အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Friday, November 19, 2010

ဒီမိုကရေစီလုပ်စားများ၏ မရိုးနိုင်သော လုပ်ကွက်


၂၀၁၀ နိုဝင်ဘာလ ( ၇ )ရက်နေ့ကပြုလုပ်သွားတဲ့ ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး မဲဆန္ဒနယ်အသီးသီးမှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေကို မည်သူ တစ်ဦး တစ်ယောက်ကမှ ဖိအားပေး စေခိုင်းခြင်းမရှိဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့် အခွင့်အရေး အတိုင်း မိမိနှစ်သက်ရာ နိုင်ငံရေးပါတီများကို ဆန္ဒမဲ ပေးခဲ့ကြပြီးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မနာလိုမရှုစိမ့်နိုင်ကြသော ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီလုပ်စား နိုင်ငံရေးသမားဆိုသူတွေက အမျိုးသားဒီမိုကရေစီအင်အားစု ( NDF ) ပါတီကို လွတ်လပ်စွာမဲပေးခဲ့တဲ့ ပြည်သူအချို့ ကို အပြစ်တင် ဝေဖန် လေကန်တဲ့ အသံတွေ ဘာဆိုဘာမှမကြားရဘဲ ငြိမ်သက်နေတာ တွေ့ရပေမဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးအသင်းကို မဲပေးခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကိုလွင်မိုး ကို ၀ိုင်းပြီး အပြစ်တင် ဝေဖန်ကြတာ ကြားသိနေရပါတယ်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅ နဲ့ ၅၇ မှာ ဒီလိုပြဌာန်းထားပါတယ်...

ပုဒ်မ ၄၅
(က) သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပသို့ ရောက်နေသော တပ်မတော်သားများ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများနှင့် ဆေးရုံသို့ တက်ရောက်ကုသ နေသူများသည် ကြိုတင်ဆန္ဒမဲ လက်မှတ်များဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေး နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ ခွဲက စီစဉ်ပေးရမည်။

(ခ) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်ဦးသည် ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မိမိ အမည်စာရင်း ပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေးသွားလာရန် ရှိလျှင် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲက စီစဉ်ပေးရမည်။


ပုဒ်မ ၅၇
မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဆိုပြီး ပြဌာန်းထားပြီးဖြစ်ပါတယ်။


ကိုလွင်မိုးက လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆန္ဒမဲပေးခဲ့တာဟာ ပြည်သူတစ်ယောက်ရဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လူအွင့်အရေးကို စော်ကားလိုက်တာပဲဖြစ်ပါတယ်။ ဒီမိုကရေစီလုပ်စားတွေကတော့ ဒီအတိုင်းပါဘဲ .......ဒီလေသံတွေကို ဂရုစိုက်နေရင်တော့ ကို လွင်မိုး ကိုယ့်အလုပ်ပျက်ရုံပဲရှိပါလိမ့်မယ်။

သူတို့ကတော့ ဒီလိုအော်မှ ဒေါ်လာထောက်ပံ့ကြေးရမယ်မဟုတ်လား... သူများရဲ့ စားဝတ်နေရေး ဆိုတော့လဲဗျာ.... အော်ပါစေ နားလည်ခွင့်လွှတ်ပေးလိုက်ပါ ကိုလွင်မိုးရာ....

ဒီနေရာမှာ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို မဲမပေးခဲ့ပဲ NDF ပါတီကိုမဲပေးခဲ့မယ်ဆိုရင် ဒီလိုအော်ခိုင်းမယ်မထင်ဘူး.....အော်......ဒီမိုကရေစီလုပ်စားတွေရဲ့  ဘ၀ကလဲ သနားစရာပါလားနော်။


ကိုလွင်မိုးရဲ့  ပရိသတ်တစ်ဦး

မိတ္တူထုတ်ရန်

2 comments:

  1. ဟင်ဒူကုလား လွင်မိုးက စစ်အစိုးရကို အားပေးပြီးသားပါ။ သူ့အဖိုး ဦးပုဆိုတဲ့ ဟင်ဒူကုလားဟာ နိုင်ငံခြားသား မုန်းတဲ့ ဗိုလ်နေ၀င်းလက်ထက်မှာ ချမ်းချမ်းသာသာနေထိုင်ရတဲ့ အိန္ဒိယနွယ်ဖွား ဟင်ဒူတယောက်ပါ။ ဒါဆို သဘောပေါက်လောက်ပြီး ထင်ပါရဲ့

    ReplyDelete
  2. လီးဖြစ်လို့ လားမင်းမထွေးမဟုတ်ဘူးသူဟာသူကြိုက်တာပေးလိမ့်မယ်မင်းဒို့ တွေကပြောတော့ကြိုက်တာကိုပေးလို့၇တယ်ပြောသေးတယ်ပေးတော့လဲဝေဖန်သေးတယ်ဖာသည်မပါးစပ်တွေကြနေတောဘဲ

    ReplyDelete