အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Friday, October 15, 2010

စက်ရုံ၊ အလုပ်ရုံကြီးများကို အန္တရာယ်ပေးလာနိုင်သော Stuxnet Worm ဗိုင်းရပ်စ်

သတင်းအချက်အလက်နည်းပညာ(IT)တိုးတက်လာသည်နှင့်အမျှ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေကြပါသည်။ Cyber Warefare သည် အနာဂတ်ပဋိပက်္ခများကို စုပေါင်းပြီး ပိုမိုခေတ်မီလာသော နည်းစနစ်များဖြင့် Cyber Attack ပြုလုပ်လာနိုင်သဖြင့် သတင်းအချက်အလက်နည်းပညာ (IT) အလွန်အမင်းအမှီပြုထားသော ခေတ်မီနိုင်ငံကြီးများအတွက် ပိုမိုသတိပြု နေကြရပြီဖြစ်ပါသည်။ ယခုတစ်လော Internet သတင်းများတွင် ခေတ်စားလာသော Stuxnet ဗိုင်းရပ်စ်သည် Cyber Warefare ၏ ရှေ့ပြေး Cyber Weapon ဖြစ်ကြောင်း Cyber နယ်ရှိ ကျွမ်းကျင်သူများက သတ်မှတ်ထားပြီး အထူးဂရုစိုက်စောင့်ကြည့်နေကြရပါသည်။

Stuxnetကို ကမ်္ဘာ့ပထမဆုံး ဆိုက်ဘာစူပါလက်နက် (First Cyber Weapon)အဖြစ် ကျွမ်းကျင်သူများက ယူဆကြပြီး ၎င်း Stuxnet ဖြင့်တိုက်ခိုက်ခံရပါက ခုခံနိုင်ရေးနှင့်ကြိုတင် ကာကွယ်ရေးနည်းလမ်းများ ရှာဖွေလျက်ရှိပါသည်။
အင်တာနက်သတင်းများတွင် လေ့လာတွေ့ရှိချက်များအရ Stuxnet သည် စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထိန်းချုပ်မှုစနစ်အား ရည်ရွယ်တိုက်ခိုက်သည့် Windows စနစ်အတွက် သီးသန့်ထုတ်လုပ်ထားသော Worm အမျိုးအစားဖြစ်ကြောင်း၊ အထူးသဖြင့် ဂျာမဏီအခြေစိုက် Siemens၏ Win CCP/ PCS7 Supervisory Control And Data Acquisition (SCADA) Software အသုံးပြုသော ကွန်ပျူတာစနစ်များအား အဓိကထားတိုက်ခိုက်ကြောင်း၊ ကူးစက်ခံထားရသော USB Flash Drives များမှတစ်ဆင့် ကွန်ရက်အတွင်း WinCC ကွန်ပျူတာများအား အလိုအလျောက်ရှာဖွေကူးစက်ခြင်းဖြစ်ကြောင်း၊ Stuxnet သည် အခြားသော malware များကဲ့သို့ ငွေကြေးခိုးယူခြင်း၊ အရေးကြီးအချက်အလက်များ ခိုးယူခြင်းမျိုးမဟုတ်ဘဲ ရည်ရွယ်ထားသော ကွန်ပျူတာများသို့သာ အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုးဖြစ်ကြောင်း၊ တိုက်ခိုက်သူသို့ အင်တာနက်ဖြင့် ပြန်လည်ချိတ်ဆက်ခြင်းမရှိကြောင်း သိရှိရပါသည်။

နည်းပညာပိုင်းဆိုင်ရာ ကုမ်္ပဏီများ၏ ဖော်ပြချက်များအရ Stuxnet သည် နိုင်ငံကန့်သတ်ချက်မရှိဘဲ စက်ရုံ၊ အလုပ်ရုံများ၏ ထိန်းချုပ်မှုစနစ်များကို ၀င်ရောက်ဖျက်ဆီး၍ အလိုအလျောက်ပြောင်းလဲပြင်ဆင်ခြင်းများကို အန်္တရာယ်ကြီးစွာပြုလုပ်နိုင်ကြောင်း၊ Stuxnet သည် ကိုယ်တိုင်မိတ်္တူပွားပြီး အခြားကွန်ပျူတာများသို့ ကွန်ရက်မှတစ်ဆင့် ပျံ့နှံ့ကူးစက်နိုင်ကြောင်း၊ အထူးသဖြင့် Memory Stick များမှတစ်ဆင့် ပျံ့နှံ့မှုပိုမိုတွေ့ရှိရကြောင်း၊ Cyber Weapon ၏ ရှေ့ပြေးပုံစံဖြစ်ပြီး Industrial Infrastructure များအား တိုက်ခိုက်ရန် အဓိကရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ အစိုးရ တစ်ခုခု၏ ကျောထောက်နောက်ခံပြုထားသော အဖွဲ့အစည်းတစ်ခုခုမှမြောက်များစွာသော ငွေကြေးအရင်းအနှီး၊ အချိန်နှင့် Software Engineering ကျွမ်းကျင်မှုတို့ ပေါင်းစပ်၍ ဖန်တီးတိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Stuxnetသည် Nuclear Facilities များ၊ ရေအားလျှပ်စစ်စက်ရုံများ၊ ဘိလပ်မြေစက်ရုံများ စသည်ဖြင့် ၎င်းင်းတို့ပစ်မှတ်ထားသည့် စက်ရုံကြီးများကို ထိခိုက်နှောင့်နှေးစေရန် စက်ရုံ၏ အဓိကစက်အစိတ်အပိုင်းကို ထိန်းချုပ်သော ကွန်ပျူတာအတွင်းသို့ဝင်ရောက်ကာ ရေပန့်၊ မော်တာ၊ အချက်ပြစနစ်နှင့် အဆို့ရှင် (Vakves)ကဲ့သို့သော အရေးပါသော နေရာများကို ထိန်းချုပ်စေကြောင်း၊ အဓိကအားဖြင့် စက်ရုံများရှိ ဘွိုင်လာအိုးများ ပေါက်ကွဲမှု၊ ဓာတ်ငွေ့ပိုက်လိုင်းများ အားပျက်စီးမှု၊ သို့မဟုတ် နျူးကလီးယားစက်ရုံများကို ပျက်စီးစေခြင်းဖြစ်ကြောင်း၊ စက်ရုံအလုပ်ရုံများ၏ ထိန်းချုပ်မှုစနစ်များကို ၀င်ရောက်တိုက်ခိုက်ခံရခြင်းကြောင့် ယင်းစက်ရုံများသည် ပြိုကွဲပျက်စီးနိုင်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ Stuxnet ကူးစက်ခံထားရသော နိုင်ငံများမှာ တရုတ်၊ အီရန်၊ အင်ဒိုနီးရှား၊ အိန်္ဒိယ၊ သြစတေးလျ၊ မလေးရှား၊ ဗြိတိန်တို့ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း Siemens ၏ WinCC/PCS7 SCADA Software နှင့် အခြား Industrial Control System အသုံးပြုသော စက်ရုံ၊ အလုပ်ရုံကြီးများရှိပါက Stuxnet ၀င်ရောက်ကူးစက်တိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ဗိုင်းရပ်စ်ပျံ့နှံ့မှုများကို စောင့်ကြည့်စစ်ဆေးခြင်း၊ USB Flash Drivesထိန်းချုပ်ခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားဖော်ပြရပါသည်။

မိတ္တူထုတ်ရန်

No comments:

Post a Comment