အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Monday, September 27, 2010

ချစ်လို့ပြောတယ်မှတ်ပါ




မြန်မာအမျိုးသမီးတွေဟာ ဣနြေ္ဒကြီးရင့်ပြီး အရှက်ကြီးတတ်သူတွေပါ။ အသက်ထက် အရှက်ကိုတန်ဖိုးထားပြီး မိမိမျိုးရိုးဇာတိကို ငဲ့ကွက်ပြီးရှက်ခြင်း၊ မိမိအရွယ်ကိုငဲ့ပြီး ရှက်ခြင်း စသော ရှက်ခြင်းတရားများနဲ့ အများအမြင်၊ မိဘ မောင်ဘွား ဆွေမျိုးများရဲ့အမြင်မှာ မတင့်တယ်တဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်၊ သွားလာခြင်းမျိုးတွေကို ရှောင်ကြဉ်တတ်သူ တွေပါ။ မြန်မာယဉ်ကျေးမှုအရ သူစိမ်းကျားနဲ့မ နီးနီးကပ်ကပ် ပြောဆို၊ သွားလာ၊ နေထိုင်မှုကို အမြင်မတော်လို့ ကန့်သတ်ထားခဲ့တယ်။ ဟိုအရင်က မင်းသား၊ မင်းသမီး ကရင်တောင် ပုဝါတစ်ကမ်း၊ လက်တစ်ကမ်းအကွာက ကပြရတာ တွေ့ဘူးမှာပေါ့ဗျာ။ ခေတ်တွေပြောင်းလာတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ အစဉ်အလာယဉ်ကျေးမှုကို တော့ “သွားရောဟ” ဆိုပြီး လုံးဝပစ်ပယ်ဘို့ မသင့်ဘူးဗျ။ ဒီအချက်ကို မြန်မာအမျိုးသမီးအားလုံးက အသိတရားနဲ့ သတိထားထိန်းသိမ်းစေချင်တာပါ။ အထူးသဖြင့်၊ အထူးသဖြင့် ပြောတာနော်၊ နိုင်ငံခေါင်းဆောင် လုပ်ဖို့တောင်ကြံမယ် ဆိုရင်တော့ ပို၍၊ ပို၍၊ ပို၍ စတဲ့ ပို၍များစွာဖြင့် မြန်မာအမျိုးသမီးများရဲ့ပုံရိပ်ကို ညိုးနွမ်းစေမဲ့ပြုမူ၊ ပြောဆို၊ လုပ်ဆောင် ချက်တွေကို အထူး၊ အထူး၊ အထူးစတဲ့ အထူးများစွာဖြင့် ရှောင်ကြဉ်အပ်ပါတယ်။

ဗုဒ္ဓတရားတော်မှာလဲ လောကီသားတို့အကျိုးတရားအတွက် ဟီရိနဲ့ သြတ္တပ္ပအရှက်အကြောက်တရား နှစ်ပါးကို ဟောကြားခဲ့ပါတယ်။ ဒီတရားနှစ်ပါးဟာ လောကကိုစောင့်ရှောက်တဲ့ လောကပါလတရားလို့ဘဲ ဆိုပါတယ်။ မကောင်းတာ၊ မမှန်တာလုပ်ဖို့ ရှက်တတ်ခြင်းဆိုတဲ့ ဟီရိတရားနဲ့ မကောင်းတာမမှန်တာလုပ်ဖို့ ကြောက်တတ်ခြင်းဆိုတဲ့ သြတ္တပ္ပတရားတို့ဖြစ်ပါတယ်။ ဟီရိတရားကင်းရင်

အဟီရိကမရှက်တတ်သူအဖြစ် သက်ရောက်ပြီး သြတ္တပ္ပတရား ကင်းရင် အနောတ္တပ္ပမကြောက်တတ်သော သဘောသက်ရောက်တယ်လို့ ဆိုပါတယ်။

မကောင်းမှုမှ ရှက်ခြင်းအကြောင်းတရားလေးပါးကတော့

(၁) ဇာတိဟီရိ - မိမိမျိုးရိုးဇာတိဂုဏ်ကို ငဲ့ကွက်ပြီးရှက်ခြင်း (အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုထိန်းသိမ်းခြင်း)

(၂) ၀ရဟီရိ - မိမိအရွယ်ကိုငဲ့ပြီး ရှက်ခြင်း (မိမိအသက်အရွယ်နှင့် မလျော်ညီသောအလုပ်ကို မလုပ်ခြင်း)

(၃) သူရဟီရိ - မိမိရဲရင့်မှုကို ငဲ့ကွက်ပြီးရှက်ခြင်း (ဆိုလိုတာက သူတစ်ပါးအားကိုးတဲ့ သူရဲဘောနည်း သူတွေလုပ်တဲ့ ဒီအကျင့်မျိုးကို ငါမလုပ်ဆိုပြီး ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိခြင်း)

(၄) ဗဟုသစ္စဟီရိ - ပညာမရှိသူတို့ မျက်ကန်းတစ္ဆေမကြောက်လုပ်တိုင်း ပညာရှိသူတို့က လုပ်ဖို့ရှက်ခြင်း

မကောင်းမှုကိုကြောက်ခြင်း အကြောင်းတရားလေးပါးကတော့

(၁) အတ္တာနုဝါဒသြတ္တပ္ပ - မိမိကိုယ်မိမိလက်ညိုးထိုးစရာဖြစ်မည်ကြောင့် ကြောက်ခြင်း

(၂) ပရာနုဝါဒသြတ္တပ္ပ - သူတစ်ပါးကဲ့ရဲ့ခံရမည်ကြောင့် ကြောက်ခြင်း

(၃) ဒဏ္ဍသြတ္တပ္ပ - လောကထုံးတမ်းဥပဒေအရ ပြစ်မှုရောက်မည်ကြောင့် ကြောက်ခြင်း

(၄) ဒုဂ္ဂတိသြတ္တပ္ပ - အပယ်ကျမှာစိုးပြီး ကြောက်ခြင်းတို့ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ မြှောက်ထိုးပင့်ကော် အမည်ပေးထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖေမြန်မာ၊ အမေမြန်မာက မွေးတဲ့ မြန်မာအမျိုးသမီးပါ။ မျိုးရိုးဇာတိဂုဏ်မြင့်မားသူပါ။ အရွယ်ကလည်း (၆၀)နှစ် ကျော် မငယ်တော့ဘူးပေါ့နော်။ ၀မ်းနည်းစရာက မုဆိုးမလေးလည်းဖြစ်နေသဗျ။ မျိုးရိုးဇာတိဂုဏ်နဲ့ အရွယ်အရ မြန်မာတွေအမြင်မတင့်တယ်တဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်သွားလာတာတွေကို ရှောင်ကြဉ်စောင့်ထိန်းအပ်တာပေါ့။ မုဆိုးမလေးဆိုတော့ ပိုပြီးရှောင်ကြဉ်စောင့်ထိန်းအပ်တာပေါ့။ အခြေအနေကောင်းရင် နိုင်ငံ့ခေါင်းဆောင်လဲ လုပ်ဦးမှာ ဆိုတော့ ပိုပြီးပေါင်းများစွာ ရှောင်ကြဉ်စောင့်ထိန်းအပ်တာပေါ့။ ဒေါ်စုရဲ့ ပြောဆို၊ ပြုမူ၊ နေထိုင်မှုတွေကို ရုပ်မြင်သံကြား၊ အင်တာနက်၊ သတင်းစာနဲ့ စာနယ်ဇင်းတွေမှာ တွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေအရ ဒီဆောင်းပါး ကိုရေးတာပါ။

ဒေါ်စုက မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ရင်အပြုံးအရယ် ရင်းနှီးမှုမရှိသလောက်၊ (မိုးလောက်ကြီးတဲ့ ဒေါသတွေ ကြောင့် မပြုံး၊ မရယ်၊ ရင်းနှီးမှုမပြနိုင်တာဘဲလို့ လျှော့လျှော့ပေါ့ပေါ့ နားလည်ပေးလို့ရပါတယ်။) နိုင်ငံခြားသားတွေနဲ့ တွေ့ရင် အပြုံး၊ အရယ်၊ ရင်းနှီးမှုက တစ်ကယ်အသက်ဝင်တယ်။ ဒေါ်စုရဲ့ နိုင်ငံခြားသားတွေနဲ့ ပြောဆိုပြုမူနေထိုင်ပုံက အမြင်မတင့်တယ်လောက်အောင် အသက်ဝင်လွန်းတယ်။ ဒေါ်စု သတိပြုနိုင်အောင် ဓာတ်ပုံ အချို့ကို ပူးတွဲဖော်ပြပေးထားပါတယ်။

ခုလို လိုတာထက်ပိုတဲ့၊ မြန်မာအမြင် မတင့်တယ်တဲ့ ပြောဆို၊ ပြုမူ၊ လုပ်ဆောင်မှုတွေ ဆက်လုပ်နေရင် ဒေါ်စုအတွက်လဲမကောင်းပါ၊ မြန်မာ အမျိုးသမီးတွေအတွက်လဲ မကောင်းပါ။

ဒေါ်စုခင်ဗျား ဒေါ်စုရဲ့သမိုင်း၊ မျိုးရိုးဇာတိဂုဏ်၊ အရွယ်နဲ့ မြန်မာအမျိုးသမီးများရဲ့ မြင့်မားတဲ့ဂုဏ်ရည်ကို ထောက်ထားလို့ မြန်မာအမျိုးသမီးများရဲ့ ပုံရိပ်ကို ညိုးနွမ်းစေမဲ့ ပြောဆို၊ ပြုမူ၊ လုပ်ဆောင်ချက်တွေကို ရှောင်ရှားပေးပါ။ တဲ့တဲ့ပြောရရင် နိုင်ငံခြားသားတွေနဲ့တွေ့ရင် လိုတာထက် ပိုတဲ့၊ မြန်မာအမြင်မတင့်တယ်တဲ့ ပြောဆို၊ ပြုမူ၊ လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ထိန်းသိမ်းပေးပါလား။ အထက်မှာဖော်ပြခဲ့တဲ့ ဟီရိနဲ့သြတ္တပ္ပ အရှက်အကြောက်နှစ်ပါးကို ပိုမိုလိုက်နာစောင့်ထိန်းပေးပါလားလို့ ပြောချင်ပါတယ်။ မြန်မာကိုချစ်တဲ့ မြန်မာတစ်ဦးက “ချစ်လို့ပြောတယ်လို့မှတ်ပါ” ဒေါ်စုခင်ဗျား…….။

ဝရဇိန်မိုးကြိုး



မိတ္တူထုတ်ရန်

3 comments:

  1. မင်းအမေကမှ ပိုဆိုးသေးတယ်။ မင်းအမေ ဖါသယ်မ မဖြစ်ခင် မင်းတို့ပထွေး
    တယုတ်(တရုတ်)ဆီမှာ ဖျက်ဆီးခံခဲ့ရပြီး ထွက်ပြေးအလာ လမ်းမှာ သန်းရွှေ
    မောင်အေးတို့ ၀ိုင်းပြီး မုဒိန်းကျင့်ခံရလို့ ဖာသယ်မ ဖြစ်သွားတာ။အဲဒီကမှ တဆင့် မင်းလူဖြစ်လာတာ။

    ReplyDelete
  2. ဖာသည်မသားမိုးကြိုး မင်းအမေကိုသန်းေ၇ွလိုးထားလို့ဒီစကားပြောတာလားကွ

    ReplyDelete
  3. ဖာသယ် မ သား အတွေးခေါင်တဲ.ကောင်

    ReplyDelete