အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Sunday, July 17, 2011

ငြိမ်းချမ်းရေးစကားလုံးများသုံးနှုန်းပြီး လက်တွေ့မှာ ပြည်နယ်ဖျက်ဆီးရေးလုပ်ကိုင်နေသော KIA

မြစ်ကြီးနား ဇူလိုင် ၁၆

မြစ်ကြီးနားမြို့ ဒေသခံပြည်သူအများစုသည် KIA ခေါ် ကချင်လက်နက်ကိုင်များအား နားကျည်း ရွံမုန်းလျက်ရှိနေသည်။ ကချင်လက်နက်ကိုင်များသည် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ပြောဆိုနေသည့် အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းချမ်းရေးအကျိုးဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးများအား နှစ်ဦးနှစ်ဘက် ဆွေးနွေးညိုနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ KIA အဖွဲ့မှာ ပြည်သူလူထုမျှော်လင့်တောင်းတနေသော ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုလျက် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် လမ်း/တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ ဗုံးထောင်ခြင်းများပြုလုပ်နေပြီး ကချင်ပြည်နယ် ဖျက်ဆီးရေးကိုသာ လုပ်ဆောင်လျက်ရှိသည်။

ကချင်ပြည်နယ်တစ်ဝန်းလုံးဖွံ့ဖြိုးတိုးတက်မှုတွင်အဓိကကျသည့်လမ်းတံတားများကို ဖျက်ဆီးပစ်ခြင်း ကြောင့်ယခုအခါလမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိသည့်ဒဏ်ကို ပြည်သူများလက်တွေ့ခံစားနေကြရသည်. KIAအဖွဲ့နှင့်လူထုတွေ့ဆုံတိုင်း ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ကချင်လူမျိုးများကောင်းစားရေးအတွက် တိုက်ပွဲဝင်နေသည်ဟုပြောလေ့ရှိသော်လည်းဒေသခံပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခြင်း၊လက်နက်အားကိုး ဖြင့်ငွေကြေးတောင်းခံခြင်း၊ လူသစ်စုဆောင်းခြင်းများကြောင့်KIAအဖွဲ့သည် လူသတ်ဓါးပြတိုက်သည့်အဖွဲ့နှင့် မခြားဆိုးသွမ်းယုတ်မာနေသော အဖွဲ့ဖြစ်ကြောင်း၊ ကချင်လူမျိုးအချင်းချင်းကပင် ထောက်ခံမှုမရှိတော့ကြောင်း မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းရေး အကျိုးဆောင်များကပင် KIA ကို စိတ်ပျက်ဖွယ်ကောင်းသော အဖွဲ့ဖြစ်သွားပြီဟု ပြောဆိုလျက်ရှိပါသည်။


မိတ္တူထုတ်ရန်

2 comments:

  1. ကြံ့ဖွတ် အဖွဲ့သည် လူသတ်ဓါးပြတိုက်သည့်အဖွဲ့နှင့် မခြားဆိုးသွမ်းယုတ်မာနေသော အဖွဲ့ဖြစ်ကြောင်း၊ ဗမာလူမျိုးအချင်းချင်းကပင် ထောက်ခံမှုမရှိတော့ကြောင်း မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းရေး အကျိုးဆောင်များကပင် ကြံ့ဖွတ်ကို စိတ်ပျက်ဖွယ်ကောင်းသော အဖွဲ့ဖြစ်သွားပြီဟု ပြောဆိုလျက်ရှိပါသည်။

    ReplyDelete
  2. ခွေးကောင် မင်းကအနာပေါ်တုတ်ကျလို့ ထဟောင်တာလား

    ReplyDelete