အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Wednesday, March 23, 2011

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းက အနှိပ်ခန်းများ ကာရာအိုကေခန်းများကို စတင်နှိမ်နင်း

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ်အတွင်း၌ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော စင်တင် တေးဂီတလုပ်ငန်းများ၊ ဗြူတီပါလာလုပ်ငန်း များ၊ ကာရာအိုကေလုပ်ငန်းများမရှိစေရန် နှင့် မည်သည့်အနှိပ်ခန်းမျှ လုပ်ကိုင်ခြင်းမပြု ရန် စည်းကမ်းချက်များ ထုတ်ပြန်ကြေညာ ပြီး လိုက်နာမှုမရှိဘဲ ပျက်ကွက်မှုများတွေ့ ရှိက ပြစ်မှုဆိုင်ရာပုဒ်မ (၁၈၈) အရ တရားစွဲ ဆို အရေးယူခံရမည့်အပြင် လုပ်ငန်းအား ရာ သက်ပန်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း နေ ပြည်တော် ပျဉ်းမနားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စာအမှတ် ၅/၄၃-၂၈/ ဦး ၆ (၀၃၃၉) ၂၀၁၁ မတ် ၈ ရက် အမိန့်ကြော်ငြာစာအရ သိရသည်။

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့ နယ်အတွင်း စင်တင်တေးဂီတလုပ်ငန်း၊ ကာ ရာအိုကေလုပ်ငန်း၊ ဗြူတီပါလာလုပ်ငန်းလုပ် ကိုင်သူများအား မြို့များ အက်ဥပဒေ၊ ကျေး ရွာအက်ဥပဒေနှင့်အညီ ပျော်ပွဲရွှင်ပွဲပြုလုပ် ရာ၌လည်းကောင်း၊ ခွင့်ပြုမိန့်လျှောက်ထား ရမည်။ ခွင့်ပြုမိန့်မရရှိဘဲ လုပ်ကိုင်ခြင်း မပြု လုပ်ရ။ ခွင့်ပြုမိန့်ရစေကာမူ ညစဉ် ၁၁နာရီ ထက် ကျော်လွန်လုပ်ကိုင်ခြင်းမရှိစေဘဲ အခါ အားလျော်စွာ အချိန်ပြင်ဆင်ကန့်သတ်မှု ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းလုပ်ကိုင်သည့်နေရာတွင် စည်ပင် သာယာရေးအက်ဥပဒေ၊ ယစ်မျိုးဥပဒေ၊ မြို့ များဥပဒေ၊ ကျေးရွာဥပဒေနှင့်အညီ ခွင့်ပြု ချက်ရရှိပြီးဖြစ်ရမည်။

ဖျော်ဖြေသီဆိုသူများ သည် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော ၀တ်စားဆင်ယင်မှု၊ သီဆိုမှုခန္ဓာလှုပ်ရှားပြသ မှု လုံးဝမပြုလုပ်ရန်၊ ဒေသခံမဟုတ်သော ဖျော်ဖြေသီဆိုသူများအားလုံး ဥပဒေနှင့်အ ညီ ဧည့်စာရင်းတိုင်ကြားရမည်။ ထူးခြားပြီး အများစိတ်ဝင်စားသောသူ (ကျော်ကြားသူ) များသီဆိုမှုများအတွက် သီးခြားခွင့်ပြုမိန့်ရရှိ မှသာ ဆောင်ရွက်ရမည်။ မိမိပိုင်နက်အတွင်း စည်းကမ်းထိန်းသိမ်းမှု မိမိတာဝန်ယူရမည်။ ကာရာအိုကေသီချင်းဆိုခန်းများသည် အသံ လုံခန်းဖြစ်သော်လည်း အချင်းချင်းမြင်သာ သည့်အခန်းဖွဲ့စည်းမှုရှိရမည်။ မှန်အကြည် တပ်ထားရမည်။ လိုက်ကာကာရံထားခြင်း မပြုရ။ ကာရာအိုကေသီဆိုခန်းအတွင်း အမျိုး သား၊ အမျိုးသမီးနှစ်ဦးတည်း သီဆိုဖျော်ဖြေ ခြင်းမပြုရ။

ကာရာအိုကေလုပ်ငန်းရှင်သည် မိမိဆိုင်ရှိ အမျိုးသမီးဝန်ထမ်းများအား မိမိ ပိုင်နက်အတွင်းမှ ပြင်ပသို့ထွက်ခွာခွင့်မပြုရ။ ဗြူတီပါလာလုပ်ငန်းလုပ်ကိုင်သူများအနေ ဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ လုပ် ကိုင်သူများ ဖြစ်ရမည်။ အချင်းချင်း မြင်သာ သောအခန်းဖြင့်သာ လုပ်ကိုင်ဆောင်ရွက်ရ မည်။ နေပြည်တော် ပျဉ်းမနားမြို့နယ်အ တွင်း၌ မည်သည့်အနှိပ်ခန်းမှ လုပ်ကိုင်ခြင်း မပြုရ။ ဤတားမြစ်ချက်များကိုလိုက်နာရန် ပျက်ကွက်သူသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) အရ တရားစွဲဆိုအရေးယူခံရမည့် အပြင် လုပ်ငန်းအား ရာသက်ပန်ပိတ်သိမ်း သွားမည်ဖြစ်သည်ဟု ပါရှိပါသည်။

မိတ္တူထုတ်ရန်

No comments:

Post a Comment