အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Saturday, November 27, 2010

DKBA ဗိုလ်မှူးချုပ်စောလာပွယ်(ခေါ်)နှုတ်ခမ်းမွှေးဦးဆောင်တဲ့ အဖွဲ့လုပ်ရပ်များကြောင့် ထိုင်းစီးပွားရေးကျဆင်းခဲ့ခြင်း

၂၇ နိုဝင်ဘာ ၂၀၁၀

ထိုင်းနိုင်ငံ တာ့ခရိုင်နယ်စပ်တွင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA အဖွဲ့ရဲ့ လုပ်ဆောင်မှုကြောင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ရသလို ထိုင်းနှင့်မြန်မာ ဆက်ဆံရေးကိုပါ အနှောင့်အယှက်ဖြစ်စေတယ်လို့ နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှာ တာ့ခရိုင်ဝန်က ပြောဆိုခဲ့တာကို DVB သတင်းဌာနက ဖော်ပြခဲ့ပါတယ်။




ဆက်လက်ပြီး တာ့ခရိုင်ဝန်ပြောဆိုတာကတော့ ယခုအချိန်မှာ DKBA နဲ့ KNU ပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေက စားနပ်ရိက္ခာများကို ယူပြီး နယ်စပ်မှာ တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

တာ့ခရိုင် ကုန်သည်ကြီးများအသင်းမှ ပြောဆိုတာကတော့ ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က စတင်ပြီး မြ၀တီ-မဲဆောက်တံတား ပိတ်ထားသဖြင့် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ပြီး နိုဝင်ဘာလ အစောပိုင်းအထိ ခန့်မှန်းခြေ ထိုင်းဘတ်သန်းပေါင်း (၇၂၀၀)ခန့် ဆုံးရှုံးနစ်နားမှုရှိသည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဧရာဝတီသတင်းဌာနမှ ဖော်ပြခဲ့ပါသည်။

ထိုင်းနိုင်ငံစီးပွားရေးကျဆင်းမှုတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ခိုအောင်းနေပြီး နအဖ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ KNU နှင့် DKBA ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေးဦးဆောင်တဲ့ အဖွဲ့တို့၏ လုပ်ရပ်ဖြစ်တယ်လို့ ထိုင်းအစိုးရဘက်မှ တာဝန်ရှိသူများက ပြောကြားနေပေမဲ့ အခြားသတင်းများအရ နယ်စပ်မှာရှိတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်းအချို့ကတော့ ၄င်းတို့အဖွဲ့ကို ငွေအင်အားနဲ့ ကူညီပြီး အကာအကွယ်ပေးနေတယ်ဆိုတာ သိရှိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှ မြန်မာကုန်သည်ကြီးတစ်ဦး ပြောတာကတော့ မကြာမီ ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အစိုးရနှင့်ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအတွက် ပြောင်းလဲ လာသည့် မြန်မာစစ်အစိုးရ နိုင်ငံရေးအပြောင်းအလဲအပေါ် မူတည်၍ ဆက်ဆံရေး ပိုမိုခိုင်မာ လာစေရန်အတွက် KNU နှင့် DKBA ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေးအဖွဲ့ကို နယ်စပ်မှာ လက်ခံထားမှာ မဟုတ်ကြောင်း ထိုင်းအစိုးရနှင့် နီးစပ်တဲ့ ထိုင်းကုန်သည်ကြီးများထံမှ ကြားသိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

မိတ္တူထုတ်ရန်

No comments:

Post a Comment