အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Tuesday, March 22, 2011

နအဖတပ်များ၏ လက်နက်ကြီးဒဏ်မခံနိုင်သော သျှမ်းပြည်တပ်မတော် SSPP/SSA များ လက်နက်ချ

၂၀၁၁ မတ်လ ၁၉ ရက်နေ့တွင် သျှမ်းပြည်တပ်မတော် SSPP/SSA တန့်ယန်းမြို့ နယ်အုပ်ချုပ်ရေးရုံးစာရေး စိုင်းမွန်းဦးစီး အင်အား ၁၄ ယောက်အဖွဲ့ သည် လက်နက်ငယ်မျိုးစုံ ၁၁ လက်၊ စက်လတ် ၁ လက်၊ ဘီအေ ၉၃ တစ်လက်၊ ကျည်မျိုးစုံ၂၉၁ တောင့်၊ ဘီအေ ၉၃ ဗုံးသီး ၁၆ လုံး၊ ၎င်းပို့ကျည် ၉ တောင့်၊ ကျည်ကတ်မျိုးစုံ ၁၅ ခု၊ စက်လတ်ကျည်ခါးပတ် ၁ ခု၊ နင်းမိုင်း ၃ လုံး နှင့်အတူ တန့်ယန်းမြို့အရှေ့ ဘက် တော်လောက်ရွာရှိ နအဖ တပ်များထံ အညံ့ခံ လက်နက်ချခဲ့ကြောင်း သတင်းရရှိပါသည်။

မိတ္တူထုတ်ရန်

No comments:

Post a Comment