အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Friday, October 29, 2010

ပြည်သူတွေ ဦးညွှတ်တဲ့ နိုင်ငံတော် အလံကို တကယ် မီးရှို့ ရဲသူများ

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်ထိ အသုံးပြုခဲ့သော မြန်မာနိုင်ငံ အလံ



ဟိုတစ်လောက နစ်နေမန်း အပါအ၀င် ပြည်ပကို ခိုလှုံနေကြတဲ့ ဒီမိုကရေစီ လှုပ်ရှားသူများဆိုသူများက "

" နိုင်ငံတစ်နိုင်ငံရဲ့  နိုင်ငံကိုယ်စားပြု အလံကို နအဖလို အာဏာရူးအဖွဲ့ က အလွယ်တကူဖြူတ်ချဖျက်ဆီးပြစ်လိုက်ခြင်း "

ဆိုပြီး မြန်မာနိုင်ငံ စစ်အစိုးရက မဆလ လက်ထက်ကတည်းက ယခင်နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ကြယ်ဖြူ ၁၄ လုံးပါ နိုင်ငံတော်အလံဟောင်းကို ဖြုတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ၀ါ၊ စိမ်း၊ နီ သုံရောင်ခြယ် အလံသစ်ကို အစိုးရရုံးဌာနများတွင် အခမ်းအနားများဖြင့် လွှင့်တင်လိုက်သည်ကို အဆိုပါ ပြည်ပမှာ ခိုလှုံနေကြတဲ့ ဒီမိုကရေစီ လှုပ်ရှားသူများဆိုသူများက ၀ိုင်းပြီး မီဒီယာတွေကနေ အော်ကြ အင်တာနက်ပေါ်မှာ လွှင့်ကြနဲ့တွေ့လိုက်ရပါတယ်။ အလံသစ်မသုံးခင်အချိန်က ဘယ်သူတွေက ကြယ်ဖြူ ၁၄ လုံးပါ နိုင်ငံတော်အလံကို မြေပေါ်ဖြုတ်ချ မီးရှို့  ဖျက်ဆီးသလဲ ဆိုတာ အထောက်အထား ဓါတ်ပုံများနှင့်တကွ မြန်မာပြည်သူတွေကို သက်သေပြပါမယ်

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ဘယ်နိုင်ငံအစိုးရမဆို သူ့နိုင်ငံရဲ့ နိုင်ငံတကာမှာ ကိုယ်စားပြုထားတဲ့အလံကို မီးရှို့ လိုက်တယ် ဆိုတာ ဖြစ်တန်ကောင်းတဲ့ အရာလားဆိုတာ ခလေးတော
င်စဉ်းစားတတ်ပါတယ်။ တကယ်လို့သာ အဲဒီအစိုးရက ပြည်သူတွေ ခေါင်းကို ဦးညွှတ်ပြီး အရိုအသေပြုနေတဲ့ အလံကိုသာ အမှန်တကယ် မီးရှို့ ဖျက်ဆီးကြည့်ပါလား... ပြည်တွင်းက မြန်မာပြည်သူတွေ ဒဏ်ခတ်တာကို ကောင်းကောင်းကြီး ခံရမှာ သေချာပဲ။

အလံသစ် မသုံးခင်က မြန်မာပြည်သူတွေ ခေါင်း
ကို ဦးညွှတ်ပြီး အရိုအသေပြုနေတဲ့ အလံကို လူတကာ သွာလာနေတဲ့ လမ်းပေါ် ဖြုတ်ချကာ မီးတကယ်ရှို့ ပြနေတာက နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ ခိုလှုံနေကြတဲ့ နိုင်ငံရပ်ခြား အစိုးရခိုင်းတာ ( အေးပေါ့ သူ့ နိုင်ငံမှာ နေနေရတော့လဲ သူ မငြိုငြင်အောင် သူ ခိုင်းတာ လုပ်ပြရတာပေါ့ ) လုပ်နေရတြဲ့( သူများ ခိုင်းတာ လုပ်ပြနေတာ ဆိုတော့ ကျွန်သာသာ အဆင့်ဖြစ်နေပြီ ) မြန်မာပြည်ဖွား မြန်မာစစ်စစ်ကြီးတွေ ဖြစ်နေပါတော့တယ်ဗျာ။ ( တိုင်းတစ်ပါးရောက် မြန်မာများက ကိုယ့် မြန်မာရဲ့ အလံ ကို တကယ် ခြေထောက်နဲ့ နင်း၊ တကယ်မီးရှို့ နေကြတဲ့ သက်သေခံ ဓါတ်ပုံ များနဲ့ ပြထားပါတယ် )























မြန်မာပြည်မှာမွေး မြန်မာပြည် ရေကိုသောက် ကြီးပြင်းခဲ့တဲ့ မြန်မာပြည်သားစစ်စစ်တွေ မြန်မာပြည်သူတွေ ဦးညွှတ်နေတဲ့ အလံကို တကယ် ခြေနင်းနဲ့ မီးနဲ့ရှို့ ပြနေပုံ



















အဲဒီတော့ လူဆိုရင် စဉ်းစားကြည့်ပေ
ါဗျာ.... အဲဒီလို လုပ်နေကြတဲ့ သူတွေက တကယ်တော့ မွေးတုန်းက ချက်ကြိုး မြန်မာပြည်တစ်နေရာမှာ မြှုပ်ခဲ့ကြတဲ့သူတွေ မြန်မာမြေပေါ်မှာ အရွယ် တစ်ပါးကြီးပြင်းခဲ့ပြီးမှ သူများနိုင်ငံခြားတိုင်းပြည်မှာ အကြောင်းအမျိုးမျိုးနဲ့ ခိုလှုံနေတဲ့၊ မြန်မာစကာ့းကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ မြန်မာပြည်သား စစ်စစ်ကြီးတွေ ဖြစ်နေပါတယ်။ မြန်မာပြည်သားစစ်စစ်ကြီးတွေ ဖြစ်နေရဲ့သားနဲ့ မြန်မာပြည်သူတွေ အမြတ်တနိုး ဦးခေါင်းအထက်မှာ လွှင့်ထားတဲ့ အလံ ကို ယုတ်ညံ့တဲ့ ခြေထောက်နဲ့ နင်း မီးရှို့  လုပ်ပြနေတာဟာ မြန်မာပြည်တွင်းက သူတွေကို အဝေးတစ်နေရာကနေ စော်ကားပြနေတာပါပဲ။

အရှိအတိုင်းမြင်သူ

မိတ္တူထုတ်ရန်

2 comments:

  1. အရမ်းမိုက်ရိုင်းတဲ့ကောင်တွေပါ . နိုင်ငံတော်အလံကို မီးရှို့တာ တော်တော်မိုက်ရိုင်းတယ် ။ ပထွေးအားကိုးနဲ့ ပထွေးသဘောကျ လုပ်နေတာနေမှာပေါ့ ။ အလံသစ်လဲ တင်ရော အလံဟောင်းကို ချစ်လှချည်ရဲ့ လွမ်းလှချည်ရဲ့လုပ်နေကြပြန်ရော ။ ရူကြောင်ကြောင်အတွေးတွေနဲ့ ကလေးသာသာ ဥာဏ်ရေ နဲ့ ကောင်တွေ ......

    ReplyDelete
  2. အခုအလံ ကို တရားမ၀င်အလံလို့ ပြောပြန်တော့ -အရင် အလံကရော တရားဝင်တော့လို့လား။၁၉၈၈ စက်တင်ဘာ၁၈မှာ န၀တ စောမောင်ရဲ့ စစ်တပ်က မဆလဆီကနေ အာဏာသိမ်းလိုက်တာလို့ ကမ္ဘာ့နိုင်ငံအသီးသီးကို ကြေညာခဲ့ပြီးတာ ဆိုတော့ -အဲဒီ မဆလ အလံကြီးကရော တရားဝင်ပါဦးတော့မလား။အဲဒီနေ့ကတည်းက တရားမ၀င်တော့တာ ကြာပြီ။၈၈၈၈အရေးတော်ပုံတပ်သားတွေ ဇောက်ထိုးဆွဲခဲ့-မီး၇ှို့ခဲ့-မြေမြှုပ်ခဲ့ပြီးတဲ့-အဲဒီ ကျက်သရေ မရှိတော့တဲ့ မဆလ အလံကြီးကိုယ်တိုင်က တရားမ၀င်ပါဘူးဆိုမှ-အခု တရားမ၀င် အသစ်တင်တဲ့ အလံသစ်ကရော -ဘာထူးလဲ။သူလည်း ထို့နည်းလည်းကောင်း=တရားမ၀င် အဆင့်က ပြောင်းမှာ မဟုတ်ဘူး။
    အေး--တခုတော့ ထူးတယ်။
    အချိန်မတန်ဘဲ အလံပြောင်းလိုက်တဲ့ နအဖ အတွက် အချိန်မတန်ခင် အလောင်းပြန်ရတော့မယ်။

    ReplyDelete