ်လောက နစ်နေမန်း အပါအ၀င် ပြည်ပကို ခိုလှုံနေကြတဲ့ ဒီမိုကရေစီ လှုပ်ရှားသူများဆိုသူများက "

" နိုင်ငံတစ်နိုင်ငံရဲ့  နိုင်ငံကိုယ်စားပြု အလံကို နအဖလို အာဏာရူးအဖွဲ့ က အလွယ်တကူဖြူတ်ချဖျက်ဆီးပြစ်လိုက်ခြင်း "

ဆိုပြီး မြန်မာနိုင်ငံ စစ်အစိုးရက မဆလ လက်ထက်ကတည်းက ယခင်နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ကြယ်ဖြူ ၁၄ လုံးပါ နိုင်ငံတော်အလံဟောင်းကို ဖြုတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ၀ါ၊ စိမ်း၊ နီ သုံရောင်ခြယ် အလံသစ်ကို အစိုးရရုံးဌာနများတွင် အခမ်းအနားများဖြင့် လွှင့်တင်လိုက်သည်ကို အဆိုပါ ပြည်ပမှာ ခိုလှုံနေကြတဲ့ ဒီမိုကရေစီ လှုပ်ရှားသူများဆိုသူများက ၀ိုင်းပြီး မီဒီယာတွေကနေ အော်ကြ အင်တာနက်ပေါ်မှာ လွှင့်ကြနဲ့တွေ့လိုက်ရပါတယ်။ အလံသစ်မသုံးခင်အချိန်က ဘယ်သူတွေက ကြယ်ဖြူ ၁၄ လုံးပါ နိုင်ငံတော်အလံကို မြေပေါ်ဖြုတ်ချ မီးရှို့  ဖျက်ဆီးသလဲ ဆိုတာ အထောက်အထား ဓါတ်ပုံများနှင့်တကွ မြန်မာပြည်သူတွေကို သက်သေပြပါမယ်။

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ဘယ်နိုင်ငံအစိုးရမဆို သူ့နိုင်ငံရဲ့ နိုင်ငံတကာမှာ ကိုယ်စားပြုထားတဲ့အလံကို မီးရှို့ လိုက်တယ် ဆိုတာ ဖြစ်တန်ကောင်းတဲ့ အရာလားဆိုတာ ခလေးတော
င်စဉ်းစားတတ်ပါတယ်။ တကယ်လို့သာ အဲဒီအစိုးရက ပြည်သူတွေ ခေါင်းကို ဦးညွှတ်ပြီး အရိုအသေပြုနေတဲ့ အလံကိုသာ အမှန်တကယ် မီးရှို့ ဖျက်ဆီးကြည့်ပါလား... ပြည်တွင်းက မြန်မာပြည်သူတွေ ဒဏ်ခတ်တာကို ကောင်းကောင်းကြီး ခံရမှာ သေချာပဲ။

အလံသစ် မသုံးခင်က မြန်မာပြည်သူတွေ ခေါင်း
ကို ဦးညွှတ်ပြီး အရိုအသေပြုနေတဲ့ အလံကို လူတကာ သွာလာနေတဲ့ လမ်းပေါ် ဖြုတ်ချကာ မီးတကယ်ရှို့ ပြနေတာက နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ခိုလှုံနေကြတဲ့ နိုင်ငံရပ်ခြား အစိုးရခိုင်းတာ ( အေးပေါ့ သူ့ နိုင်ငံမှာ နေနေရတော့လဲ သူ မငြိုငြင်အောင် သူ ခိုင်းတာ လုပ်ပြရတာပေါ့ ) လုပ်နေရတြဲ့( သူများ ခိုင်းတာ လုပ်ပြနေတာ ဆိုတော့ ကျွန်သာသာ အဆင့်ဖြစ်နေပြီ ) မြန်မာပြည်ဖွား မြန်မာစစ်စစ်ကြီးတွေ ဖြစ်နေပါတော့တယ်ဗျာ။ ( တိုင်းတစ်ပါးရောက် မြန်မာများက ကိုယ့် မြန်မာရဲ့ အလံ ကို တကယ် ခြေထောက်နဲ့ နင်း၊ တကယ်မီးရှို့ နေကြတဲ့ သက်သေခံ ဓါတ်ပုံ များနဲ့ ပြထားပါတယ် )























မြန်မာပြည်မှာမွေး မြန်မာပြည် ရေကိုသောက် ကြီးပြင်းခဲ့တဲ့ မြန်မာပြည်သားစစ်စစ်တွေ မြန်မာပြည်သူတွေ ဦးညွှတ်နေတဲ့ အလံကို တကယ် ခြေနင်းနဲ့ မီးနဲ့ရှို့ ပြနေပုံ



















အဲဒီတော့ လူဆိုရင် စဉ်းစားကြည့်ပေ
ါဗျာ.... အဲဒီလို လုပ်နေကြတဲ့ သူတွေက တကယ်တော့ မွေးတုန်းက ချက်ကြိုး မြန်မာပြည်တစ်နေရာမှာ မြှုပ်ခဲ့ကြတဲ့သူတွေ မြန်မာမြေပေါ်မှာ အရွယ် တစ်ပါးကြီးပြင်းခဲ့ပြီးမှ သူများနိုင်ငံခြားတိုင်းပြည်မှာ အကြောင်းအမျိုးမျိုးနဲ့ ခိုလှုံနေတဲ့၊ မြန်မာစကာ့းကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ မြန်မာပြည်သား စစ်စစ်ကြီးတွေ ဖြစ်နေပါတယ်။ မြန်မာပြည်သားစစ်စစ်ကြီးတွေ ဖြစ်နေရဲ့သားနဲ့ မြန်မာပြည်သူတွေ အမြတ်တနိုး ဦးခေါင်းအထက်မှာ လွှင့်ထားတဲ့ အလံ ကို ယုတ်ညံ့တဲ့ ခြေထောက်နဲ့ နင်း မီးရှို့  လုပ်ပြနေတာဟာ မြန်မာပြည်တွင်းက သူတွေကို အဝေးတစ်နေရာကနေ စော်ကားပြနေတာပါပဲ။

အရှိအတိုင်းမြင်သူ

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Monday, October 11, 2010

အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ကြောင်သူတော်ကြွက်သူခိုးပါပဲလား

အမေရိကန်ရွေးကောက်ပွဲတွေမှာ " Change we need" ဆိုသောစကားလုံးကို တွင်တွင်သုံးပြီး လှိမ့်လုံး၊ ဖိန့်လုံးတွေနဲ့ သမ္မတရာထူးရလာတဲ့ အိုဘားမားကို ကျွန်ုပ်အနေနဲ့ တကယ်ဘဲ ပြောင်းလဲမှုတွေ လုပ်တော့မှာပါလား၊ တကယ်ဘဲ ကမ္ဘာကြီးငြိမ်းချမ်းရေးတွေ ရတော့မှာပါလားတို့တွေးပြီး ဝမ်းသာခဲ့ရသလို စစ်အစိုးရနဲ့လဲ နိုင်ငံရေးတင်းမာမှုတွေလျော့ပြီး သံတမန်အချင်းချင်း ဆွေးနွေးမှုတွေလုပ်ခဲ့လို့လဲ ကြိတ်ပြီးချီးမွမ်းခဲ့ ရတာ အမှန်ပါ။ ဒါပေမဲ့ ရက်တွေ၊ လတွေကြာလာတာနဲ့အမျှ လုပ်ရပ်တွေကို လေ့လာကြည့်လိုက်တော့...ဟိုတလောက နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ ကမ္ဘာ့ငြိမ်းချမ်းရေးစွမ်းဆောင်သူအဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီပွဲမှာ သမ္မတအိုဘားမားက စစ်ပွဲကာကွယ်တားဆီးရေးကို တိုက်တွန်းပြောကြားခဲ့ကြောင်း၊ မကောင်းတဲ့ လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမှာဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာ ခိုင်မာတဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် မဆုတ်မနစ် လုံးပန်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ¤င်းအနေဖြင့် ကမ္ဘာကြီးကို အရှိအတိုင်း ရင်ဆိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာ မကောင်းမှုတွေ အမှန်တကယ်ရှိနေပါကြောင်း၊ ပရိတ်သတ်များကို City Hall မှာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် လိုအပ်တဲ့အခါမှာ လက်နက်ကိုင်ဝင်ရောက် တိုက်ခိုက်မှုကို မလွဲမသွေဆောင်ရွက်ရမှာဖြစ်ကြောင်းဆိုတာလဲ ပါသေးတယ်။ မိမိကိုယ်ကိုမိမိကာကွယ်ရေး စစ်ပွဲများကို တရားတဲ့စစ်ပွဲအဖြစ်လည်း ဖော်ညွှန်းသွားပါသေးတယ်။ ဒါ့ပြင် သက်ဆိုင်ရာနိုင်ငံများမှာရှိတဲ့ အစိုးရက ပြည်သူလူထုအပေါ် မတရားဖိနှိပ်အုပ်ချုပ်ပြီး လူ့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေ ကြတဲ့အခါ အဲ့ဒီလိုနိုင်ငံမျိုးက အကူအညီတောင်းလာတဲ့အခါ ထောက်ခံကူညီခြင်းများကိုလည်း တရားမျှတမှု ရှိအောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းဆိုတာလဲ မလွတ်စေရဘဲ ပြောသွားပါတယ်။
ဒီစကားတွေကိုကြည့်ရင် အဲ့တုန်းကပြောခဲ့တဲ့စကားတွေနဲ့ အခုလုပ်နေတာတွေဟာ တက်တက်စင် အောင် လွဲနေတာကို မြင်ကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ငြိမ်းချမ်းရေးဆုကိုတောင်မယူရသေးခင်မှာ အော်စလိုမြို့ကို ရောက်တဲ့နေ့မှာဘဲ ငြိမ်းချမ်းရေးလှုပ်ရှားသူ ၅,ဝဝဝ ခန့်က အိုဘားမားတည်းခိုရာ ဟိုတယ်အနီးမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။ စစ်ပွဲတားဆီးရေး၊ ငြိမ်းချမ်းရေးကိုသာ ပါးစပ်ကသာ တွင်တွင်ပြောနေပေမဲ့ အာဖဂန်နစ္စတန်နိုင်ငံကိုတော့ တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ထပ်ပြီး စေလွှတ်ခဲ့တဲ့အပြင် ဟဲလ်မန်း ပြည်နယ် မာဂျာဒေသမှာ တပ်ဖွဲ့ဝင်ပေါင်း ထောင်သောင်းချီပါဝင်တဲ့ မော့ရှ်ထရတ်စ်စစ်ဆင်ရေးကိုလဲ ဖေဖော်ဝါရီ လထဲမှာဆက်ပြီး တိုက်ခိုက်နေပါပြီ။ ဒါပေမဲ့ စစချင်း ပြည်သူတွေကို လေကြောင်းကနေ တွေ့ကရာ လျောက်ပစ်လို့ အရပ်သားအမျိုးသမီး ၄ ဦး၊ ကလေး ၁ ဦးအပါအဝင်စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရလို့ စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ အာဖဂန်အစိုးရကတော့ အလွန်ဆုံး ကန့်ကွက် ရှုတ်ချယုံလောက်သာ လုပ်နိုင်ခဲ့ပြီး နေတိုးစစ်ခေါင်းဆောင် အမေရိကန်ဗိုလ်ချုပ်ကြီး စတန်လီမက်ရေစ္စတယ်က " So Sorry" နဲ့ဘဲ ပြီးသွားခဲ့တာပါ။ သမ္မတအိုဘားမား ပြောသလို စစ်ပွဲကာကွယ် တားဆီးရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ဒါလား လို့တောင် သံသယဝင်မိခဲ့ပါတယ်။ ဒီလိုမြင်သမျှ ပစ်ခတ်နေရင် အပြစ်မဲ့အာဖဂန်ပြည်သူတွေ လူမျိုးပါ ပျောက်သွားနိုင်ပြီး ကြာရင် တိုင်းပြည်ပါ ပျက်သွားမှာသေချာသလောက်ပါဘဲ။ ဒါတောင် သမ္မတသက်တမ်း ၉လကာလ အတွင်းကလေးမှာဘဲ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပေးတဲ့သူတွေက ပေးနေကြပါသေးတယ်။ နွားသိုးကို ချိုတပ်ပေးတယ် ထင်ပါရဲ့ဗျာ။ ထပ်မံပို့လွှတ်တဲ့ တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ကြောင့် အာဖဂန်ပြည်သူတွေ မည်မျှမည်မျှ သေဆုံး၊ ပျက်စီးကြဦးမလဲဆိုတာ ဘယ်သူမှ ကံသေကံမ မပြောနိုင်ကြပါဘူး။
စစ်ရေးအသုံးစရိတ်ကို ကြည့်ပြန်ရင်လည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အိုဘားမားဟာ ၂ဝ၁၁ခုနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ (၅၄၈.၉)ဘီလီယံအသုံးပြုမယ်လို့ ယခုလဆန်းပိုင်း က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီပမာဏဟာ အီရတ်ကိုစစ်မီးမွှေးခဲ့တဲ့၊ စစ်ကိုလိုလားခဲ့တဲ့ ဂျော့ဘုရှ်လက်ထက် ကထက် (၃.၄)ရာခိုင်နှုန်းပို၍ပင်များလာခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဘတ်ဂျက် အသုံးစရိတ်ပိုပြီးတောင်းခံတာဟာ ရိုးသားတဲ့လုပ်ရပ်မဟုတ်တဲ့အပြင် စစ်ပွဲကိုကြာရှည်စေလိုတဲ့ ရည်ရွယ်ချက် ရှိကြောင်း ခန့်မှန်းလို့ရနိုင် ပါတယ်။ ဒါဆိုရင် အီရတ်-အာဖဂန် နိုင်ငံတွေမှာ ပြည်သူတွေအမြောက်အမြား သေကျေပျက်စီးကျရအုံးမှာ ဧကန်မလွဲပါ။ ဒါဟာငြိမ်းချမ်းရေးလား၊ စစ်ပွဲကိုတားဆီးရေးလား ၊ မကောင်းတဲ့လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမယ်ဆိုတဲ့ အိုဘားမားရဲ့ပြောကြားချက်တွေဟာ သူခိုးက လူပြန်ဟစ်သလို ဖြစ်မနေဘူးလားဗျာ။
အီရတ်မှာလည်း ထိုနည်းတူပါဘဲ၊ ကုလသမဂ္ဂခွင့်ပြုချက်မရယူဘဲ၊ အီရတ်မှာ လူအမြောက်အများ သေကြေပျက်စီးစေတဲ့ အစွမ်းထက်တဲ့လက်နက်များမရှိဘဲနဲ့ အတင်းကျူးကျော်တိုက်ခိုက်ခဲ့လို့ အီရတ် အရပ်သားများ အမြောက်အများ သေကြေပျက်စီးခဲ့ရပြီးပါပြီ။ ဘဝပျက်သွားတဲ့ မိသားစုတွေမှာလဲ မြောက်များစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါတောင် အမေရိကန်တပ်တွေ မရုပ်သိမ်းနိုင်သေးတဲ့အပြင် အီရတ်နိုင်ငံကိုလည်း လုံခြုံရေးကို ပီပြင်အောင် မထိန်းသိမ်းနိုင်သလို နေ့စဉ်နဲ့အမျှ အသေခံဗုံးခွဲတိုက်ခိုက်မှု တွေကြောင့် သောကတွေ ပင်လယ်ဝေနေခဲ့ရတာဟာ ဘယ်သူ့ကြောင့်ပါလဲ။ ဒါဟာငြိမ်းချမ်းရေးလမ်းစဉ်လား၊ ဒါတောင် သမ္မတအိုဘားမား က ဒီစစ်ပွဲတွေကို မိမိကိုယ်ကို ကာကွယ်တဲ့စစ်ပွဲလို့လဲ ဆိုထားပါသေးတယ်။ ဒီစစ်ပွဲတွေဟာ တရားတဲ့စစ်ပွဲလို့ အမေရိကန်က သတ်မှတ်ပေမဲ့ ကျွန်ုပ်တို့လို နိုင်ငံငယ်တွေအနေနဲ့တော့ ကျူးကျော်စစ် (သို့) မတရားတဲ့စစ်လို့ဘဲ သတ်မှတ်မှာ ဧကန်မလွဲပါဘူး။ ဘယ်သူ့ကိုဘဲမေးမေး အပြောကတော့ သူတော်ယောင်ဆောင်ပြီး လုပ်တေြာ့<ွကက် သူခိုးလို့ ဖြေကြမှာ အမှန်ပါဘဲ။ ကျွန်ုပ်တို့ခံယူထားတာကတော့ မိမိကိုယ်ကိုကာကွယ်တဲ့စစ်ပွဲဆိုတာ မိမိတို့တပ်ဖွဲ့ တွေနဲ့ တပ်ဖွဲ့ဝင်တစ်ဦး တစ်ယောက်မှ သူတစ်ပါးနိုင်ငံကို ခြေတစ်ဖဝါး မကျူးကျော်ဘဲ မိမိနိုင်ငံကိုတိုက်ခိုက်လာတဲ့ ရန်သူမှန်သမျှကို တွန်းလှန်တိုက်ခိုက်ခြင်းဟာ တရားသောစစ်ပွဲလို့ ခံယူထားကြပါတယ်။ နောက်ပြီး ဥရောပဒေသမှာ ယခင်သမ္မတဘုရှ်လက်ထက်က ပိုလန်နဲ့ချက်မှာ ဒုံးခွင်းဒုံး ၁ဝ စင်းနဲ့ ရေဒါစခန်းတည်ဆောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီး ရုရှားက အကြီးအကျယ် ကန့်ကွက်ခဲ့တဲ့အပြင် တန်ပြန် နိုင်ဖို့အတွက် နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ တာတိုပစ်ဒုံးပျံများကို ပိုလန်နဲ့နီးသော ကာလီနင်ဂရက်ဒေသတွင် ထားရှိခဲ့ပါတယ်။ သို့သော်လည်း သမ္မတအိုဘားမား တက်လာပြီးနောက် ပိုလန်၌ထားရှိမည့် ဒုံးခွင်းဒုံးကိစ္စအား ရုပ်သိမ်းခဲ့သဖြင့် ရုရှားနိုင်ငံမှလည်း ကာလီနင်ဂရက်ဒေသရှိ ဒုံးပျံများနှင့် တင့်ကား၊ သံချပ်ကား၊ အမြောက်များ အား ပြန်လည်ရုပ်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ သို့ရာတွင် အမေရိကန်သည် ယခုအခါ ရိုမေးနီးယား၊ ဘူဂေးရီးယားနှင့် မော်လ်ဒိုဗာခွဲထွက်ဒေသများမှာ အစ်စကန်ဒါဒုံးပျံများ ပြန်လည်ချထားရန် ထပ်မံကြိုးပမ်းလာကြောင်း တွေ့ရှိရ ပါတယ်။ ဒါကို ရုရှားနိုင်ငံမှ ပြန်လည်တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တစ်နေ့က သတိပေးပြောကြားလာတာ ကို သိရှိခဲ့ရပါတယ်။ ဒီလုပ်ရပ်ဟာ ပြောတော့ စစ်ကိုတားဆီးရေးနဲ့ငြိမ်းချမ်းရေး၊ လုပ်တော့ တပ်ဖွဲ့ဝင်များစေလွှတ်ပြီး တိုက်ပွဲများဖန်တီးရေး၊ ဒုံးပျံများ ဖြန့်ကျက်ချထားရေးတွေ လုပ်နေတာကို တွေ့ရှိကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ရဲ့ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ “ကြောင်သူတော် ကြွက်သူခိုး“ ပမာ ကမ္ဘာ့ငြိမ်းချမ်းရေး ကို မတည်မငြိမ်ဖြစ်အောင်၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်ဖို့ ကျွန်ုပ်တို့နိုင်ငံငယ်တွေက လိုလားလျက်ရှိပါကြောင်း အမှန်ကိုအမှန်အတိုင်း ရင်ဖွင့်လိုက်ရပါတယ်ခင်ဗျား။ သြော်....အခုတော့လဲ ဝမ်းသာခဲ့ရသမျှ ချီးမွမ်းခဲ့ရသမျှ နောက်ဆုံးတော့ သူလဲ '' ကြောင်သူတော်ကြွက်သူခိုး'' ပါလားလို့ တွေးမိလိုက်ပါရဲ့ဗျာ။
ဖိုးရှုပ်

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Friday, October 08, 2010

ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ

ယနေ့တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီးဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမျိုးရေးစတဲ့ ပြည်တွင်း၊ ပြည်ပပြဿနာများနဲ့ အနည်း အများဆိုသလိုရှိနေကြပြီး ရုန်းကန်နေကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံငယ်မပြောနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကိုကြည့်ရင် အတော်ရင်လေးစရာ ကောင်းတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ ဗိုလ်ကျစိုးမိုးရေးဝါဒကို လက်ကိုင်ထားပြီး ခေတ်အဆက်ဆက် သြဇာလွှမ်းမိုးအောင် လုပ်ဆောင်ခဲ့တဲ့အကြောင်း-အကြောင်းတွေဟာ ယနေ့အမေရိကန်အပေါ်မှာ အကျိုး-အကျိုးတွေ သက်ရောက်လာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ငွေကြေးကုန်ကျမှုများပြီး အချိန်ကြာမြင့်နေပြီဖြစ်တဲ့ အပြင် အောင်မြင်မှုလည်းမရတဲ့ အာဖဂန်စစ်ပွဲ၊ ငွေလဲကုန်၊ အကျအဆုံးလည်းများပြီး အီရတ်ပြည်သူတွေပါ ကြားကနေ အများအပြားသေဆုံးစေခဲ့တဲ့ အီရတ်စစ်ပွဲ၊ ဥရောပတခွင်မှာ အထိတ်ထိတ် အလန့်လန့်ဖြစ်နေရတဲ့ ပိုလန်ဒုံးခွင်းဒုံး ပြဿနာတွေအပြင် နောက်ထပ်ငွေကြေးအကျပ်အတည်းပါဆိုက်ရောက်လာတာကြောင့်အဲ့ဒီနိုင်ငံကြီးရဲ့ပြည်သူများဟာ အစိုးရအပေါ် မကျေနပ်ချက်တွေ ပိုမိုများပြားလာကာ အစိုးရနဲ့ မူဝါဒအပြောင်း အလဲများ ဖြစ်ပေါ်လာစေရန် လိုလားလာကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို သိတဲ့ သမ္မတလောင်း အိုဘားမားဟာ ဒီစိန်ခေါ်မှုကြီးများ အမှန်တကယ်ကြီးထွားလာနေကြောင်းသိရှိခဲ့ပြီး အမှန် တကယ်ပြောင်းလဲရန်လိုအပ်နေကြောင်း သုံးသပ်လာတဲ့အတွက် မဲဆွယ်ပွဲတွေမှာ “Change We need” ဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်သုံးပြီး ပြည်သူတွေရဲ့နှလုံးကို သိမ်းကြုံးယူ နိုင်ခဲ့တဲ့အတွက် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။အမှန်မှာတော့ “အရင်းစစ်တော့ အမြစ်မြေက” ဆိုသလိုဒီပြဿနာတွေဟာ ဘယ်ကစလဲလို့မေးရင် ဒီနိုင်ငံကြီးက စခဲ့တာတွေ ချည်းပါဘဲ။ ပြောရရင်တော့ ကမ္ဘာ့နိုင်ငံများအပေါ် ဗိုလ်ကျစိုးမိုးရေးဝါဒကို ကျင့်သုံးလာရင် ဒီဝါဒကို နိုင်ငံငယ်တွေက စုပြီးကာကွယ်မှုတွေ၊ စစ်ရေး လေ့ကျင့်မှုတွေ လုပ်လာမှာဖြစ်သလို၊ ဒုံးခွင်းဒုံးတွေ တီထွင်ထုတ်လုပ်စမ်းသပ် ပစ်လွှတ်လာရင်လည်း ပြိုင်ဘက်နိုင်ငံတွေက ဒီထက်အစွမ်းထက်တဲ့ လက်နက်တွေ တိုးတက်ထုတ်လုပ်ကြမှာအမှန်ပါဘဲ အဲ့ဒီဒုံးပျံတွေကို ဥရောပမှာ တပ်ဖြန့်ချထားရင် ပြိုင်ဘက်နိုင်ငံတွေကလည်း တုံ့ပြန်နိုင်မဲ့ ဒုံးပျံတွေ ပြန်လည်ချထားမှာ မလွဲပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံကြီးဟာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာ တွေများလာတာကြောင့် ပြောင်းလဲမှုကို လိုလားတာပါဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ အမှန်တကယ် သုံးသပ်ပြီး စိတ်ကိုဖြူစင်အောင်ထားကာ ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ ၊ အသိဥာဏ်နဲ့ယှဉ်ပြီး ပြောင်းလဲမှသာ ကမ္ဘာကြီးဟာ အမှန် တကယ် အေးချမ်းလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့လို ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းနေကြတဲ့ နိုင်ငံငယ်တွေဟာ ပိုပြီးလက်ခံယုံကြည်လာမှာ ဧကန်မလွဲပါခင်ဗျား။ဒါနဲ့ကျွန်တော်တို့ နိုင်ငံကို အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ဆို့ခဲ့တာတောင် ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှစပြီး ယနေ့အထိ နှစ်ပေါင်းအတော်ကြာ ခံစားခဲ့ရပါတယ်။ အဲဒီတုန်းက နိုင်ငံကြီးရဲ့ အစီအမံကတော့ စစ်အစိုးရ ဆက်လက်မရပ်တည်နိုင်ရေး၊ မရှင်သန်နိုင်ရေးကို ဦးတည်ခဲ့သော်လည်း ပစ်မှတ်ကတော့ လွဲချော်ခဲ့တာ အမှန်ပါ၊ ထိတော့ ပြည်သူတွေပါ။ ပြည်သူလူထုဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကနေ ယနေ့အထိ ဆိုလျှင် စီးပွားရေးပိတ်ဆို့မှုရဲ့ ဒဏ်ကို ခံစားခဲ့ကြရတာ နှစ်ပေါင်း(၂၁)နှစ် ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက မွေးဖွားခဲ့တဲ့ ကလေးတွေဆိုရင် ယခုအချိန်မှာ လူလားမြောက်တဲ့အရွယ်တောင် ရောက်နေ ကြပါပြီ။ ဒီလူငယ် တွေကိုမေးရင် အနောက်နိုင်ငံကြီးများမှလာတဲ့ ကားတွေ၊ ယာဉ်တွေ၊ စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ သိတောင်မသိ သလောက်ပါဘဲ။ ဒီကလေးတွေဟာ မြန်မာပစ္စည်း၊ အိန္ဒိယပစ္စည်း၊ တရုတ်ပစ္စည်းတွေနဲ့ပဲ ဖက်ပြီးမွေးလာသလိုပါဘဲ။Globallization ခေတ်ကြီးမှာ ဒီGeneration မျိုးဆက်တွေဟာ အနောက်နိုင်ငံကြီးတွေနဲ့ အဆက်ပြတ် နေပြီဆိုတာ တွေ့ကြရမှာဖြစ်ပါတယ်။ တချို့က စီးပွားရေးပိတ်ဆို့တယ်ဆိုတာ နိုင်ငံအတွက် အန္တရာယ်နည်းပါးပြီး ထိခိုက်နစ်နာမှု သက်သာတဲ့နည်းလမ်းတစ်ခုအဖြစ် အရေးယူဆောင်ရွက်ခြင်းဖြစ်တယ်လို့ ယူဆကြပြီး တချို့က တော့ စီးပွားရေးပိတ်ဆို့ခြင်းဟာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ သံတမန်နည်းနဲ့ စစ်ရေးနည်းလမ်းတို့အကြား အထောက်အကူပြုစေတဲ့ နည်းလမ်းလို့ ရှုမြင်ခဲ့ကြပါတယ်။ သို့သော်လည်း မည်သည့်နည်းလမ်းအပေါ် မူတည်၍ ကျင့်သုံးသည်ဖြစ်စေ၊ ပိတ်ဆို့ခံရတဲ့နိုင်ငံဟာ စီးပွားရေး ထိခိုက်ဆုံးရှုံးခြင်း၊ လူမှုရေးအဆောက်အအုံပြိုကွဲခြင်းတို့ ဖြစ်ပေါ်စေနိုင်တာကြောင့် ပြည်သူတွေကို တိုက်ရိုက်ထိခိုက်မှာဧကန်မလွဲပါဘဲ။ စီးပွားရေးပိတ်ဆို့မှုကို လက်နက် အဖြစ် အသုံးပြုရင် ပြည်သူလူထုကို ထိခိုက်နစ်နာမှု မရှိအောင် ဆောင်ရွက်မှသာ အပြုသဘောဆောင်တဲ့လုပ်ရပ် ဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်လျှင် အဖျက်သဘော ဆောင်တဲ့ နည်းလမ်းသာဖြစ်ပါတယ်။ အတ္တဆန်မှုကို အရင်းခံပြီး လုပ်ဆောင်ခဲ့တာကြောင့် အတွေးမှား၊ အမြင်မှားပြီး လုပ်ဆောင်ချက်တွေလဲ မှားယွင်းခဲ့ခြင်းဖြစ်မယ်လို့ ယူဆပါတယ်။ ဒီအမှားတွေကို အတွေးမှန်၊ အမြင်မှန်နဲ့ Change - ပြောင်းလဲသင့်ပါကြောင်း အကြံပြုလိုပါတယ်။
စီးပွားရေးပိတ်ဆို့မှုရဲ့အစဟာ ၁၉၈၈ ခုနှစ်အရေးအခင်းအပြီးမှာ မြန်မာနိုင်ငံကို သံတမန်ဆက်သွယ်မှု အဆင့်လျှော့ချခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့အတွက် ကူညီထောက်ပံ့ပေးနေတာတွေကို ရပ်ဆိုင်းခဲ့ရာက စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြည်ပအရင်းအနှီးများ စီးဝင်မလာစေရေး၊ ချေးငွေများနှင့် အထောက်အပံ့များမရရှိစေရေး၊ ကုန်သွယ်မှုမပြုလုပ်ကြဖို့နဲ့ ပိတ်ပင်တားဆီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြောင်း တွေ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ်က စပြီး အရှိန်မြှင့်ပြဌာန်းလိုက်တဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေတွေဟာ ၂၀၀၈ ခုနှစ်ကုန်တဲ့အထိ အဲ့ဒီနိုင်ငံကြီးသားများနှင့် ကုမ္ပဏီများဟာမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရဆိုတဲ့ ဥပဒေကတစ်မျိုး၊ မြန်မာ့ထွက်ကုန်များ အမေရိကန်သို့တင်သွင်းခြင်းကို တားမြစ်သည့် ဥပဒေက တစ်ဖုံ၊ ငွေလွှဲပြောင်းပေးပို့ခြင်းများ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ ချေးငွေများ၊ ငွေကြေးထောက်ပံ့မှုများ မပြုလုပ်ရန် တားမြစ်ပိတ်ပင်တဲ့နည်းက တစ်နည်း၊ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများကို လိုက်လံပိတ်ဆို့တာကတစ်သွယ် စတဲ့ပိတ်ဆို့မှုတွေအပြင် ကျန်တဲ့ပြဋ္ဌာန်းချက်တွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေကိုလည်း Change လုပ်ပေးသင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။
အမှန်အတိုင်း မည်သူကိုမဆို မေးရင်တောင် အင်မတန် Power ကြီးမားတဲ့နိုင်ငံကြီးက Power ငယ်တဲ့ ကျွန်တော်တို့လို နိုင်ငံငယ်လေးတစ်ခုကို ဒိတ်ဒိတ်ကျဲ သမ္မတကြီးများဖြစ်ကြတဲ့ ကလင်တန်နဲ့ ဘုရှ်တို့က သက်တမ်းအဆက်ဆက်မှာ ဆက်တိုက်ဆက်တိုက် ကိုယ်တိုင်လက်မှတ် ရေးထိုးပြီးSanctions တွေချမှတ်ခဲ့တာဟာ မြန်မာပြည်သူတွေကို အလေးမထားဘဲ ကြီးနိုင်ငယ်ညှဉ်းလုပ်ခဲ့တာဘဲလို့ ပြောကြမှာ ဖြစ်ပါတယ်။ Sanctions တွေဟာလည်း လိုအပ်သည်ထက် ပိုမိုပြင်းထန်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် သေချာစွာသိမြင်ခြင်းမရှိဘဲ မလိုလားသူတွေရဲ့ Media ထိုးနှက် ချက်တွေကို တစ်ဖက်သတ် ယုံကြည်ခဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။ ထို့အတူ(၂၇)နိုင်ငံ စုပေါင်းဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂ အဖွဲ့အစည်းကြီးသည်ပင်လျှင် နိုင်ငံကြီးရဲ့ တွန်းအားပေးမှုကို ပကတိကိုယ်ပိုင်ဥာဏ်ဖြင့် မဆုံးဖြတ်နိုင်ဘဲ နိုင်ငံကြီးရဲ့စကားကို မလွန်ဆန်နိုင်ဘဲ စီးပွားရေးပိတ်ဆို့ခဲ့တာ တွေ့ကြရမှာဖြစ်ပါတယ်။ နိုင်ငံကြီးနဲ့ အနောက် နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု FDI တွေ လျော့ကျ သွားခဲ့ပြီး လုပ်ငန်းများလည်း လျော့နည်းကျဆင်းလာကာ ပို့ကုန်ပမာဏ လျော့ကျ ခဲ့သည့်အပြင် ပို့ကုန်အမျိုးအစား မှာလည်း တိုးတက်မှု နှောင့်နှေးခဲ့ကြရပါတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI နဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ FDI ဟာ (၁၀)နိုင်ငံမှာ နံပတ်(၈) အဆင့်သာရှိပြီး ရာခိုင်နှုန်းအားဖြင့် (၁.၂)ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကုန်သွယ်မှုကို ကြည့်ရင်လည်း စီးပွားရေးကို ဘက်စုံပိတ်ဆို့ထားသည့်အတွက် ၁၉၈၈ -၁၉၈၉ ဘဏ္ဍာရေး နှစ်မှစပြီး ၁၉၉၇ -၁၉၉၈ ထိ (၉)နှစ်အတွင်း နှစ်စဉ်ကုန်သွယ်ရေးလိုငွေပြမှုများ များစွာပေါ်ပေါက်ခဲ့ရပါတယ်။ ၁၉၉၃-၁၉၉၄ မှ ၁၉၉၈-၁၉၉၉ ထိ ကုန်သွယ်ရေး လိုငွေပြမှုများဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ ၁၉၉၆-၁၉၉၇ မှာ ကုန်သွယ်ရေးလိုငွေပြမှု ပမာဏဟာဒေါ်လာ သန်းပေါင်း (၁,၀၆၄)၊ ၁၉၉၇-၁၉၉၈ မှာ ဒေါ်လာ သန်းပေါင်း(၁,၂၇၃)၊ ၁၉၉၈-၁၉၉၉ မှာ ဒေါ်လာသန်းပေါင်း (၁,၆၂၀)ထိ လိုငွေပြခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုများ လွန်စွာနည်းပါးလာသည့် အတွက် ကုန်ထုတ်လုပ်မှုများလည်း အားပျော့လာကာ ကုန်ဈေးနှုန်းမှာ မြင့်တက်လာခဲ့သဖြင့် ငွေဖောင်းပွမှုနှုန်း လည်း မြင့်တက်လာခဲ့ပါတယ်။ မိမိထုတ်ကုန်ထက် ပြည်ပမှ ၀ယ်ယူတင်သွင်းရတာက ပိုမိုများပြားလာတာကြောင့် ကျပ်ငွေတန်ဖိုးမှာလည်း တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ ပြည်ပဈေးကွက် မှာ အမေရိကန် တစ်ဒေါ်လာဟာ ၁၉၈၈ ခုနှစ်မှာ (၄၃)ကျပ်သာ ရှိသေးသော်လည်း စီးပွားရေးပိတ်ဆို့ပြီးနောက်ပိုင်း ၁၉၉၀ ခုနှစ်မှာ (၆၂.၃၀) ကျပ်၊ ၁၉၉၂ ခုနှစ်မှာ (၁၀၅.၅၀)ကျပ်၊ ၁၉၉၅ ခုနှစ်မှာ (၁၂၀.၄)ကျပ်၊ ၁၉၉၈ ခုနှစ်တွင် (၃၄၄.၉၀)ကျပ်၊ ၂၀၀၀ ပြည့်နှစ်မှာ (၄၅၀)ကျပ်၊ ၂၀၀၁ ခုနှစ်မှာ (၈၀၀)ကျပ်၊ ၂၀၀၂ ခုနှစ်မှာ (၁၃၀၀)ကျပ်၊ ၂၀၀၅ ခုနှစ်မှာ (၁၁၀၀)ကျပ်နှင့် ၂၀၀၇ ခုနှစ်မှာ (၁၂၀၀)ကျပ် အသီးသီးမြင့်တက်ခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအားလုံးဟာ ဒီစီးပွားရေးပိတ်ဆို့မှု ကြောင့် ဖြစ်ပွားခဲ့တဲ့ အကျိုးဆက်များကို ခါးသီးစွာခံစားခဲ့ရပါတယ်။
နောက်တစ်ချက်ထောက်ပြလိုတာက အလုပ်လက်မဲ့ကိစ္စပါ။ အထည်ချုပ်စက်ရုံတွေ၊ လုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ပြန်လည်ရုပ်သိမ်းတုန်းက အလုပ်သမားပေါင်း (၈၀,၀၀၀)ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ လူ့အခွင့်အရေး တွက်သလိုလိုက်ပြီးတွက်မယ်ဆိုရင်တော့ ဒီအလုပ်သမားတွေရဲ့ မိဘနဲ့ သားသမီးတွေကိုပါထည့်ပြီး တွက်ရင် တကယ့်ကိုရင်လေးစရာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာတော့ ကောင်းတာလုပ်ရင်၊ ကုသိုလ်ဖြစ်တယ်၊ မကောင်းတာလုပ်ရင် အကုသိုလ်ဖြစ်တယ်။ အဲဒီတော့ လုပ်ငန်းတွေ တမင်ရုပ်သိမ်းပြီး လူပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်စေကာ၊ မိသားစုတွေပါ စားရေးသောက်ရေး အခက်အခဲ ကြုံတွေ့ရတဲ့အထိ ဖြစ်စေတာဟာ ပြုသူအဖို့ အကုသိုလ်တွေကြီးပါဘဲလားလို့ တွေးမိပါတယ်။
ထို့အတူ ပညာရေးကဏ္ဍမှာလည်း နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အကူအညီမရခြင်း၊ မြန်မာ ကျောင်းသားများ သွားရောက်ပညာသင်ယူခွင့်မရခြင်း၊ ခေတ်မီနည်းပညာနှင့် အတတ်ပညာများအား မြန်မာနိုင်ငံ သားများ သင်ကြားလေ့လာရန် အခွင့်အလမ်းနည်းပါးခြင်း၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းများ အခမဲ့ဆောက်လုပ်ပေးမည့် အစီအစဉ်ရပ်ဆိုင်းသွားခြင်းစတဲ့ ထိခိုက်နစ်နာမှုများလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ကျန်းမာရေးကဏ္ဍကိုကြည့်ရင်လည်း WHO ကဲ့သို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများရဲ့ ဆေးဝါးနှင့် နည်းပညာ အကူအညီများမရရှိတဲ့အတွက် နိုင်ငံရဲ့ ကျန်းမာရေးဆောင်ရွက်မှု အဆင့်အတန်းကို ပြည့်မီစွာ မရရှိသည့်အတွက် နိုင်ငံ၏ကျန်းမာရေးဆောင်ရွက်မှု အဆင့်အတန်းကို ပြည့်မီစွာဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိခြင်း၊ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများ နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားတာကြောင့် နယ်စပ်ဒေသတိုင်းရင်းသားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုမိုထိခိုက်စေခဲ့ရကြောင်း ဖော်ပြလိုပါတယ်။ အကုသိုလ်မဖြစ်စေဘဲ ကုသိုလ်များစွာရရှိစေရေးအတွက် Change လုပ်သင့်ပါကြောင်းအကြံပြုလိုပါတယ်။သို့သော် ကျွန်တော်တို့ မြန်မာလူမျိုး တို့မှာ ခံယူထားချက်တစ်ခုရှိပါတယ်။ ဒါဟာ စိတ်ထားကောင်းသူ ဟာ ကံကောင်းတတ်တယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ အခက်အခဲတွေကြားက ရုန်းကန်ကြိုးစားရင်း ၁၉၉၈-၁၉၉၉ခုနှစ်တွင် ကမ်းလွန်ပင်လယ်ပြင်မှ ရတနာနဲ့ ရဲတံခွန် လုပ်ကွက်တွေကနေ သဘာဝဓာတ်ငွေ့ အမြောက် အများထွက်ရှိခဲ့ပြီး ၂၀၀၀-၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ ဓာတ်ငွေ့ကနေ နိုင်ငံခြားငွေများစွာရရှိခဲ့တဲ့ အတွက် စီးပွားရေးပြန်လည်မြင့်တက်လာကာ အသက်ရှူချောင်ခဲ့ရကြောင်း ရိုးသားစွာ ဖော်ပြလိုပါတယ်။ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေကို အခြားမိတ်ဆွေနိုင်ငံများနဲ့ပေါင်းပြီး လုပ်ကိုင်ခဲ့တာကြောင့် အလွန်အမင်း လိုအပ်လှပါတယ်ဆိုတဲ့ စွမ်းအင်ကဏ္ဍဟာ သိသိသာသာအောင်မြင်လာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုး များဟာ မည်သူနှင့်မဆို ခင်ခင်မင်မင်ပေါင်းသင်းဆက်ဆံလိုသော ဆန္ဒရှိကြပါတယ်။ မည်သူကိုမျှ ပစ်ပစ်ခါခါ မုန်းတီးခြင်း၊ မနှစ်မြို့ခြင်း၊ မပြုလုပ်တတ်ကြပါဘူး။ ယခုအခါ အကြောင်းအမျိုးမျိုး ကြောင့် အခြေအနေပေးခဲ့ပြီမို့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ သင့်သင့်မြတ်မြတ်ပေါင်းသင်းဆက်ဆံလို ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှစ်ပေါင်း(၂၀)ကျော်ကြာ မရရှိခဲ့တဲ့ ဒီအခြေအနေမျိုးမှာ နှစ်နိုင်ငံပွင့်ပွင့် လင်းလင်းဖြင့် တိုက်ရိုက်ဆက်ဆံဆွေးနွေး ခဲ့ကြတာဟာ ကောင်းသောလက္ခဏာဖြစ်သော်လည်း စီးပွားရေးကို ဆက်လက်ပိတ်ပင်ထားမယ်ဆိုတဲ့ အချက် ကတော့ နဲနဲတရားလွန်ရာကျမယ်လို့ထင်မိပါတယ်။ မတရားဘူးလို့ဘဲ ထင်မိမှာ မမှားပါဘူး၊ ပြည်သူတွေဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် နှစ်ပေါင်း(၂၀)ကျော်ကြာ ခံစားလာခဲ့ရတာကိုထောက် ရှုပြီးတော့ စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးပြီး နှစ်ဦးနှစ်ဖက်ပြေလည်စေမဲ့ နည်းလမ်းကောင်းတွေနဲ့ Change ပြုလုပ်သင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။ မြန်မာစကားမှာ ဆိုရိုးရှိပါတယ်။ “ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဆိုသလိုပေါ့ဗျာ။
ရွှေမြန်မာကိုချစ်သူ

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, October 07, 2010

ပေတစ်ရာလမ်းပေါ်မှာ လမ်းလျှောက်ရင်း လမ်းပျောက်နေသူများ


စစ်အစိုးရပြုလုပ်မယ့် ရွေးကောက်ပွဲအတိုင်မှီ ၀ါဒဖြန့်ရုပ်ရှင်ကားများ အများအပြား လူထုအကြားတွင် ပေါ်ထွက်လာပါတယ်။ ၄င်းဇတ်ကားများထဲမှာတော့ ဒုတိယဗိုလ်မှူးကြီးဟောင်း တင်သန်းဦး ရိုက်ကူးသည့် ``အာရုဏ်ဦးမှာဖူးသည့်ကြာ´´ဇာတ်ကားမှာ ပေါ်ပြူလာအဖြစ်ဆုံးပါပဲ။ အခုတစ်လောတွင်လည်း မြန့်မာ့အသံ၊ မြ၀တီ၊ မြန်မာအင်တာနေရှင်နယ်(MI) စသည့် ၀ါဒဖြန့်တီဗီလိုင်းများတွင်လည်း ခပ်စိပ်စိပ် ပြသလျက်ရှိပါတယ်။
ယင်းဇာတ်ကားတွင် ဦးသန့်အရေးခင်းသည် ဆူပူချင်သူများကအကြောင်းမရှိ အကြောင်းရှာကာ ဆူပူကြသည် ဟူ၍လည်းကောင်း၊ ပြည်ပ အခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန် ကြောင်း ပြောဆိုထားသည်။
ခိုင်သင်းကြည်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်ပါတီစနစ် ကို မကြိုက် သောကြောင့် အများနည်းတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးခဲ့ရကြောင်း၊ ကိုယ်ပိုင်ဆန္ဒဖြင့် မဲထည့် ခြင်းမျိုးမဟုတ်ဘဲ အများကိုမလွန်ဆန်နိုင်သဖြင့်သာ မဲပေးရသည့်ပုံစံဖြင့် သရုပ်ဆောင်ထားသည်။
ခုံဖိနပ်စီး၍ ပင်နီအင်္ကျီဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးကြောင်း စသည်တို့လည်း ယင်းဇာတ်ကားတွင် ပါရှိသည်။ ၇၅ ကျပ်တန် ၊ ၂၅ ကျပ်တန် များမှာလည်း သောင်းကျန်းသူတို့လက်ထဲတွင် အတုများစွာရှိနေသောကြောင့် သိမ်းရကြောင်း ရိုက်ကူးထားပါတယ်။
၎င်းဇာတ်လမ်းထဲတွင် ပါဝင်သရုပ်ဆောင်ထားသည့် မင်းသား မင်းသမီးများထဲတွင် ခန့်စည်သူကလည်း ပိုက်ဆံချမ်းသာသူတစ်ဦး ဖြစ်ပါတယ်။ သူ့အတွက်ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်လျှင်လည်း အေးဆေးပါ။ ကိုဇာဂနာ(သူရ)တို့ဆို ထောင်ထဲမှာ နေနိုင်လာတာပဲလေ။ ဘာတွေကိုမက်နေတာလဲ ကြောက်လို့လားတော့ မသိပါ။
ဒီဇာတ်ကားထဲမှာ နာမည်ကြီးမင်းသား၊ မင်းသမီးများကိုခေါ်ယူ ရိုက်ကူးထားပါတယ်။ မင်းသား၊ မင်းသမီးများမှာ ဘာကိုမျှော်လင့်ပြီး ပါဝင်ခဲ့ခြင်းကို မသိရပါ။ ထိုဇာတ်ကားကို မြို့ ၊ ကျေးရွာများတွင် တစ်လကျော်ကျော် ရိုက်ကူးခဲ့ပါတယ်။ ရရှိမည့်ဖုန်းပါမစ်၊ ကားပါမစ်များ၏ တန်ဖိုးမှာလည်း ဘာမှမများပါဘူး။ ဇာတ်ကားထဲတွင် ပါဝင်ခဲ့သည့် နာမည်ကြီးမင်းသား၊ မင်းသမီးများအတွက် အခုလိုမျိုး (၃)ရက်နှင့်တစ်ကား (ရုပ်ရှင်/ဗွီဒီယို)ရိုက်နေသည့် ခေတ်ကြီးတွင် (၁)လကြာ ရိုက်ပါက သိန်း(၁၀၀)မှ (၁၅၀)မှာပြေးမလွတ်ပါဘူး။ ဒီလိုဆို ငွေကိုမျှော်လင့်၍ ပါဝင်သရုပ်ဆောင်ခြင်းမဟုတ်ပါက ဘာကိုသူတို့မျှော်လင့်ခဲ့ကြသလဲ။ အကယ်ဒမီ ကိုမျှော်လင့်ပြီး ရိုက်ကူးခဲ့ ကြတာလား။ အဲဒီလိုမျိုးစုံ စဉ်းစား တွေးတော မိခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုဇာတ်ကားထဲမှ မင်းသား မင်းသမီးများမှာ အမေရိကန်၊ အင်္ဂလန်နိုင်ငံများသို့ လာရောက်ပြီး ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ အင်္ဂလန်တွင် လန်ဒန်နှင့် မန်ချက်စတာမြို့များမှ မြန်မာများက နေတိုးနှင့် ထွန်းထွန်းကို ၀ိုင်းဝန်းဆန္ဒခဲ့ပါတယ်။ သို့သော်လည်း လန်ဒန်မြို့မှာ ပြုလုပ်ခဲ့သည့် နေတိုးပါဝင်တဲ့ အငြိမ့်ပွဲမှာတော့ လူ(၂၀၀)လောက် လာရောက်အားပေးကြပါတယ်။စစ်အစိုးရ၏၀ါဒဖြန့်ပါဝင်သော ဆန်ဖရန်စစ္စကိုစတိတ်ရှိုးကို အယ်လ်အေမှ အပေါင်းအဖော်များနှင့် ပျော်ပျော်ရွှင်ရွှင် အရောက်လာအားပေးသူမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာ(သူရ)၏ သား၊ ရက်ပ်အဆိုတော်၊ မြတ်ကောင်း ခေါ် ကေကက်ရှ် နှင့် ကိုဇာဂနာ(သူရ)၏ သမီး ငယ်ဦးမွန်တို့ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံတွင် လာရောက်ဖျော်ဖြေသည့် ၀ိုင်းစုခိုင်သိန်းကိုလည်း အမေရိကန်နိုင်ငံရောက် မြန်မာများက ၀ိုင်းဝန်ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် အနုပညာသမားကြီး ကိုမျိုးချစ်မြန်မာနှင့် အပေါင်းအပါများကတော့ ခါးခါးသီးသီးငြင်းဆန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ၀ိုင်းစုခိုင်သိန်းတို့က ပျော်ပျော်ကြီးဖျော်ဖြေခဲ့ကြပါတယ်။ အခုဆို ပွဲဆက်တွေကိုများလို့ နေပြီပေါ့။ ၂၅ ရက်နေ့ကတောင် တစ်ပွဲဖျော်ဖြေလိုက်ပါသေးတယ်။
ဒီတစ်ခါတော့ သြဇီကို ခန့်စည်သူလာမယ်ဆိုပဲ။ လာလို့မရအောင် သြဇီနိုင်ငံခြားရေးဝန်ကြီးထံကို ကန့်ကွက်စာတွေ ပို့နေကြပါပြီ။ အခုလောလောဆယ် နိုင်ငံခြားရေးဝန်ကြီးက အသစ်မို့လို့ သူ့ထံပြန်လည်တင်ပြ ထားပါတယ်။ ကန့်ကွက်ထားသည့်ကြားကပင် ရောက်ရှိလာရင်လည်း ကိုဘုန်းကျော်က ဦးဆောင်ပြီး ပြင်းပြင်းထန်ထန် ဆန္ဒပြမှာပါပဲ။
ကျွန်တော်တို့ မင်းသားမင်းသမီးတွေကို နားလည်ပေးပါတယ်။ အစိုးရကို မလွန်ဆန်နိုင်လို့ ဒီလိုသရုပ်ဆောင်ရတယ်ဆိုပေမယ့် သမိုင်းအမှားကို နောင်လာနောက်သားတွေ တကယ်အမှန်လို့ ထင်ခဲ့ရင်တော့ အခုလိုသရုပ်ဆောင်ခဲ့တဲ့ မင်းသားမင်းသမီးများ ၊ ဇတ်ညွှန်းရေးသားသူ၊ ဒါရိုက်တာ နှင့်တကွ ၀ိုင်းဝန်းကူညီပံ့ပိုးသူတွေ အားလုံးတွင် တာဝန်ရှိကြောင်းသိစေချင်လို့ ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုသန့်ဇော်မှပြောခဲ့ပါတယ်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Tuesday, October 05, 2010

ဘယ်လမ်းရွေးမလဲ မောင်ရေခဲ

၂ဝဝ၁ ခုနှစ်စက်တင်ဘာ(၁၁)ရက်အမေရိကန်ကုန်သွယ်ရေးအဆောက်အအုံနှစ်ခု တိုက်ခိုက်ခံရပြီးတဲ့ အခါမှာ အလွန်အမင်းဒေါသထွက်နေတဲ့ အမေရိကန်သမ္မတဘုရှ်ဟာ အကြမ်းဖက်သမားများကို ချေမှုန်းဖို့ အကြောင်းပြပြီး ''အမေရိကန်ဘက်ကို လိုက်မှာလား၊ မလိုက်ရင် အကြမ်းဖက်သမားဘဲ၊ ငါ့နောက်မပါ ငါ့ရန်သူ'' လို့ ဗြောင်စိန်ခေါ်တဲ့စကားကိုပြောခဲ့တာ ကမ္ဘာကအသိပါဘဲ။ အမေရိကန်ရဲ့ ထီးရိပ်ကိုခိုနေတဲ့ နိုင်ငံများ သာမက ကမ္ဘာ့နိုင်ငံအများအပြားဟာ အမေရိကန်သမ္မတရဲ့ စကားကို ''လက်ညှိုးထောင်ခေါင်းညိမ့်'' လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ထောက်ခံချက် မှန်/မမှန်ကို လက်ရှိအာဖဂန်နစ္စတန်စစ်ပွဲက သက်သေပြနေတယ်။ ဘုရှ်ရဲ့ ဒေါသပါပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်ဟာ အာဖဂန်ပြည်သူတွေ၊ မဟာမိတ်နိုင်ငံ များနဲ့ အမေရိကန် စစ်သည်တွေရဲ့ အသက်ပေါင်းမြောက်များစွာကို သေမိန့်ချမှတ်သလိုဖြစ်ခဲ့ပြီး အမေရိကန်ပြည်တွင်းမှာလည်း စီးပွားရေးအကျပ်အတည်းများကို ပေါ်ပေါက်စေခဲ့တာ အမှန်ပါဘဲ။အမေရိကန်သမ္မတတွေထဲမှာ အညံ့ဆုံးသမ္မတတစ်ဦးအဖြစ် စာရင်းဝင်ခဲ့တဲ့ဘုရှ်ဟာ သူ့ရဲ့ မိုက်တွင်းနက်တဲ့ ဆောင်ရွက်မှုတွေကို နောင်တမရဘဲ အခြားနိုင်ငံများကိုပါ လှည့်ရမ်းတဲ့ လူမိုက်အတွေးအခေါ် တွေကို ဆက်လက်ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ မူးယစ်ဆေးဝါး၊ ကလေးစစ်သား၊ အတင်းအဓမ္မအလုပ်ခိုင်းစေခြင်း စတဲ့ကျည်ဆန်တွေနဲ့ ဒလစပ်ပစ်ခတ်ပြီး အရေးယူပိတ်ဆို့မှု ဆိုတဲ့တိုက်ကွက်တွေကို ဆက်တိုက်ဆိုသလိုဘဲ ဖော်ဆောင်ခဲ့တယ်။ ဘုရှ်ရဲ့ ''ငါ့နောက်မပါ ငါ့ရန်သူ'' အယူအတိုင်း နောက်လိုက်နိုင်ငံများကလည်း ချဲ့ကားပြောကြားမှုတွေအောက်မှ လက်ညှိုးထောင် ခေါင်းညိမ့် သံယောင်လိုက်ခဲ့ ကြတယ်။ ဒါပေမဲ့လည်း လက်ရှိမြန်မာပြည်ရဲ့အခြေအနေကို ကြည့်ရတာကတော့ ''ပစ်တိုင်းထောင်'' လိုမားမားမတ်မတ်ရပ်တည် နေပုံပါဘဲ။ အမေရိကန်နဲ့အနောက်နိုင်ငံများက သူတို့ကြိုးဆွဲရာ မကတဲ့အတွက် တင်းကြပ်တဲ့အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရဟာ သူ့ဦးတည်ချက် လမ်းကြောင်းအတိုင်း ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတာ တွေ့နေရတယ်။
အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေမှာ သေကြေခဲ့ကြတဲ့ အသက်ပေါင်းများစွာဟာ သမ္မတဘုရှ်ရဲ့ ''ဝမ်းနည်းပါတယ်'' ဆိုတဲ့ စကားလုံးတစ်လုံးနဲ့တင် ကျေနပ်ခဲ့ကြရတယ်။ မိမိရဲ့ ပြည်သူများ အသက်ဆုံးရှုံးမှုကို မကျေနပ်တဲ့လူတွေ၊ အဖိအနှိပ်ခံရတဲ့လူတွေက အမေရိကန်ရဲ့ဗိုလ်ကျစိုးမိုးမှုကို ရရာနည်းလမ်းဖြင့် ခုခံတိုက်ခိုက်တဲ့ အခါမှာ အဲလိုခုခံတိုက်ခိုက်သူတွေကို အကြမ်းဖက်သမားများအဖြစ် စွပ်စွဲပြီးတော့ မိမိရဲ့မှားယွင်းမှုကို အရှက်ပြေဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်။ ဒီပြဿနာတွေဟာ ဘာကြောင့်ဖြစ်လာတာလဲ။ အရင်က ကမ္ဘာမှာ အကြမ်းဖက်သမားဆိုတာ ဒုနဲ့ဒယ်နဲ့ မရှိခဲ့ဘူး။ ကမ္ဘာ့နိုင်ငံအချို့မှာ ပြည်တွင်းသူပုန်ဆိုတာကတော့ ရှိတတ်တာဘဲ။ အမေရိကန်ရဲ့ ''ကမ္ဘာ့ပုလိပ်ကြီးဝါဒ'' အသုံးပြုပြီးတဲ့နောက်မှာ မကျေနပ်ချက်တွေများလာပြီး အမေရိကန် ဆန့်ကျင်ရေးအဖွဲ့အစည်းတွေစုပေါင်းကာ အကြမ်းဖက်အဖွဲ့အစည်း ပေါ်ပေါက်လာတာဆိုရင် မှားမယ် မထင်ဘူး။ တစ်ကယ်လို့သာ ဘုရှ်ရဲ့ ဦးတည်ချက်မှန်ကန်မယ်၊ ရည်ရွယ်ချက် စေတနာကောင်းများ ထားရှိမယ်ဆိုရင် အီရတ်၊ အာဖဂန်နဲ့ ကမ္ဘာတစ်ဝန်းက အမေရိကန်နိုင်ငံဆိုရင် ''ရွှေပေါ်မြတင်''ထားမှာပေါ့။ ကြားထဲက အမေရိကန်နိုင်ငံသားတွေဟာ တော်တော်သနားဖို့ကောင်းတယ်။ ခေါင်းဆောင်တွေအသုံးမကျလို့ ကမ္ဘာတစ်လွှားမှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ခံနေရတယ်။ ဒီအကျိုးဆက်ကို အမေရိကန်နိုင်ငံသားတွေ ဘယ်အတိုင်းအတာ၊ ဘယ်ကာလအထိ ဆက်လက်ခံနေရမယ်ဆိုတာ မသိနိုင်ပါဘူးဗျာ။
အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကိုခံနေရတဲ့ နိုင်ငံတွေဟာ ဗိုလ်ကျစိုးမိုးမှုကို လက်မခံလိုတဲ့အတွက် ကြိမ်ဖန်များစွာ တုံ့ပြန်ခဲ့ကြတယ်။ ဝင်ရောက်စွက်ဖက်ခံရတဲ့ နိုင်ငံတွေမှာ စည်းလုံးညီညွတ်မှုတွေပျက်ပြားပြီး ကမောက်ကမ ဖြစ်ရတာတွေချည်းပါဘဲ။ သက်ဆိုင်ရာအစိုးရများက ကိုယ့်အစီအစဉ်နဲ့ကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှုကြောင့်သာ ပြဿနာများဟာ မဆိုးရွားခဲ့တာပါ။ အီရန်သမ္မတရွေးကောက်ပွဲကို အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံများက ဝင်ရောက်စွက်ဖက်ပြီး အတိုက်အခံခေါင်းဆောင်ကို ထောက်ခံကြောင်း မရှက်မကြောက် အတိအလင်းပြောကြားခဲ့တာ ဘာရည်ရွယ်ချက်လဲ။ အလားတူဘဲ ဇင်ဘာဘွေနိုင်ငံမှာလည်း သူတို့လိုလားတဲ့ အစိုးရတက်မလာရင် အသိအမှတ်မပြုနိုင်ဘူးလို့ တရားဝင်ကိုထုတ်ပြန်ကြေညာခဲ့တဲ့ အမေရိကန်နဲ့ အနောက် နိုင်ငံတွေရဲ့ ရပ်တည်ချက်ဟာ သူတို့ပြောနေတဲ့ နိုင်ငံကြီးသားစံညွှန်း ဘယ်စံညွှန်းနဲ့ကို တိုင်းတာရမှန်း မသိတော့ပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် အမေရိကန်ဟာ ''ငါ့နောက်မပါ ငါ့ရန်သူ'' ဆိုတဲ့ ဓာတ်ပြားဟောင်းကြီး အတိုင်း ဆက်လုပ်နေတယ်ဆိုတာ လက်တွေ့မှာ မြင်နေရတယ်။
မြန်မာပြည်သူများအနေနဲ့ လက်ရှိအခြေအနေကိုပြန်ကြည့်ရင် အမေရိကန်က မြန်မာနိုင်ငံကို ဘာထောက်ပံ့ကူညီမှု များပြုလုပ်ပေးခဲ့သလဲ။ အမေရိကန်တို့ဝင်ရောက်စွက်ဖက်မှုကြောင့် မြန်မာပြည်သူ အချင်းချင်း စိတ်ဝမ်းကွဲတာဘဲ အဖတ်တင်တာကို တွေ့ရတယ်။ အမေရိကန်ဟာ သူ့ရဲ့မူဝါဒကြီးကို လက်ကိုင်ပြုပြီး အာဆီယံအဖွဲ့ကြီးကိုလည်း သွေးခွဲဖို့ လုပ်ဆောင်နေတယ်။ အာဆီယံကို မက်လုံးပေး ဆွဲဆောင်နေမှုများဟာလည်း အာဆီယံအပေါ် သြဇာအာဏာ လွှမ်းမိုးမှုရှိတဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့နဲ့ အာဆီယံနိုင်ငံများရဲ့ ပြည်တွင်းရေးကို ထိန်းချုပ်လိုခြင်းဟာ အဓိကရည်ရွယ်ချက်ဘဲ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် မြန်မာပြည်သူများအနေနဲ့ မည်သူတွေက အမှန်တစ်ကယ် တိုင်းပြည်ကို အကျိုးပြုနေတယ်ဆိုတာကို အသေအချာ သိဖို့လိုလိမ့်မယ်။ အထူးသဖြင့် ပြည်ပနိုင်ငံများရဲ့ ''မစားရ ဝခမန်း'' မက်လုံးပေး ပြောကြားနေမှုများကို နားဝင်နေတဲ့သူများကို ပြောကြားလိုတယ်။ သင်တို့ကို အမေရိကန်နိုင်ငံက ယခုအချိန်မှာ ဘာတွေများ ကူညီပေးထားလဲ။ အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ ပိတ်ဆို့မှုများကြောင့် သင်တို့ရဲ့သားသမီးများ၊ မျိုးဆက်သစ်များ အနာဂတ်အခြေအနေကို ထိခိုက်စေနိုင်တာရော သိကြရဲ့လား။ ''လေဖမ်းဒန်းစီး''ပြီး သူများပြောတာ ယုံရင်တော့ လက်ရှိအီရတ်နဲ့ အာဖဂန်ပြည်သူများ ကြုံတွေ့နေရတဲ့ နေ့စဉ်အနိဌာရုံမြင်ကွင်းများကို ကိုယ်တိုင်ခံစားကြည့်ကြပါ။ ကာမဘီလူး အမေရိကန်စစ်သည် တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေကို ငမ်းငမ်းတက်လိုချင်ကြတဲ့သူတွေရဲ့ မြန်မာနိုင်ငံအပေါ် အဓိကထားရှိတဲ့ ရည်ရွယ်ချက်က ဘာတွေလဲ။ ဒါတွေကိုတော့ သေချာသုံးသပ်ဖို့ လိုအပ်လိမ့်မယ်။ ဒါကြောင့် ''ဘယ်လမ်းကိုရွေးမှာလဲ'' လို့ မေးချင်တယ်။ မြန်မာနည်းမြန်မာ့ဟန်နဲ့ သွားနေတဲ့ဒီမိုကရေစီလမ်းကို ရွေးမှာလား၊ ဒါမှမဟုတ် အီရတ်နဲ့ အာဖဂန်မှာ ပြည်သူတွေခံစားနေရတဲ့ အတိဒုက္ခတွေကို ရွေးချယ်မှာလား။ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုနေပြီ။ မြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေကိုသောက်၊ မြန်မာနိုင်ငံမှာကြီးပြင်းပြီး တိုင်းတစ်ပါးရဲ့ စေခိုင်းမှုတွေကို အားတက်သရော ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားအချို့ကို ပြောချင်တာကတော့ ယခုအချိန်ဟာ အရေးကြီးတဲ့ လမ်းဆုံကို ရောက်ရှိနေပြီဖြစ်တယ်။ ဒါကြောင့် ''လမ်းဆုံမှာ ဘယ်လမ်းရွေးမလဲ''လို့ ပြတ်ပြတ်သားသား မေးချင်တယ်။ လမ်းအရွေးမှားရင်တော့ လက်နက်အားကိုးနဲ့ ဗိုလ်ကျချင်တဲ့ ''အမေရိကန် ငပွကြီး''က အသင့်ဘဲဆိုတာကို မေ့မထားကြနဲ့ပေါ့ဗျာ။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, September 29, 2010

ဘုရားသခင် ဖန်ဆင်းပေးရင်တောင်မှ အပြစ်ပြောလွတ်မည်မထင်ပါ

ရှေးအခါတုန်းက “မြည်းတစ်ကောင်နှင့် သားဖနှစ်ယောက်” ဆိုတဲ့ ပုံပြင်လေးတစ်ခုကို ကြားခဲ့ဖူးကြ မှာပါ။ ခရီးတစ်ခုအသွားမှာ သားက မြည်းကိုစီးတော့ ဖခင်ကိုမှ ကိုယ်ချင်းမစာ၊ ဖခင်က မြည်းကို စီးတော့ သားကိုမှ မငဲ့ညှာ၊ သားအဖနှစ်ယောက်စလုံး စီးပြန်တော့ မြည်းမလေးကိုမှ မညှာတာ၊ လုံးဝ မစီးပြန်တော့ တုံးလိုက်ကြတာဆိုပြီးတော့ ဝေဖန်ရေးတွေ၊ လေကန်ရေးတွေ လုပ်ခဲ့ကြတဲ့ ပုံပြင်လေးတစ်ခုပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီနေ့ လိုတစ်မျိုး၊ မလိုတစ်မျိုး ဝေဖန်ရေး၊ လေကန်ရေးတွေ လုပ်နေကြတဲ့
ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ တို့လိုပေါ့လေ။
ဝေဖန်ရေး၊ လေကန်ရေးဆိုတာ ကိုယ်လိုချင်သလို ပြောလို့ရတဲ့ အပေါဆုံးအလုပ်တွေဖြစ်သလို ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုပြီး အကြံပြုသလိုလိုနဲ့ ဆရာကြီးလုပ်တတ်တဲ့ အလုပ်တွေဟာ အလွယ်ဆုံး အလုပ်တွေဖြစ်တယ်ဆိုတာ နေ့စဉ်နဲ့ အမျှ မြင်နေ၊ ကြားနေရတာ ဖြစ်ပါတယ်။ အပေါစား ဝေဖန်လေကန်တာ အကြံပြုတယ်ဆိုပြီး ဆရာကြီးလုပ်တာ လွယ်သလောက် တကယ်ကိုယ်တိုင် တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ နဖူးတွေ့ ဒူးတွေ့ တိုင်းပြည်အတွက် လုပ်ရတဲ့အလုပ်တွေဟာ အလေးထားရသလို အင်မတန် ခက်ခဲ သိမ်မွေ့လှပါတယ်။ မလုပ်တတ်ရင် တိုင်းပြည်ပြိုကွဲပြီး ဖျက်လို့မရတဲ့သမိုင်းကြောင်းမှာ အမှားတွေနဲ့ ကျန်ခဲ့မှာပဲ ဖြစ်ပါတယ်။ ဒီလိုအစစ ချင့်ချိန်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်နေတာတွေကို အစကနေ အဆုံး စောင့်မကြည့်ဘဲ အပေါစား ဝေဖန်မှုပြုတာတွေ တပည့်မွေးချင်တာကြောင့် ဆရာကြီးလုပ်တာတွေဟာ မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက် ဝေဖန်ရေးလုပ်ခဲ့ကြသလို ပြောတတ်တာကတော့ ဘီဘီစီတို့၊ ဗွီအိုအေတို့၊ အာရ်အက်ဖ်အေ တို့ဟာ တကယ့်ကို ဆရာကြီးတစ်ဆူလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ စစ်အစိုးရက သူတို့ပြောထားတဲ့ Road Map ပါအတိုင်း အဆင့်(၅)ဖြစ်တဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးတော့မှာမို့လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့တာ ကြားသိမြင်တွေ့ခဲ့ရပါတယ်။ စစ်အစိုးရက ပြည်သူ တွေကိုယ်တိုင် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ကြေညာပေးလိုက်တာပဲ မဟုတ်ပါလား။ ဒါကြောင့်လဲ စစ်တပ်ဆိုတာ မလုပ်နိုင်တာကိုလည်း မပြောဘူး၊ ပြောပြီးပြီဆိုရင်လည်း ရေဆုံး မြေဆုံး တိတိကျကျ ဆောင်ရွက် တတ်တယ်ဆိုတာကို သာဓကပြလိုက်တာပဲ မဟုတ်ပါလား။
အလုပ်တိုင်းမှာ အဆင့်တွေဆိုတာ ရှိပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်ဆိုတာ ရှိပါတယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ မရပါဘူး။ အတိုင်းအတာတစ်ခုထိတော့ စိတ်ရှည်ရမှာပါ။ စစ်အစိုးရ ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးဖို့အတွက် Road Map ဆိုတဲ့ လမ်းပြမြေပုံကို ဟိုးလွန်ခဲ့တဲ့(၇)နှစ် လောက်က ၂၀၀၃ခုနှစ် ၀န်းကျင်မှာ ကမ္ဘာကိုချပြခဲ့ပြီးဖြစ်ပါတယ်။ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်သမိုင်းကြောင်းနဲ့ကိုက်ညီတဲ့ မူဝါဒရည်မှန်းချက်ဆိုတာ ရှိသလို၊ ဒါကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ရှိနေရမှာဖြစ်ပါတယ်။ ပြီးတော့မှ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရမယ့် လုပ်ငန်းစည်းမျဉ်း အဆင့်ဆင့်လုပ်ငန်းတာဝန်တွေလည်း ဆောင်ရွက်သွားမှသာ မှန်ကန်တဲ့အောင်မြင်မှုကို ရရှိမှာဘဲ ဖြစ်ပါတယ်။ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ဆိုပြီး လက်တန်းလုပ်လို့ မရဘူးဆိုတာ ကမ္ဘာအနှံ့ ဖြန့်ကြက်ဝေဖန် ပုတ်ခတ်တတ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေတို့ သိကြလိမ့်မယ် ထင်ပါတယ်။
ဒါကိုပဲ Road Map ဆိုတာ စစ်အစိုးရက ချပြတဲ့အခါမှာ စစ်တပ်က အာဏာလွှဲမပေးချင်လို့ အချိန်ဆွဲနေတာတို့ ၁၉၉၀ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပေးပါတို့ စတဲ့ သူခိုးလမ်းပြ ဝေဖန်မှုတွေ လုပ်ခဲ့ကြတာ မမေ့တတ်ရင် မှတ်မိကြမှာပါ။ ကိုယ်ပြောခဲ့တာကို ပြန်စဉ်းစားကြည့်ရင် ဘယ်လောက်ရှက်ဖို့ ကောင်းတယ်ဆိုတာ ကြာလာလေလေ သိသာလာလေလေ ပေါ်လွင်လာမှာပါ။ အခုလည်း စစ်အစိုးရက အဆင့်(၅) ကိုဆောင်ရွက်ဖို့ဥပဒေတွေထုတ်ပြန်တဲ့အပေါ်မှာနိုင်ငံတကာက လက်မခံသင့်ကြောင်း၊ တရားမျှတမှု မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က မှန်မှန်ကန်ကန်ဖြင့် စနစ်တကျလုပ်ဆောင်မှုကိုပင် မလုပ်ခင်ကတည်းက ပုတ်ခတ်မှုတွေ ပြုလုပ် နေတာ ဘီဘီစီကနေ ဘေးတီးတာတွေ လုပ်လာတာ ကြားသိရပြန်ပါတယ်။ ရှေ့လျောက် ဘယ်လောက်ထိများ မဟုတ်မမှန် ဝေဖန်ရေးတွေ လုပ်လာဦးမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူအထင်တော့ မြန်မာနိုင်ငံကိစ္စအ၀၀တွေကို အစစ အဆင်ပြေအောင် ဘုရားသခင်က ဖန်ဆင်းစီစဉ် ပေးမယ်ဆိုရင်တောင်မှ ဘီဘီစီတို့၊ ဗွီအိုအေတို့ အာရ်အက်ဖ်အေတို့ရဲ့ အပြစ်ပြောတာက လွတ်မယ်လို့ မထင်တော့ပါဘူး။
ဒီနေရာမှာ စဉ်းစားစရာတစ်ခု တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတစ်ခုတည်းမှာ မနေ့တစ်နေ့ကမှ စစ်တပ်ထဲရောက်ပြီး စစ်သက်လေး(၃)နှစ်လောက်အတွင်းမှာ ငွေကြေးလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ၊ စစ်စည်းကမ်းဖောက်ဖျက်မှုတွေ ကျူးလွန်ပြီး စစ်ပြေးဖြစ်သွားတဲ့ တပ်ပြေး ဗိုလ်ရဲထက် ကို ဗွီအိုအေအသံလွှင့်ဌာန ဦးသန်းလွင်ထွန်းကနေပြီး မျိုးချစ်တပ်မတော်သားတစ်ဦးရဲ့ ရင်ဖွင့်စကားဆိုပြီး ချက်ချင်းပဲ နိုဘယ်ဆုတွေ ပေးရတော့မလိုလို ထုတ်ပြန်သွားတာ ကြားလိုက်ရပါတယ်။ သိပ်တော်နေရင်လည်း ဦးသန်းလွင်ထွန်းရယ် လူကြီးမင်းရဲ့ နှမနဲ့ ပေးစားကြည့်လိုက်ပါ။ တို့နိုင်ငံမှာတော့ ဒီလို စည်းပျက်၊ ကမ်းပျက် လူကြီးမင်းရဲ့ ယောက်ဖ စစ်ပြေးတစ်ယောက်ကို ချီးကျူးစရာမရှိပါဘူးလို့ဘဲ ပြောလိုက်ပါရစေ။
တကယ်ဆိုရင် လူကြီးမင်းတို့ အသံလွှင့်ဌာနတွေအနေနဲ့ အမေရိကန်တို့ နေတိုးအဖွဲ့ဝင်တို့ မှားယွင်းပစ်ခတ်မှုကြောင့် အာဖဂန်နဲ့ အီရတ်မှာ သေကြေခဲ့ကြရတဲ့ ကလေးငယ်နဲ့ လူထုတွေရဲ့ မိသားစုတွေကို သွားတွေ့ပြီး အားပေးသင့်တာပါ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုပေးလိုက်စမ်းပါ။ အမေရိကန် နဲ့ နေတိုးတို့ရဲ့ မှားယွင်းခဲ့တဲ့ အမှားတွေအပေါ်မှာ ဖော်ထုတ်ပြီး တစ်ကမ္ဘာလုံးသိအောင် အရေးယူအောင် တင်ပြလိုက်စမ်းပါလို့ ပြန်ပြီး အကြံပြုလိုက်ချင်ပါတယ်။ ဒါကြောင့်လည်း စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာရောက်နေတဲ့ မြန်မာနိုင်ငံအပေါ် မရောင်ရာ ဆီလူး ဝေဖန်ရေး လေကန်ရေးတွေ လုပ်မနေပါနဲ့တော့လို့ဘဲ ပြောလိုက်ပါရစေ။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

ဘုရားသခင် ဖန်ဆင်းပေးရင်တောင်မှ အပြစ်ပြောလွတ်မည်မထင်ပါ

ရှေးအခါတုန်းက “မြည်းတစ်ကောင်နှင့် သားဖနှစ်ယောက်” ဆိုတဲ့ ပုံပြင်လေးတစ်ခုကို ကြားခဲ့ဖူးကြ မှာပါ။ ခရီးတစ်ခုအသွားမှာ သားက မြည်းကိုစီးတော့ ဖခင်ကိုမှ ကိုယ်ချင်းမစာ၊ ဖခင်က မြည်းကို စီးတော့ သားကိုမှ မငဲ့ညှာ၊ သားအဖနှစ်ယောက်စလုံး စီးပြန်တော့ မြည်းမလေးကိုမှ မညှာတာ၊ လုံးဝ မစီးပြန်တော့ တုံးလိုက်ကြတာဆိုပြီးတော့ ဝေဖန်ရေးတွေ၊ လေကန်ရေးတွေ လုပ်ခဲ့ကြတဲ့ ပုံပြင်လေးတစ်ခုပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီနေ့ လိုတစ်မျိုး၊ မလိုတစ်မျိုး ဝေဖန်ရေး၊ လေကန်ရေးတွေ လုပ်နေကြတဲ့
ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ တို့လိုပေါ့လေ။
ဝေဖန်ရေး၊ လေကန်ရေးဆိုတာ ကိုယ်လိုချင်သလို ပြောလို့ရတဲ့ အပေါဆုံးအလုပ်တွေဖြစ်သလို ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုပြီး အကြံပြုသလိုလိုနဲ့ ဆရာကြီးလုပ်တတ်တဲ့ အလုပ်တွေဟာ အလွယ်ဆုံး အလုပ်တွေဖြစ်တယ်ဆိုတာ နေ့စဉ်နဲ့ အမျှ မြင်နေ၊ ကြားနေရတာ ဖြစ်ပါတယ်။ အပေါစား ဝေဖန်လေကန်တာ အကြံပြုတယ်ဆိုပြီး ဆရာကြီးလုပ်တာ လွယ်သလောက် တကယ်ကိုယ်တိုင် တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ နဖူးတွေ့ ဒူးတွေ့ တိုင်းပြည်အတွက် လုပ်ရတဲ့အလုပ်တွေဟာ အလေးထားရသလို အင်မတန် ခက်ခဲ သိမ်မွေ့လှပါတယ်။ မလုပ်တတ်ရင် တိုင်းပြည်ပြိုကွဲပြီး ဖျက်လို့မရတဲ့သမိုင်းကြောင်းမှာ အမှားတွေနဲ့ ကျန်ခဲ့မှာပဲ ဖြစ်ပါတယ်။ ဒီလိုအစစ ချင့်ချိန်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်နေတာတွေကို အစကနေ အဆုံး စောင့်မကြည့်ဘဲ အပေါစား ဝေဖန်မှုပြုတာတွေ တပည့်မွေးချင်တာကြောင့် ဆရာကြီးလုပ်တာတွေဟာ မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက် ဝေဖန်ရေးလုပ်ခဲ့ကြသလို ပြောတတ်တာကတော့ ဘီဘီစီတို့၊ ဗွီအိုအေတို့၊ အာရ်အက်ဖ်အေ တို့ဟာ တကယ့်ကို ဆရာကြီးတစ်ဆူလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ စစ်အစိုးရက သူတို့ပြောထားတဲ့ Road Map ပါအတိုင်း အဆင့်(၅)ဖြစ်တဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးတော့မှာမို့လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့တာ ကြားသိမြင်တွေ့ခဲ့ရပါတယ်။ စစ်အစိုးရက ပြည်သူ တွေကိုယ်တိုင် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ကြေညာပေးလိုက်တာပဲ မဟုတ်ပါလား။ ဒါကြောင့်လဲ စစ်တပ်ဆိုတာ မလုပ်နိုင်တာကိုလည်း မပြောဘူး၊ ပြောပြီးပြီဆိုရင်လည်း ရေဆုံး မြေဆုံး တိတိကျကျ ဆောင်ရွက် တတ်တယ်ဆိုတာကို သာဓကပြလိုက်တာပဲ မဟုတ်ပါလား။
အလုပ်တိုင်းမှာ အဆင့်တွေဆိုတာ ရှိပါတယ်။ သင့်တင့်လျောက်ပတ်တဲ့ အချိန်ဆိုတာ ရှိပါတယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်လို့ မရပါဘူး။ အတိုင်းအတာတစ်ခုထိတော့ စိတ်ရှည်ရမှာပါ။ စစ်အစိုးရ ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးဖို့အတွက် Road Map ဆိုတဲ့ လမ်းပြမြေပုံကို ဟိုးလွန်ခဲ့တဲ့(၇)နှစ် လောက်က ၂၀၀၃ခုနှစ် ၀န်းကျင်မှာ ကမ္ဘာကိုချပြခဲ့ပြီးဖြစ်ပါတယ်။ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်သမိုင်းကြောင်းနဲ့ကိုက်ညီတဲ့ မူဝါဒရည်မှန်းချက်ဆိုတာ ရှိသလို၊ ဒါကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ရှိနေရမှာဖြစ်ပါတယ်။ ပြီးတော့မှ လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ရမယ့် လုပ်ငန်းစည်းမျဉ်း အဆင့်ဆင့်လုပ်ငန်းတာဝန်တွေလည်း ဆောင်ရွက်သွားမှသာ မှန်ကန်တဲ့အောင်မြင်မှုကို ရရှိမှာဘဲ ဖြစ်ပါတယ်။ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး ဆိုပြီး လက်တန်းလုပ်လို့ မရဘူးဆိုတာ ကမ္ဘာအနှံ့ ဖြန့်ကြက်ဝေဖန် ပုတ်ခတ်တတ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေတို့ သိကြလိမ့်မယ် ထင်ပါတယ်။
ဒါကိုပဲ Road Map ဆိုတာ စစ်အစိုးရက ချပြတဲ့အခါမှာ စစ်တပ်က အာဏာလွှဲမပေးချင်လို့ အချိန်ဆွဲနေတာတို့ ၁၉၉၀ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပေးပါတို့ စတဲ့ သူခိုးလမ်းပြ ဝေဖန်မှုတွေ လုပ်ခဲ့ကြတာ မမေ့တတ်ရင် မှတ်မိကြမှာပါ။ ကိုယ်ပြောခဲ့တာကို ပြန်စဉ်းစားကြည့်ရင် ဘယ်လောက်ရှက်ဖို့ ကောင်းတယ်ဆိုတာ ကြာလာလေလေ သိသာလာလေလေ ပေါ်လွင်လာမှာပါ။ အခုလည်း စစ်အစိုးရက အဆင့်(၅) ကိုဆောင်ရွက်ဖို့ဥပဒေတွေထုတ်ပြန်တဲ့အပေါ်မှာနိုင်ငံတကာက လက်မခံသင့်ကြောင်း၊ တရားမျှတမှု မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က မှန်မှန်ကန်ကန်ဖြင့် စနစ်တကျလုပ်ဆောင်မှုကိုပင် မလုပ်ခင်ကတည်းက ပုတ်ခတ်မှုတွေ ပြုလုပ် နေတာ ဘီဘီစီကနေ ဘေးတီးတာတွေ လုပ်လာတာ ကြားသိရပြန်ပါတယ်။ ရှေ့လျောက် ဘယ်လောက်ထိများ မဟုတ်မမှန် ဝေဖန်ရေးတွေ လုပ်လာဦးမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူအထင်တော့ မြန်မာနိုင်ငံကိစ္စအ၀၀တွေကို အစစ အဆင်ပြေအောင် ဘုရားသခင်က ဖန်ဆင်းစီစဉ် ပေးမယ်ဆိုရင်တောင်မှ ဘီဘီစီတို့၊ ဗွီအိုအေတို့ အာရ်အက်ဖ်အေတို့ရဲ့ အပြစ်ပြောတာက လွတ်မယ်လို့ မထင်တော့ပါဘူး။
ဒီနေရာမှာ စဉ်းစားစရာတစ်ခု တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတစ်ခုတည်းမှာ မနေ့တစ်နေ့ကမှ စစ်တပ်ထဲရောက်ပြီး စစ်သက်လေး(၃)နှစ်လောက်အတွင်းမှာ ငွေကြေးလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေ၊ စစ်စည်းကမ်းဖောက်ဖျက်မှုတွေ ကျူးလွန်ပြီး စစ်ပြေးဖြစ်သွားတဲ့ တပ်ပြေး ဗိုလ်ရဲထက် ကို ဗွီအိုအေအသံလွှင့်ဌာန ဦးသန်းလွင်ထွန်းကနေပြီး မျိုးချစ်တပ်မတော်သားတစ်ဦးရဲ့ ရင်ဖွင့်စကားဆိုပြီး ချက်ချင်းပဲ နိုဘယ်ဆုတွေ ပေးရတော့မလိုလို ထုတ်ပြန်သွားတာ ကြားလိုက်ရပါတယ်။ သိပ်တော်နေရင်လည်း ဦးသန်းလွင်ထွန်းရယ် လူကြီးမင်းရဲ့ နှမနဲ့ ပေးစားကြည့်လိုက်ပါ။ တို့နိုင်ငံမှာတော့ ဒီလို စည်းပျက်၊ ကမ်းပျက် လူကြီးမင်းရဲ့ ယောက်ဖ စစ်ပြေးတစ်ယောက်ကို ချီးကျူးစရာမရှိပါဘူးလို့ဘဲ ပြောလိုက်ပါရစေ။
တကယ်ဆိုရင် လူကြီးမင်းတို့ အသံလွှင့်ဌာနတွေအနေနဲ့ အမေရိကန်တို့ နေတိုးအဖွဲ့ဝင်တို့ မှားယွင်းပစ်ခတ်မှုကြောင့် အာဖဂန်နဲ့ အီရတ်မှာ သေကြေခဲ့ကြရတဲ့ ကလေးငယ်နဲ့ လူထုတွေရဲ့ မိသားစုတွေကို သွားတွေ့ပြီး အားပေးသင့်တာပါ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုပေးလိုက်စမ်းပါ။ အမေရိကန် နဲ့ နေတိုးတို့ရဲ့ မှားယွင်းခဲ့တဲ့ အမှားတွေအပေါ်မှာ ဖော်ထုတ်ပြီး တစ်ကမ္ဘာလုံးသိအောင် အရေးယူအောင် တင်ပြလိုက်စမ်းပါလို့ ပြန်ပြီး အကြံပြုလိုက်ချင်ပါတယ်။ ဒါကြောင့်လည်း စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာရောက်နေတဲ့ မြန်မာနိုင်ငံအပေါ် မရောင်ရာ ဆီလူး ဝေဖန်ရေး လေကန်ရေးတွေ လုပ်မနေပါနဲ့တော့လို့ဘဲ ပြောလိုက်ပါရစေ။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Tuesday, September 28, 2010

မတိုက်ချင်သေးလို့ပါ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့၏ KIO ဗဟိုဌာနချုပ်အနီးသို့မြန်မာအစိုးရ၏စစ်ရဟတ်ယာဉ်တစ်စီး ကင်းထောက်ပျံသန်းသွားတာကို ကေအိုင်အို လက်နက်ကိုင်တစ်ချို့ က ၄င်းရဟတ်ယာဉ်ကို ပစ်ခတ်လိုက်ခြင်းဟာ မြန်မာတပ် ( ကြည်းတပ်၊ လေတပ်၊ အမြောက်တပ် ) တွေကို စိန်ခေါ်လိုက်တဲ့ သဘောပါပဲ။ တကယ်တမ်းတိုက်ကြပြီဟေ့ဆိုရင် ကေအိုင်အိုလက်နက်ကိုင်တပ်တွေ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ ပွဲကြီးပွဲကောင်းလက်ဝှေ့ပွဲကို စောင့်မျှော်နေရသလိုပါပဲ။
ဒီအပေါ်မှာ မြန်မာတပ်တွေက အင်အားသုံးတိုက်ခိုက်လာနိုင်ပါတယ်။ ဒါကိုကေအိုင်အိုတွေက မသိလေရော့သလား။ ဟို မြန်မာစ်အစိုးရက MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ် တွေကို ရုရှားနိုင်ငံကနေ၀ယ်ယူထားပြန်ပါတယ်။မြန်မာတပ်တွေသာတကယ်သေသေကျေကျေ တိုက်လာပြီဆိုရင်ဖြင့် ဘယ်အမာခံခံစစ်မှ ကြာကြာတောင့်ခံနိုင်မယ်မထင်မိပါ။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

ချစ်လို့ပြောမိတာပါ

ဒေါ်အောင်ဆန်းစုကြည်တွင် မြန်မာအမျိုးသမီးတစ်ဦး စောင့်ထိန်းအပ်သည့် လူမှုကျင့်ဝတ်ချိုးဖောက်မှုများ ရှိခဲ့သော်လည်း အင်္ဂလိပ်လူမျိုး မစ္စတာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ကာ သားနှစ်ယောက်မွေးဖွားသည်အထိ မယားဝတ္တရားငါးပါးနှင့်အညီ ပေါင်းသင်း ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူပီပီ ဖခင်၏မျိုးချစ်စိတ်ဓာတ်အတိုင်း ပြည်ပတွင် ၂၈ နှစ်ကြာနေထိုင်ရာမှ ၁၉၈၈ ခုနှစ် တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်တွင် မစ္စတာအဲရစ်နှင့် သားနှစ်ယောက်ကိုထားခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာကာ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်လာခဲ့သည်။ထိုအချိန်က
မြန်မာနိုင်ငံရေးလောကတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟူသောဂုဏ်ဖြင့် အချိန်တိုအတွင်း ထင်ပေါ်ကျော်ကြားလာသည်။ အမေရိကန်ဗဟိုထောက်လှမ်းရေးဌာန (CIA) သည်လည်း ၁၉၅၀ ခုနှစ်က မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် ကွန်မြူနစ်ဝါဒလွှမ်းမိုးမှုတားဆီးရေး၊ ယခု တရုတ်ထိန်းချုပ်ရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာသည်။ မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာမည့် အစိုးရသစ်သည် အမေရိကန်လိုလားသော အစိုးရဖြစ်အောင် ကြိုးပမ်းအကောင် အထည်ဖော် လိုလာသည်။
ယင်းသို့ကြိုးပမ်းရာတွင် CIA သည် မြန်မာနိုင်ငံရေးလောကတွင် ထင်ပေါ်ကျော်ကြားသူများမှ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ပြီး CIA ၏ လုပ်နည်းလုပ်ဟန်အတိုင်း လူမှုရေးအားနည်းချက်များသည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးကိုင်အသုံးချရန် ဖျောက်ဖျက်မရသည့် သူမ၏ လူမှုကျင့်ဝတ်ချိုးဖောက်မှုများကို အသေးစိတ် ခရေစေ့တွင်းကျကျ အသံသွင်းမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ၊ အထောက် အထားစာရွက်စာတမ်းများ ပြည့်စုံအောင် ထောက်လှမ်းရယူခဲ့ကြောင်းသိရသည်။ တစ်ဘက်ကလည်း သူမကို မြန်မာနိုင်ငံရေးလောကတွင်သာမက ကမ္ဘာကပါ အသိအမှတ်ပြုလာအောင် CIA ၏အခွင့်အာဏာကိုသုံးပြီး နိုဘယ်စုအပါအ၀င် ဆုမျိုးစုံ ၈၀ ကျော်ရအောင်ဆောင်ရွက်ပေးပြီး ဆုကြေးငွေ၊ ထောက်ပံ့ကြေးငွေ နည်းမျိုးစုံရအောင် ဆောင်ရွက်ပေးခဲ့ သည်။ရရှိသည့်နိုင်ငံခြားငွေများကိုဒေါ်အောင်ဆန်းစုကြည်မြန်မာပြည်သို့ပြန်လာစဉ်က သူမ၏ ပိုင်ဆိုင်မှုအားလုံးကို စာရင်းဖွင့်ထားခဲ့သည့် ပြည်ပရှိ သူမ၏ ငွေစာရင်းများသို့ ထည့်ပေးထားပြီး CIA က အချိန်မရွေးပိတ်နိုင်အောင် စီစဉ်ထားသည်။ သုံးစွဲရန် လိုအပ်သည့် ငွေကြေးပမာဏသာသူမထံပို့ပေးကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းအသေးစိတ် ထောက်လှမ်းရရှိထားသော အချက်အလက်များ ပြည်ပရှိငွေကြေးပိုင်ဆိုင်မှုများနှင့် သားနှစ်ယောက်လုံခြုံရေးကို CIA က ချုပ်ကိုင်ထားပြီး မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှတစ်မျိုး၊ အခြားနည်းလမ်းဖြင့်တစ်သွယ် ဆက်သွယ်၍ သူမကို ကြိုးကိုင်စေခိုင်းလျက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း နည်းမျိုးစုံဖြင့် သူမအပေါ် အပိုင်ချုပ်ကိုင် ညွှန်ကြားနေသည့် CIA အပေါ် မည်သို့မှ လွန်ဆန်နိုင်ခြင်းမရှိတော့ဘဲ အမျိုးသားညီလာခံ ပျက်စီးအောင်လုပ်ဆောင်ခြင်း၊ မြန်မာ့ခရီးသွားနှစ်ကို သပိတ်မှောက်ရန်နှင့် စီးပွားရေးပိတ်ဆို့ အောင်ဆောင်ရွက်ခြင်း၊ အလုံးစုံ ထိပ်တိုက်ရင်ဆိုင်ရေး လုပ်ဆောင်ခြင်း၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတောင်းဆိုခြင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပျက်ပြားအောင်ဆောင်ရွက်ခြင်း အပါအ၀င် CIA ခိုင်းစေသမျှ လုပ်ဆောင်ပေးခဲ့သည်။ သူမကိုယ်တိုင်လည်း CIA သားကောင် ဖြစ်နေမှန်းသိသော်လည်း နောက်ဆုတ်၍မရတော့သည့်အနေအထားရောက်နေပြီဟု သူမ၏ အတွင်းလူအချို့ထံမှ သိရသည်။
မစ္စတာဂျွန်ဝီလျုံယက်တော အင်လျားကန်ရေပြင်ကို ရေကူးဖြတ်သန်း၍ စစ်အစိုးရ လုံခြုံရေးအဖွဲ့ဝင်များမသိဘဲ သူမနေအိမ်သို့ဝင်ရောက်နေထိုင်ရန် လုပ်ဆောင်ခြင်းမှာလည်း CIA ၏ ညွှန်ကြားချက်များပေးပို့ရန် ရောက်ရှိခြင်းဖြစ်နိုင်သကဲ့သို့ သူမ၏ သွေးသားဆန္ဒကို ဖြည့်ဆည်းပေးရန် CIAမှစေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။အင်းစိန်အကျဉ်းထောင်တွင် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရသော ထင်ရှားသည့်သတင်းထောက်များ၊ NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် များက သူမ၏ ကျန်းမာဖြတ်လတ်တက်ကြွနေသော အသွင်သဏ္ဌာန်ကို မြင်ရသဖြင့် ဒေါ်စုကတော့ စိတ်ဓာတ်ကလည်း အဖေစိတ်ဓာတ်အတိုင်း တက်ကြွနေတာပဲ။ မစ္စတာယက်တောကို နေအိမ်တွင် ၂ ရက်တိုင် လက်ခံထားမှုကလည်း အမေ အကျင့်အတိုင်းပဲဟုပြောဆိုကြသည်ဟုဆိုသည်။မြန်မာနိုင်ငံ၏ အထင်ကရအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို CIA ၏ ကြိုးဆွဲရာ ကနေရခြင်းကို မိမိလို မြန်မာနိုင်ငံသားစစ်စစ်တစ်ယောက်အနေဖြင့် သနား ဂရုဏာစိတ်ဖြစ်မိသည်။ သူမအနေဖြင့်လည်း CIA ၏ ခိုင်းစေချက်ကို အကောင်အထည် မဖော် နိုင်တော့ပါက CIA ၏ လိုလျှင်လိုသလို၊ မလိုလျှင်မလိုသလို ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်အတိုင်း သူမ၏ အသက်အန္တရာယ်ပါ စိုးရိမ်မိတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးနောက်ကြောင်းကို CIA မှတစ်ဆင့် အသေးစိတ် သိထားသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံလုပ်ဖူးသူ မစ္စက်ပရစ်စီလာဟန်ကလက်ပ်က မြန်မာနိုင်ငံကဲ့သို့ ရိုးရာယဉ်ကျေးမှုနှင့် လူ့ကျင့်ဝတ်ဓလေ့ ထုံးစံကို လေးစားလိုက်နာစောင့်ထိန်းသည့် နိုင်ငံတွင် သူမခေါင်းဆောင်မဖြစ်ထိုက်ဟု သံရုံး ဧည့်ခံညစာစားပွဲတစ်ခုတွင် ပြောကြားခဲ့သည်ကို မှတ်မိသည်။ စစ်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်အား ယခုတရားစွဲဆိုထားသည့်အမှုအပေါ် သူမသည် လွတ်လပ်ရေး၏ဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သည်ဟူသော အချက်ကို ထောက်၍ လည်းကောင်း၊ သူမ၏အသက်အရွယ်ကို ထောက်၍ လည်းကောင်း ခွင့်လွှတ်ပေးသည့်တိုင် မိမိ၏ဆန္ဒမပါဘဲ ကျူးလွန်မိသောအမှားများစွာအတွက် သံဝေဂတရားဖြင့် သီလရှင်ဘ၀ကိုခံယူပြီး မာသာထရီဇာကဲ့သို့ မြန်မာနိုင်ငံ၏ ကယ်တင်ရှင် ဂရုဏာမိခင်ကြီးအဖြစ် အမျိုးဘာသာ၊ သာသနာအတွက် စွန့်လွှတ်စွန့်စားသူဖြစ်ပါစေဟုသာ ဆုတောင်းပေးလိုက်ပါတယ်။
ဖိုးရှုပ်

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Sunday, September 26, 2010

နတ်လူသာဓုခေါ်နိုင်ပါစေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဥပဒေ(၅)ခုကို မတ်လ(၈)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်လို့ ပြည်တွင်း/ပြည်ပက ဝေဖန်ချက်တွေဟာ ကိုလိုနီမီဒီယာတွေဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေမှာ ပလူပျံနေတဲ့သတင်းတွေ ဖြစ်တယ်။

အဲ့ဒီဥပဒေတွေအပေါ်မှာ ကျီးအာသလို ဝိုင်းအာနေတဲ့ အသံတွေကိုနားထောင်ကြည့်တော့ လွှတ်တော်အသီးသီးမှာ ရွေးကောက်ခံမဲ့သူနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနဲ့ပတ်သက်လို့ ထောင်ဒဏ် ကျခံနေသူတွေဟာ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ/ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် အပေါ် အဓိက မူတည်ပြီး ဝိုင်းအာနေကြတာ တွေ့ရတယ်။

ဘာလို့ဒီလိုဝိုင်းအာရသလဲ။ ရှင်းရှင်းလေးပါ။ သူတို့အလိုကျ ပုဆိန်ရိုး ရုပ်သေးရုပ်ကို အစိုးရအာဏာရ အောင် တွန်းတင်ပေးဖို့ မဟာအကြံ ထိခိုက်သွားလို့ပါပဲ။

ပြောသေးတယ်ဗျ၊ အစိုးရထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်မရအောင် ပိတ်ပင်ထားသတဲ့၊ အစိုးရဆန့်ကျင်သူတွေ ရွေးကောက်ပွဲမှာ ပါလို့မရ အောင် ပိတ်ပင်ထားသတဲ့၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေသစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထဲ အတွက် ရည်ညွှန်းရေးသားထားသလိုဖြစ်နေတဲ့အတွက် ရှက်စရာကောင်းကြောင်း ဒေါ်စုက ပြောသတဲ့။

ရွေးကောက်ပွဲဆိုင်ရာဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြဋ္ဌာန်းတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ ဆန္ဒမဲပေးသူများရဲ့ (၉၂.၄၈)ရာခိုင်နှုန်းက အတည်ပြုထောက်ခံခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝ၁ဝ)ရဲ့ ပုဒ်မ ၁၂၁၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၆၉ နဲ့ ပုဒ်မ ၃၉၂ တွေမှာ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံမဲ့သူတွေ၊ ဆန္ဒမဲပေးမဲ့သူတွေနဲ့ပတ်သက်လို့ ထောင်ဒဏ်ကျခံနေရသူတွေဟာ ရွေးကောက်တင်မြှောက်ခံခွင့်/ဆန္ဒမဲပေးခွင့်မရှိစေရ ဆိုတာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ အခုရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကျမှ ပြဋ္ဌာန်းတာမဟုတ်တာ တွေ့ရတယ်။ ဒါကိုသိသိကြီးနဲ့ အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကျမှ ပြဋ္ဌာန်းသယောင်ဖြစ်အောင် တရားလက်လွတ် ပြောနေကြတာ တွေ့ရတယ်။

နတ်မျက်စေ့လေ့လာကြည့်သလောက်ကတော့ နိုင်ငံခြားတိုင်းပြည်တွေမှာလဲ ထောင်ဒဏ်ကျခံနေရ သူတွေ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရတာ မတွေ့ရဘူးဗျာ။ တွေ့ဖူးရင်လဲ ဗဟုသုတမျှဝေကြပါဦး။ နိုင်ငံခြားမှာ ထောင်ဒဏ်ကျခံနေသူတွေ အရွေးချယ်ခံခွင့်/မဲပေးခွင့်ရှိရင်လဲ ရှိရှိပေါ့ဗျာ။ မြန်မာနိုင်ငံအတွက်ကတော့ အဲဒီ ထောင်ကျခံနေရသူတွေ အရွေးခံပိုင်ခွင့်/ မဲပေးပိုင်ခွင့် မရှိဘူးဆိုတာ လက်ရှိအစိုးရက သတ်မှတ်တာ မဟုတ်ဘူး။ နိုင်ငံသားအလွှာပေါင်းစုံပါဝင်တဲ့ အမျိုးသားညီလာခံက သဘောတူအကြံပြုချမှတ်ပေးခဲ့တဲ့ ဒီသတ်မှတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)မှာ ဖော်ပြခဲ့ပြီး လူထုက တခဲနက်ထောက်ခံမဲပေးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြသတ်မှတ်ထားတာသာ ဖြစ်တယ်။ ဘာလို့သူများပြည်တွင်းရေးမှာ ဝင်ပြီး နှောင့်ယှက်ချင်ရတာလဲလို့ နိုင်ငံခြားသားတွေကို မေးချင်တယ်။ ပြည်တွင်းပုဆိန်ရိုးတွေကလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒမဲပေးစဉ်က မိမိလိုအင်ဆန္ဒအရ မကြိုက်တဲ့ အချက်အပေါ်မူတည်ပြီး ကန့်ကွက်မဲ ပေးခဲ့ကြမှာပါ။ အဲဒီကန့်ကွက်မဲတွေက အများစုရဲ့ ထောက်ခံမဲကို ရှုံးနိမ့်ခဲ့ပြီးသား မဟုတ်လား၊ ပွဲဆူအောင် လုပ်နေတာလား၊ ပွဲဆူရင် ပြည်သူအများစု နစ်နာမှာကို သိသိနဲ့လုပ်နေတာမို့ ခင်ဗျားတို့ဟာ အဖျက်သမား တွေလို့ မြင်တယ်။

ပြည်တွင်း/ပြည်ပက အဆိုးမြင်ဝါဒီတွေကို နောက်တစ်ခုပြောချင်သေးတယ်ဗျ။ ၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝ၁ဝ)နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဘာတွေပဲ ပြဋ္ဌာန်းထားထား၊ ဘာသတ်မှတ်ချက်တွေဘဲရှိရှိ ''ဒေါ်စုကို လွှတ်ပေး။ ဒေါ်စုကို ရွေးကောက်ပွဲ ဝင်ခွင့်ပေး'' ဒါက တောင်းဆိုချက်။ ''ဒေါ်စုမပါရင် ဒီရွေးကောက်ပွဲအပေါ် အများစုက ယုံကြည် လက်ခံပြီး တရားဝင်ဖြစ်မှာမဟုတ်ဘူး'' ဒါက ခြိမ်းခြောက်ချက် စတာစတာတွေနဲ့ အစပျိုးယုံရှိသေးတဲ့ ရွေးကောက်ပွဲကို ညာသံပေးပြီး နည်းလမ်းပေါင်းစုံနဲ့ ပျက်အောင်ဖျက်နေတဲ့လုပ်ရပ်ကို မြန်မာပြည်သား အများစုက အထင်အရှား သိမြင်နေပြီးသားမို့ ''၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေး၊ ဒို့အရေး'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပန်းတိုင်ကို မျက်ခြည်ပြတ်မခံဘဲ ချီတက်ကြဖို့ သန္နိဋ္ဌာန်ပြုထားတယ်ဆိုတာရယ်၊ လက်ရှိအစိုးရကလဲ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်ပြီးမြောက်တဲ့အထိ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ရှေ့ဆက်ဆောင်ရွက်သွားမှာမို့ရယ်ကြောင့် ခင်ဗျားတို့ပြောရင် မောတာဘဲရှိလိမ့်မယ်။ ဒါပေမယ့်ခင်ဗျားတို့ရဲ့ အဖျက်လုပ်ရပ်ကြောင့် အခုရောက်ရှိနေတဲ့ လမ်းကြောင်းမှန်ပေါ်ကလွဲသွားရင် ခင်ဗျားတို့သာ တာဝန် ရှိလိမ့်မယ်ဆိုတာရယ်ကို နတ်မျက်စေ့က ပြောချင်တယ်။ ခင်ဗျားတို့အနေနဲ့ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကို ဖောက်ပစ်မယ်ဆိုတဲ့ အကြံယုတ်တွေ ဘေးဖယ်ပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အစိုးရကို ဝိုင်းဝန်းကူညီမယ်ဆိုရင် နတ်လူ သာဓု ခေါ်စရာဖြစ်မှာပါ။ နတ်လူသာဓုခေါ်နိုင်စရာတွေကို ကြိုးစားစွမ်းဆောင်ကြည့်ပါလားဗျာ။

နတ်မျက်စိ

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, September 23, 2010

တကယ်ချစ်ပါရဲ့လား ?

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ ဘားရက်အိုဘားမားဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ ၂၀၀၉ ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုချီးမြှင့်ခြင်းခံရပါတယ်။ အိုဘားမားရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်းနဲ့ ပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့် အောင် သူမတူ ထူးခြားစွာစွမ်းဆောင်ခဲ့တဲ့အတွက် အခုလိုချီးမြှင့်ခဲ့တာလို့ နော်ဝေအခြေစိုက် နိုဘယ်လ် ဆု ရွေးချယ်ရေးကော်မတီကပြောပါတယ်။အိုဘားမားကတော့ သူ့ကို နိုဘယ်လ်ဆုချီးမြှင့်တဲ့အတွက် အံ့သြပြီး သူနဲ့ထိုက်တန်ပါ့မလားလို့ ခံစားမိကြောင်း ၂၁ ရာစုမှာ နိုင်ငံအားလုံး ရင်ဆိုင်နေကြတဲ့ စိန်ခေါ်မှုကြီးအတွက် အလုပ်လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့ ယူဆကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတဖြစ်တာ ၁ နှစ်တောင်မပြည့်သေးတဲ့ မစ္စတာ အိုဘားမားကို ဒီဆုချီးမြှင့်တာနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းမှာ ချီးကျူးဂုဏ်ပြုသူများရှိပြီး ဆုပေးဖို့အချိန်စောသေးကြောင်းနဲ့ လက်တွေ့ အမှန် အကောင်အထည်ဖော်မှုကို စောင်ကြည့်သင့်သေးကြောင်း ဆိုသူတွေလည်း
ရှိပါတယ်။ နိုဘယ်လ် ဆုများအနက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ အငြင်းပွားဖွယ် အများဆုံး ဖြစ်ရတဲ့ဆု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ပတ်သက်လို့ အင်အားကြီးနိုင်ငံအချို့ဟာ သူတို့ရဲ့ သြဇာအာဏာကို အသုံးချပြီး သူတို့ရစေချင်သူတွေ ကိုတင်ပေးနေတယ်။ မွန်မြတ်တဲ့နိုဘယ်လ်ဆုနဲ့ အမှန်တကယ် ထိုက်တန်လို့ ရသူတွေ ရဲ့ဂုဏ်သိက္ခာကို မှေးမှိန်အောင်လုပ်နေတယ်ဆိုပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှု တွေတောင်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတော့ အိုဘားမား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့ကိစ္စကို ကိုယ့်အမြင်နဲ့ကိုယ် ပြောကြဆိုကြမှာပေါ့ဗျာ။
ကျွန်တော့်အမြင်ပြောရရင်တော့ သမ္မတ အိုဘားမားရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ နျူကလီးယား လက်နက်ကင်းစင်တဲ့ ကမ္ဘာဖြစ်ရေးတစ်ခုတည်းနဲ့တင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရဖို့ ထိုက်တန်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေကို သာလွန်ကောင်းမွန်တဲ့ အနာဂတ်ကမ္ဘာကြီးဖြစ်ရေး မျှော်လင့်ချက်ပေးတာနဲ့ တင်ထိုက်တန်ပါတယ်။ စစ်အေးပြိုင်ဘက် ရုရှားနဲ့ နျူကလီးယားလက်နက်တွေလျှော့ချဖို့ ကန့်သတ် အရေအတွက်ကို သဘောတူညီခဲ့မှု၊ အမေရိကန်နဲ့ ရုရှားအကြား အပြန်အလှန် ဒုံးပျံတွေနဲ့ ချိန်တွယ် ကြရင်း ကမ္ဘာကြီး မလုံမခြုံထပ်ဖြစ်တော့မလားလို့ ပူပင်စရာဖြစ်စေခဲ့တဲ့ ပိုလန်နဲ့ ချက်နိုင်ငံမှာ ချထားမဲ့ ဥရောပဒုံးပျံကာကွယ်ရေးအစီအစဉ်ကို ဆက်လက်မဆောင်ရွက်တော့မှု၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားအရေးကိစ္စတွေမှာ လိုက်လျောညီထွေတဲ့ ပျော့ပြောင်းမှုတွေ ပြလာမှု စတာတွေဟာ ငြိမ်းချမ်းရေးလိုလားတဲ့ အိုဘားမားရဲ့သဘောထားကို ထင်ဟပ်နေလို့ ထိုက်တန်တယ်လို့ထင်ပါတယ်။
ကျွန်တော်တို့ကမ္ဘာကြီးဟာ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှုအောက်မှာနေခဲ့ရတာ နှစ်ကာလ ရှည်ကြာလှပါပြီ။ နျူကလီးယားလက်နက်ပိုင်သူတွေ နျူကလီးယားလက်နက်ပိုင်ဖို့ အလားအလာ
ရှိသူတွေကလည်း တိုးလာပါတယ်။ ရှေ့ဆက်လည်း တိုးလာနိုင်ပါတယ်။ ဒီတော့ အထူးသဖြင့် နိုင်ငံငယ်တွေမှာ ပိုလို့ ရတတ်မအေး ဖြစ်လာရပါတယ်။ နျူကလီးယားစစ်ပွဲဖြစ်ရင် အလုံးစုံပျက်သုန်းသွားမှာမဟုတ်လားဗျာ။ အခြားအမြင်တစ်ခုနဲ့ဆိုရင်တော့ အီရတ်နဲ့ အာဖဂန်မှာ ပါဝင်ပတ်သက်နေဆဲဖြစ်မှု စတဲ့ အနုတ် လက္ခဏာပြဆဲကိစ္စတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နျူကလီးယားလက်နက်နိုင်ဖဲကို မကိုင်တော့ဘူး ဆိုတဲ့ အပြောင်းအလဲကြီးက ကြုံတောင့်ကြုံခဲ အပြောင်းအလဲကြီး မဟုတ်လားဗျာ။ ပြီးတော့ ဂျာမန် ၀န်ကြီးချုပ်ပြောသလို ကမ္ဘာငြိမ်းချမ်းရေး အထူးသဖြင့် နျူကလီယားလက်နက် ပပျောက်ရေးအတွက် သမ္မတ အိုဘားမားနဲ့အတူ အားလုံး ဒီထက်မက ဆက်ကြိုးစားဖို့ ဒီဆုက နှိုးဆော်လိုက်တာဖြစ်တယ်လို့ ယုံကြည်ကြောင်းပါ။
သမ္မတ အိုဘားမားဟာ နိုဘယ်လ်ငြိမ်းချမ်းရးဆုရရှိတဲ့အတွက် ဆုကြေးငွေ ၁ သန်း ၄ သိန်း နီးပါး ရရှိမှာဖြစ်ပါတယ်။ ဒီဆုကြေးငွေတွေကို လှူဒါန်းမယ်လို့ ပြောပါတယ်။ သမ္မတကြီးရဲ့ စေတနာကို ဗုဒ္ဓဘာသာ မြန်မာတစ်ဦးက သာဓု-သာဓု-သာဓု ခေါ်ပါတယ်။ မတူ ထူးခြားစွာဆောင်ရွက်မှုကို ၀မ်းသာဂုဏ်ယူပါတယ်။ဒီနေရာမှာ နှစ်ခုနှိုင်းယှဉ်ကြည့်သင့်ပါတယ်။ တစ်ခုတည်းမဟုတ်ပါဘူး။ အိုဘားမားက နိုဘယ်လ် ဆုချီးမြှင့်ခံရတဲ့ တခြားကမ္ဘာကျော်ကြီးများရဲ့ စာရင်းထဲမှာ မိမိပါဝင်ထိုက်ရဲ့လားလို့ မ၀ံ့မရဲ ဖြစ်မိ တယ်တဲ့။ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့ ဒေါ်စုကကော...။နောက်တစ်ခုက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဒါနမှာမွေ့လျော်သူတွေပါ။ နည်းနည်း ရှိတောင် များများလှူချင်သူတွေပါ။ ချမ်းသာရင် ချမ်းသာသလောက် ဆင်းရဲပြန်တော့လည်း ဆင်းရဲတဲ့ အလျောက် အလှူရေစက်လက်နဲ့မကွာ ဒါနပြုသူတွေပါ။ အမေရိကန်သမ္မတ အိုဘားမားကတော့ ဆုကြေးတွေအားလုံး လှူမှာတဲ့ဗျာ ၊ ဒေါ်စုကကော------။
ဒေါ်စုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအ၀င် ဘာဆု ညာဆုတွေကရတဲ့ ဆုကြေးတွေနဲ့ ဒါနပြုဖူးမှာပေါ့။ လှူဒါန်းဖူးမှာပေါ့နော်။ ဘယ်နေရာတွေမှာလှူနေသလဲဗျာ။ သုံးနေသလဲဗျာ။ သိချင်ပါဘိ။ ကျွန်တော်ညံ့လို့လားမသိ။ မသိ၊ မကြားဖူးပါ။ ဒီတော့ ကျွန်တော်အပါအ၀င် မြန်မာပြည်သူပြည်သား တွေက အိုဘားမားရဲ့ဒါနနဲ့နှိုင်းယှဉ်ပြီး ဂုဏ်ယူရအောင် သာဓုသုံးကြိမ်ခေါ်နိုင်အောင် ဒေါ်စု နိုဘယ်လ် ငြိမ်းချမ်းရေးဆုကရရှိတဲ့ ဆုကြေးငွေထဲက မြန်မာနိုင်ငံမှာ လှူဒါန်းဒါနပြုမှုအစုစုကို ထုတ်ပြန်ပေး ပါလားလို့။ ကျွန်တော်တို့ သာဓုခေါ်ဖို့ အသင့်ပါခင်ဗျား။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, September 22, 2010

၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD ပါတီ ဘာလုပ်မှာလဲ









၁၉-၃-၂ဝ၁ဝ ရက်နေ့က လူထုဦးစိန်ဝင်းရဲ့အမြင် - NLD ရွေးကောက်ပွဲအကြောင်းကို ဖတ်လိုက် ရတယ်။ ဒီမှာ ကျွန်တော် ရိုးရိုးလေးရဲ့ အမြင်နဲ့ တိုက်ဆိုင်တာတွေရှိသလို မတိုက်ဆိုင်တာ တွေလဲရှိတယ်ဗျ။ ကျွန်တော်က NLD ပါတီဝင်မဟုတ်သလို အခြား ဘယ်ပါတီကိုမှလည်း ဝင်ပြီး နိုင်ငံရေးလုပ်မှာမဟုတ်ပါဘူး။ အစိုးရဝန်ထမ်းလဲမဟုတ်သလို နအဖ စစ်အစိုးရရဲ့ ဘက်တော်သားလဲ မဟုတ်ဘူး။ နအဖ စစ်အစိုးရက မကြာခဏ ပြောနေတဲ့ (တကယ်လုပ်မယ်လို့တော့ ထင်ထားတာပဲ၊ တကယ်ဖြစ်ရင်ကောင်းတာပေါ့ဗျာ) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေးဆိုတာပါပဲ။ ကျွန်တော်တို့ ရိုးရိုးလေး ပြည်သူတွေကတော့ အမှန်တကယ်မျှော်လင့်နေတာ အဲဒါပဲ ဆိုတာတော့ ပြောချင်တယ်ဗျာ။
နအဖ စစ်အစိုးရကတော့ သူတို့ထုတ်ဖော်ပြောကြားထားတဲ့အတိုင်း မူဝါဒလမ်းစဉ် (၇)ရပ်ထဲက ပဉ္စမ အဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့ ဥပဒေတွေကို မတ်လ ၈ ရက် နေ့က ထုတ်ပြန်ကြေညာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မျှော်လင့်နေတဲ့ အနာဂတ်နိုင်ငံတော်သစ် ကြီးရဲ့ ခြေလှမ်းအစဖြစ်လို့သဘောကျတယ်ဗျာ။
စစ်အစိုးရရဲ့ သတင်းစာတွေမှာ ရွေးကောက်ပွဲဥပဒေ ၅ ခု ဖော်ပြခဲ့တာကို အချို့သူတွေက သူတို့ အမြင်နဲ့ မကိုက်ညီတာတွေ ပြောနေကြတယ်။ လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနာဂတ်အိမ်မက် နိုင်ငံကိုတော့ မဖျက်ဆီးကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ စစ်အစိုးရကလဲ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး စဉ်းစားချင့်ချိန်ရေးဆွဲခဲ့တာဖြစ်မယ်ဗျ ။ ရိုးရိုးလေးအပါအဝင် ပြည်သူ ရာနှုန်းပြည့်နီးပါးလဲ လက်ခံခဲ့တာ အမှန်ပါပဲ။ အများလက်ခံတဲ့ကိစ္စကို ဘာလို့ ပြောနေကြမှာလဲလို့ မေးလိုက်ချင်တယ်ဗျာ။ လူထုဦးစိန်ဝင်းကိုလဲ ကျွန်တော် တစ်ခုမေးချင်တယ်။ လူထုလို့ နာမည်ရဲ့ရှေ့မှာ ဘာကြောင့်ခံ ထားသလဲ။ အမှန်တကယ် လူထုကို ကိုယ်စားပြုချင်တယ်ဆိုရင် လူထု လိုလားတောင့်တတာတွေကို သိဖို့လိုပြီလို့ ပြောချင်ပါတယ်။ စစ်အစိုးရရော၊ NLD ပါတီရော အားလုံးအတူတူပါပဲ။ အမှန်တကယ် လူထုကို ကိုယ်ချင်းစာပြီး နိုင်ငံအတွက် စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်ကြဖို့ တောင်းဆိုချင်ပါတယ်။
ကျွန်တော်တို့ သာမန်ပြည်သူတွေ ကြားနေရတာရှိတယ်ဗျ။ နိုင်ငံတကာမှာလဲ ဒီမိုကရေစီ ရွေးကောက်ပွဲတွေလုပ်၊ အစိုးရအဖွဲ့တွေဖွဲ့ကြပြီး နိုင်ငံကောင်းကျိုးအတွက် လုပ်ကြတာ ကြားနေရတယ်ဗျာ။ အချို့တွေလဲ ပါတီခေါင်းဆောင်တွေအနေနဲ့ နေရာရဖို့ ယှဉ်ပြိုင်ပြောဆိုတာတွေ ရှိပေမဲ့ သူ့နိုင်ငံကို ဘယ်လိုကောင်းအောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အရင်းအမြစ်ကောင်းတွေ ဘယ်လိုလုပ်မယ်ဆိုတာတွေနဲ့ လူထုကို မဲဆွယ် စည်းရုံးတာတွေကိုပဲ တော်တော်များများ ကြားသိရတယ်ဗျာ။ ရှုံးနိမ့်ခဲ့ရင်လဲ လက်ရှိ အနိုင်ရပါတီ အစိုးရနဲ့ လက်တွဲပြီး အဲဒီအစိုးရရဲ့ လုပ်ဆောင်မှုကို ကန့်ကွက်တာတွေ၊ သဘောတူထောက်ခံတာတွေ (သူ့နိုင်ငံအတွက်) ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြတယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုပဲ ဖြစ်သင့်တာပေါ့ဗျာ။ ဦးစိန်ဝင်းပြောခဲ့တယ် ''NLD ပါတီက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာပဲလို့'' ကျွန်တော် သာ NLD ခေါင်းဆောင်ဆိုရင်လဲ ဒီအတိုင်းပဲလုပ်မှာပဲ။ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသား ညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ်ဆိုပြီး တိုင်းပြည်ကိုဝန်ခံတဲ့ ကြေညာချက် ထုတ်ပြန် သင့်ရင် ထုတ်ပြန်ရမှာပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်ကြောင့် ဖြစ်နေတာပါပဲ။ ဒီလိုမဟုတ်ဘဲ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုတော နေရင်တော့ ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်ဗျာ။ ဒါပေမဲ့ NLD ပါတီဟာ မူမရှိတဲ့ နိုင်ငံရေးပါတီတစ်ခုလို့ ဦးစိန်ဝင်းက ပြောတော့ ကျွန်တော် စဉ်းစားမိတယ်။ အဲဒါ တကယ်ပဲလားလို့ အမှန်ပဲဆိုရင်တော့ ကောင်းကျိုးပေးမှာ မဟုတ်တဲ့အတွက် ဒီပါတီကို ဖျက်သိမ်းလိုက်တာပဲ ကောင်းမယ်လိုထင်ပါတယ်။
မတ်လ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ NLD အလုပ်အမှုဆောင် ကော်မတီဝင် (ဦးစိန်ဝင်းပြောတဲ့ သက်ကျားအို၊ မျက်စိမမြင်၊ နားမကြားတဲ့သူတွေ)များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တောင်းဆိုခဲ့တယ်လို့ RFA အသံလွှင့်ဌာနက ပြောကြားခဲ့တာကို ကြားသိခဲ့ရပါတယ်။ ဘာကြောင့် သူတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ရတာလဲ။ အများက ထင်မြင်ပြောဆိုနေကြသလို ထဘီတစ်ထည်အာဏာရှင်ရဲ့အောက်မှာ သက်ကျားအိုတွေ ငြိမ်ကုတ် နေကြတယ်ဆိုတာ အမှန်ပဲလား။ သူမပါဘဲနဲ့ သက်ကျားအိုတွေ ဘာမှမလုပ်တတ်ဘူးဆိုတာ အမှန်ပဲလား။ ဒါဆို ဦးဥာဏ်ဝင်းပြောတဲ့ NLD ပါတီဟာ ပါတီမှတ်ပုံတင်/မတင်နဲ့ ရွေးကောက်ပွဲဝင်/ မဝင်ကိစ္စတွေအားလုံး မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်မဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဖြစ်ခဲ့ရင်(အမိန့်ပေးတာ သွားရောက်မနာခံခဲ့ရင်) သက်ကျားအိုတွေ ဘာမှ ဆုံးဖြတ်ချက် ချနိုင်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အများက ထင်နေကြသလို သက်ကျားအိုတွေက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ယာယီ ရိုသေနေတာ ကောမဖြစ်နိုင်ဘူးလား။ ဒေါ်အောင်ဆန်း စုကြည်ကကော သက်ကျားအိုတွေကို အသုံးချဖို့ မလှုပ်နိုင်တဲ့နည်းတွေနဲ့ ထိန်းချုပ်ထားတာကော မဖြစ်နိုင်ဘူးလား။ ဦးစိန်ဝင်းပြောခဲ့သလို NLD ပါတီဟာ နိုင်ငံနဲ့ပြည်သူတွေအတွက် အရေးမပါ အရာမရောက်တဲ့ ပါတီ တစ်ခုဖြစ်နေပြီလား။ ဒါပေမဲ့ NLD ပါတီက ငါတို့လုပ်မှ၊ ငါတို့ပြောမှ၊ ငါတို့ပါမှ တရားဝင်သည် ဆိုတဲ့အတိုင်း လုပ်ဆောင်နေတာတွေကို ထည့်မတွက်တော့ဘူးလား။ ကျွန်တော့အမြင်ကတော့ NLD ကို လျှော့တော့မတွက်ပါနဲ့။ (ဘာဖြစ်လို့လဲဆိုတော့ သူ့နောက်မှာ ကျားကြီးရှိနေတယ်)။ ဒါပေမဲ့ ထည့်ပြီးတော့လဲ စဉ်းစားစရာမလိုဘူးလို့ပဲ ပြောချင်ပါတယ်။
NLD ကို အငြိမ့်သဘင်တစ်ခုနဲ့နှိုင်းပြီး ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့ထွက် မင်းသမီး(အရေးမပါသူ)ဖြစ်သလို၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးလှဖေနဲ့ ဦးဥာဏ်ဝင်းတို့ကလဲ လူပြက်အဆင့်လောက်ပဲရှိတယ်လို့ သတ်မှတ်ရမလိုဖြစ်နေပြီ။ ကဲ NLD ရေ ကျွန်တော်တို့ ပြည်သူတွေအတွက် ဘယ်လမ်းစဉ်၊ ဘယ်မူတွေနဲ့ ဘယ်လို ဆက်လုပ်ကြမှာလဲလို့ မေးချင်တယ်ဗျာ။ ကျွန်တော် ရိုးရိုးလေးတို့က ရိုးရိုးရှင်းရှင်းပဲ သက်ဆိုင်သူအားလုံးကို တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်နိုင်ငံတော်ကြီး(စစ်အစိုးရပြောတဲ့) အေးချမ်း၊ ခေတ်မီ၊ ဖွံ့ဖြိုး၊ တိုးတက် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာဖို့ -

- စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပေး စေလိုပါတယ်။

- NLD ပါတီကလဲ အရေးကြီးတဲ့အချိန်ရောက်ပြီ (လမ်းဆုံလမ်းခွရောက်နေပြီး) ဖြစ်တဲ့အတွက် ကောင်းမွန်မှန်ကန်တဲ့မူများ ချမှတ်၊ ဆုံးဖြတ်ဖို့ တောင်းဆိုချင်ပါတယ်။

- -ရိုးရိုးလေးတို့ ပြည်သူတွေအနေနဲ့ကတော့ ရွေးကောက်ပွဲမှာ ကောင်းမွန်မှန်ကန်သောမူ မရှိတဲ့ NLD ပါတီ မပါဝင်ခဲ့ရင်လည်း ရွေးကောက်ပွဲကို ကျင်းပသွားပါလို့ တောင်းဆိုချင်ပါတယ်။

'' မြန်မာတွေ စည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ မှီငြမ်းထောက်အသစ်မှီတယ်၊ ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုးမြန်မာချင်း ကြွားကြချင်၊ ဓားပြသွင်လူဆိုး
ခုမြေလျှိုးပုန်းအောင်ရှောင် မိုက်မနော်ပြုမဟေးတို့က၊ သူ့ပထွေးတော့ ခွေးသို့မဟောင် ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်၊ စာဇင်တောင် ဦးချလို့ ပလူးရ ပြောကြခါခါ၊ ခွေးသို့ပမာ တွေးမိတိုင်းအရိုးနာသည်၊ အမျိုးပါဆဲချင်ပေါ့လေး '' ။

အချုပ်တန်းဆရာဖေရေးသားခဲ့တဲ့ အထက်ပါ တေးထပ်ထဲကလို လူစားမျိုးတွေ မရှိကြဖို့ လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

ရိုးရိုးလေး

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........