အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Sunday, July 17, 2011

ငြိမ်းချမ်းရေးစကားလုံးများသုံးနှုန်းပြီး လက်တွေ့မှာ ပြည်နယ်ဖျက်ဆီးရေးလုပ်ကိုင်နေသော KIA

မြစ်ကြီးနား ဇူလိုင် ၁၆

မြစ်ကြီးနားမြို့ ဒေသခံပြည်သူအများစုသည် KIA ခေါ် ကချင်လက်နက်ကိုင်များအား နားကျည်း ရွံမုန်းလျက်ရှိနေသည်။ ကချင်လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ပြောဆိုနေသည့် အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းချမ်းရေးအကျိုးဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးများအား နှစ်ဦးနှစ်ဘက် ဆွေးနွေးညိုနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ KIA အဖွဲ့မှာ ပြည်သူလူထုမျှော်လင့်တောင်းတနေသော ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုလျက် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် လမ်း/တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ ဗုံးထောင်ခြင်းများပြုလုပ်နေပြီး ကချင်ပြည်နယ် ဖျက်ဆီးရေးကိုသာ လုပ်ဆောင်လျက်ရှိသည်။

ကချင်ပြည်နယ်တစ်ဝန်းလုံးဖွံ့ဖြိုးတိုးတက်မှုတွင်အဓိကကျသည့်လမ်းတံတားများကို ဖျက်ဆီးပစ်ခြင်း ကြောင့်ယခုအခါလမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိသည့်ဒဏ်ကို ပြည်သူများလက်တွေ့ခံစားနေကြရသည်. KIAအဖွဲ့နှင့်လူထုတွေ့ဆုံတိုင်း ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ကချင်လူမျိုးများကောင်းစားရေးအတွက် တိုက်ပွဲဝင်နေသည်ဟုပြောလေ့ရှိသော်လည်းဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊လက်နက်အားကိုး ဖြင့်ငွေကြေးတောင်းခံခြင်း၊ လူသစ်စုဆောင်းခြင်းများကြောင့်KIAအဖွဲ့သည် လူသတ်ဓါးပြတိုက်သည့်အဖွဲ့နှင့် မခြားဆိုးသွမ်းယုတ်မာနေသော အဖွဲ့ဖြစ်ကြောင်း၊ ကချင်လူမျိုးအချင်းချင်းကပင် ထောက်ခံမှုမရှိတော့ကြောင်း မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းရေး အကျိုးဆောင်များကပင် KIA ကို စိတ်ပျက်ဖွယ်ကောင်းသော အဖွဲ့ဖြစ်သွားပြီဟု ပြောဆိုလျက်ရှိပါသည်။


ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, March 31, 2011

သနားတယ်

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေ နဲ့ စီးပွားရေးပိတ်ဆို့ထားတာကို ဆက်လက်ပိတ်ဆို့ဘို့ ထပ်တလဲလဲ ပြောနေရရှာတဲ့ အမေစု တို့ကို တော့ ရွှေမြန်မာတွေကတော့ သနားတယ် လို့ ပြောနေကြလေရဲ့ ................

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Thursday, March 24, 2011

ပန်းပန်လျက်ပါ ရွှေမြန်မာ


မြန်မာ အမျိုးသားကို အထင်မကြီးတတ်သူ အမေစု

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်ဟာ မြန်မာဗိုလ်ချုပ်ကြီးများကို တိုက်ရိုက်ထိခိုက်မှုမရှိပဲ မြန်မာပြည်သူတွေအပေါ် တိုက်ရိုက်သက်ရောက်စေမဲ့ စီးပွားရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေသာ ဆုံးရှုံးနစ်နာစေခြင်းကြောင့် ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ထားတာကို ပြန်လည်ရုပ်သိမ်းဘို့ စဉ်းစားနေတဲ့အချိန်မှာ မြန်မာပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရမှာကို စိုးရိမ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကတော့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဆက်ပြီးထားဘို့ လိုမယ်လို့ အနောက်ဆရာကြီးများ အလိုကျအတိုင်း ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်ဆိုတာ ရှေး ဘိုးဘွား ဘုရင်လက်ထက်ကတည်းက ငတ်မွတ်ခေါင်းပါးနေတဲ့ နိုင်ငံတစ်နိုင်ငံတော့ မဟုတ်ဘူးဆိုတာ မြန်မာ့သယံဇာတတွေကို ကြည့်ရင် သိပါလိမ့်မယ်။ သူများက ထောက်ပံ့မှ စားရတဲ့ ဘ၀ မဟုတ်ပါ။ မြန်မာ့ ရေ မြေ သယံဇာတတွေက ထွက်လို့မကုန် သုံးလို့မကုန်နိုင်ပါ။ မြန်မာအပေါ်စီးပွားရေးပိတ်ဆို့ထားတာ နှစ်တော်တော်တောင်ကြာနေသော်လည်း မြန်မာပြည် ချွတ်ချုံကျသွားခြင်း အလျဉ်းမရှိသေးပါ။ စင်ပေါ်က ရွှေမြန်မာ ဟာ ရွှေမြန်မာပါပဲလို့။

အနောက်ဆရာကြီးရဲ့  အလိုကျ ကပြ အသုံးတော်ခံနေရတဲ့ ဒေါ်စုကြည်ခမျာ ဒါကို ဘာမှ မလေ့လာ ပဲ မြန်မာကို စီးပွားရေးဆက်ပိတ်ဆို့ထားဘို့ တွင်တွင်ပြောနေရှာတာ မမောနိုင် မပန်းနိုင်ပါပဲ။ ဒါပေါ့ သူ့တို့ပေးတဲ့ ဆုကြေးတွေ ရထားတာဆိုတော့လည်း သူ့အလိုကျ ကပြရတော့မပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည် ကြီးပွားတိုးတက်မှာကို မနာလို မရှုဆိမ့်ဖြစ်နေပေမဲ့ ရွှေမြန်မာပြည်ကြီးက ရွှေရောင်တွေ တလက်လက်ဝင်းလက်နေတဲ့ စေတီးပုထိုး တွေနဲ့ သယံဇာတ ပေါကြွယ်ဝလို့ မဗေဒါ တို့ကတော့ ပန်းပန်လျက်ပါပဲလို့...............

မြန်မာပြည်ဖွား မြန်မာပြည်သား

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Wednesday, March 23, 2011

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းက အနှိပ်ခန်းများ ကာရာအိုကေခန်းများကို စတင်နှိမ်နင်း

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွင်း၌ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော စင်တင် တေးဂီတလုပ်ငန်းများ၊ ဗြူတီပါလာလုပ်ငန်း များ၊ ကာရာအိုကေလုပ်ငန်းများမရှိစေရန် နှင့် မည်သည့်အနှိပ်ခန်းမျှ လုပ်ကိုင်ခြင်းမပြု ရန် စည်းကမ်းချက်များ ထုတ်ပြန်ကြေညာ ပြီး လိုက်နာမှုမရှိဘဲ ပျက်ကွက်မှုများတွေ့ ရှိက ပြစ်မှုဆိုင်ရာပုဒ်မ (၁၈၈) အရ တရားစွဲ ဆို အရေးယူခံရမည့်အပြင် လုပ်ငန်းအား ရာ သက်ပန်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း နေ ပြည်တော် ပျဉ်းမနားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စာအမှတ် ၅/၄၃-၂၈/ ဦး ၆ (၀၃၃၉) ၂၀၁၁ မတ် ၈ ရက် အမိန့်ကြော်ငြာစာအရ သိရသည်။

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့ နယ်အတွင်း စင်တင်တေးဂီတလုပ်ငန်း၊ ကာ ရာအိုကေလုပ်ငန်း၊ ဗြူတီပါလာလုပ်ငန်းလုပ် ကိုင်သူများအား မြို့များ အက်ဥပဒေ၊ ကျေး ရွာအက်ဥပဒေနှင့်အညီ ပျော်ပွဲရွှင်ပွဲပြုလုပ် ရာ၌လည်းကောင်း၊ ခွင့်ပြုမိန့်လျှောက်ထား ရမည်။ ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်း မပြု လုပ်ရ။ ခွင့်ပြုမိန့်ရစေကာမူ ညစဉ် ၁၁နာရီ ထက် ကျော်လွန်လုပ်ကိုင်ခြင်းမရှိစေဘဲ အခါ အားလျော်စွာ အချိန်ပြင်ဆင်ကန့်သတ်မှု ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းလုပ်ကိုင်သည့်နေရာတွင် စည်ပင် သာယာရေးအက်ဥပဒေ၊ ယစ်မျိုးဥပဒေ၊ မြို့ များဥပဒေ၊ ကျေးရွာဥပဒေနှင့်အညီ ခွင့်ပြု ချက်ရရှိပြီးဖြစ်ရမည်။

ဖျော်ဖြေသီဆိုသူများ သည် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော ၀တ်စားဆင်ယင်မှု၊ သီဆိုမှုခန္ဓာလှုပ်ရှားပြသ မှု လုံးဝမပြုလုပ်ရန်၊ ဒေသခံမဟုတ်သော ဖျော်ဖြေသီဆိုသူများအားလုံး ဥပဒေနှင့်အ ညီ ဧည့်စာရင်းတိုင်ကြားရမည်။ ထူးခြားပြီး အများစိတ်ဝင်စားသောသူ (ကျော်ကြားသူ) များသီဆိုမှုများအတွက် သီးခြားခွင့်ပြုမိန့်ရရှိ မှသာ ဆောင်ရွက်ရမည်။ မိမိပိုင်နက်အတွင်း စည်းကမ်းထိန်းသိမ်းမှု မိမိတာဝန်ယူရမည်။ ကာရာအိုကေသီချင်းဆိုခန်းများသည် အသံ လုံခန်းဖြစ်သော်လည်း အချင်းချင်းမြင်သာ သည့်အခန်းဖွဲ့စည်းမှုရှိရမည်။ မှန်အကြည် တပ်ထားရမည်။ လိုက်ကာကာရံထားခြင်း မပြုရ။ ကာရာအိုကေသီဆိုခန်းအတွင်း အမျိုး သား၊ အမျိုးသမီးနှစ်ဦးတည်း သီဆိုဖျော်ဖြေ ခြင်းမပြုရ။

ကာရာအိုကေလုပ်ငန်းရှင်သည် မိမိဆိုင်ရှိ အမျိုးသမီးဝန်ထမ်းများအား မိမိ ပိုင်နက်အတွင်းမှ ပြင်ပသို့ထွက်ခွာခွင့်မပြုရ။ ဗြူတီပါလာလုပ်ငန်းလုပ်ကိုင်သူများအနေ ဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ လုပ် ကိုင်သူများ ဖြစ်ရမည်။ အချင်းချင်း မြင်သာ သောအခန်းဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရ မည်။ နေပြည်တော် ပျဉ်းမနားမြို့နယ်အ တွင်း၌ မည်သည့်အနှိပ်ခန်းမှ လုပ်ကိုင်ခြင်း မပြုရ။ ဤတားမြစ်ချက်များကိုလိုက်နာရန် ပျက်ကွက်သူသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) အရ တရားစွဲဆိုအရေးယူခံရမည့် အပြင် လုပ်ငန်းအား ရာသက်ပန်ပိတ်သိမ်း သွားမည်ဖြစ်သည်ဟု ပါရှိပါသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Tuesday, March 22, 2011

နအဖတပ်များ၏ လက်နက်ကြီးဒဏ်မခံနိုင်သော သျှမ်းပြည်တပ်မတော် SSPP/SSA များ လက်နက်ချ

၂၀၁၁ မတ်လ ၁၉ ရက်နေ့တွင် သျှမ်းပြည်တပ်မတော် SSPP/SSA တန့်ယန်းမြို့ နယ်အုပ်ချုပ်ရေးရုံးစာရေး စိုင်းမွန်းဦးစီး အင်အား ၁၄ ယောက်အဖွဲ့ သည် လက်နက်ငယ်မျိုးစုံ ၁၁ လက်၊ စက်လတ် ၁ လက်၊ ဘီအေ ၉၃ တစ်လက်၊ ကျည်မျိုးစုံ၂၉၁ တောင့်၊ ဘီအေ ၉၃ ဗုံးသီး ၁၆ လုံး၊ ၎င်းပို့ကျည် ၉ တောင့်၊ ကျည်ကတ်မျိုးစုံ ၁၅ ခု၊ စက်လတ်ကျည်ခါးပတ် ၁ ခု၊ နင်းမိုင်း ၃ လုံး နှင့်အတူ တန့်ယန်းမြို့အရှေ့ ဘက် တော်လောက်ရွာရှိ နအဖ တပ်များထံ အညံ့ခံ လက်နက်ချခဲ့ကြောင်း သတင်းရရှိပါသည်။

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........

Monday, March 21, 2011


အမျိုးကိုချစ်တတ်သူ နှင့် မချစ်တတ်သူ


နယ်ချဲ့ အင်္ဂလိပ်အားတော်လှန်ခဲ့သူ မြန်မာမျိုးချစ်သူရဲကောင်း ဗိုလ် မင်းရောင်

ဗိုလ် မင်းရောင်၏ မြေး သခင် အောင်ဆန်း

ဗိုလ် မင်းရောင်၏ မြစ် ဒေါ် အောင်ဆန်းစုကြည်

မျိုးချစ်တို့ မည်သည်
အသက် သွေး ချွေး ရင်းခဲ့လေပြီ...

ခေတ်အဆက်ဆက် ပြောင်းခဲ့သည်
သမိုင်းမှာ တွင်ကျန်ရစ်ဆဲ ရှိခဲ့ပြီ......

ရာသီတွေ အလီလီပြောင်းခဲ့သည်
မြန်မာတွေ ရင်ထဲ စွဲမြဲစွာ ကျန်ခဲ့ပြီ.....

မျိုးချစ်က မွေးခဲ့သည်
မျိုးချစ်ကိုတော့ မမှီလေပြီ....

အခုမှ ချစ်တယ်ပြောလေသည်
ယုံရဘို့တော့ ခက်နေအတည်
ကုလားသွေးတော့ နှောနေပြီ !!

ရှေ့ ဆက်ဖတ်ကြည့်ရအောင်........