အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Thursday, March 24, 2011

ပန်းပန်လျက်ပါ ရွှေမြန်မာ


မြန်မာ အမျိုးသားကို အထင်မကြီးတတ်သူ အမေစု

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်ဟာ မြန်မာဗိုလ်ချုပ်ကြီးများကို တိုက်ရိုက်ထိခိုက်မှုမရှိပဲ မြန်မာပြည်သူတွေအပေါ် တိုက်ရိုက်သက်ရောက်စေမဲ့ စီးပွားရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေသာ ဆုံးရှုံးနစ်နာစေခြင်းကြောင့် ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ထားတာကို ပြန်လည်ရုပ်သိမ်းဘို့ စဉ်းစားနေတဲ့အချိန်မှာ မြန်မာပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရမှာကို စိုးရိမ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ကတော့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကို ဆက်ပြီးထားဘို့ လိုမယ်လို့ အနောက်ဆရာကြီးများ အလိုကျအတိုင်း ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်ဆိုတာ ရှေး ဘိုးဘွား ဘုရင်လက်ထက်ကတည်းက ငတ်မွတ်ခေါင်းပါးနေတဲ့ နိုင်ငံတစ်နိုင်ငံတော့ မဟုတ်ဘူးဆိုတာ မြန်မာ့သယံဇာတတွေကို ကြည့်ရင် သိပါလိမ့်မယ်။ သူများက ထောက်ပံ့မှ စားရတဲ့ ဘ၀ မဟုတ်ပါ။ မြန်မာ့ ရေ မြေ သယံဇာတတွေက ထွက်လို့မကုန် သုံးလို့မကုန်နိုင်ပါ။ မြန်မာအပေါ်စီးပွားရေးပိတ်ဆို့ထားတာ နှစ်တော်တော်တောင်ကြာနေသော်လည်း မြန်မာပြည် ချွတ်ချုံကျသွားခြင်း အလျဉ်းမရှိသေးပါ။ စင်ပေါ်က ရွှေမြန်မာ ဟာ ရွှေမြန်မာပါပဲလို့။

အနောက်ဆရာကြီးရဲ့  အလိုကျ ကပြ အသုံးတော်ခံနေရတဲ့ ဒေါ်စုကြည်ခမျာ ဒါကို ဘာမှ မလေ့လာ ပဲ မြန်မာကို စီးပွားရေးဆက်ပိတ်ဆို့ထားဘို့ တွင်တွင်ပြောနေရှာတာ မမောနိုင် မပန်းနိုင်ပါပဲ။ ဒါပေါ့ သူ့တို့ပေးတဲ့ ဆုကြေးတွေ ရထားတာဆိုတော့လည်း သူ့အလိုကျ ကပြရတော့မပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည် ကြီးပွားတိုးတက်မှာကို မနာလို မရှုဆိမ့်ဖြစ်နေပေမဲ့ ရွှေမြန်မာပြည်ကြီးက ရွှေရောင်တွေ တလက်လက်ဝင်းလက်နေတဲ့ စေတီးပုထိုး တွေနဲ့ သယံဇာတ ပေါကြွယ်ဝလို့ မဗေဒါ တို့ကတော့ ပန်းပန်လျက်ပါပဲလို့...............

မြန်မာပြည်ဖွား မြန်မာပြည်သား

မိတ္တူထုတ်ရန်

3 comments:

  1. မြန်မာနိုင်ငံအပေါ်ဘာကြောင့် စီးပွားရေးပိတ်ဆိွု့ဘာကြောင့်ထည့်ပြီးမရေးတာလဲ၊ စီးပွားရေးပိတ်ဆို့တာကို ပြန်ပြီးဖွင့်ချင်ရင် ပြည်သူတွေလိုချင်တဲ့ လူ့ အခွင့်ရေးကိုပေးပေါ့ အဲသလိုဆိုရင် တောင်ဆိုစရာကိုမလိုဘူး စီးပွားရေးဖွင့်ပေးမှာပေါ ကိုယ်လူက နအဖရဲ့ ဘက်တော်သားပဲဖြစ်လိမ့်မယ်။ ပြည်သူဘက်တော်သား မဖြစ်နိုင်ဘူး ယောင်ဝါးဝါးမလုပ်ပါနဲ့ ။

    ReplyDelete
  2. မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့တာ စစ်အာဏာရှင်တွေကို ပိုမိုထိခိုက်တာပါ။မပိတ်ဆို့ပဲ ဖွင့်ပေးလည်း ပြည်သူတွေ အကျိုးခံစားရမှာမဟုတ်ပါဘူး။ လုပ်အားပေးတောင်ခိုင်းလိမ့်အုံးနော်။ ကိုယ့်လူက စစ်အာဏာရှင်တွေရဲ့ အကျိုးတူခံစားရလို့နေမှာပါ။ပြည်သူတွေဘက်က ဘာများရပ်တည်ပေးလို့လဲ ဒီနအဖကြီးက။ ပြည်ပရောက်မြန်မာများ ကိုယ့်အစိုးရမကောင်းတော့ ရောက်လေရာအနှိမ်ခံနေရတာသိရဲ့လားကွ။

    ReplyDelete
  3. " ပြည်ပရောက် မြန်မာများကိုယ့် အစိုးရမကောင်းတော့ ရောက်လေရာအနှိမ်ခံနေရတာ " လို့ ပြောနေကြတာမှားတယ်လို့ ထင်တယ်။ ရောက်တဲ့ နေရာမှာ ကိုယ်ကတကယ်တော်နေရင် တကယ်ကြိုးစားရင် ဘယ်သူကမှမနှိမ်ရဲပါဘူး။ ကိုယ်ကညံ့ နေရင် ဘာမှမကြိုးစားရင်တော့ ဘယ်နေရာရောက်ရောက် အနှိမ်ခံရမှာပဲ။ ပြည်ပမှမဟုတ်ဘူး ကိုယ့် နိုင်ငံမှာနေလည်း အနှိမ်ခံရမှာပဲ။

    ReplyDelete