အမှောင်ကိုခွင်း အလင်းဆောင်မည်..........

Thursday, September 23, 2010

တကယ်ချစ်ပါရဲ့လား ?

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ ဘားရက်အိုဘားမားဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ ၂၀၀၉ ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုချီးမြှင့်ခြင်းခံရပါတယ်။ အိုဘားမားရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်းနဲ့ ပြည်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့် အောင် သူမတူ ထူးခြားစွာစွမ်းဆောင်ခဲ့တဲ့အတွက် အခုလိုချီးမြှင့်ခဲ့တာလို့ နော်ဝေအခြေစိုက် နိုဘယ်လ် ဆု ရွေးချယ်ရေးကော်မတီကပြောပါတယ်။အိုဘားမားကတော့ သူ့ကို နိုဘယ်လ်ဆုချီးမြှင့်တဲ့အတွက် အံ့သြပြီး သူနဲ့ထိုက်တန်ပါ့မလားလို့ ခံစားမိကြောင်း ၂၁ ရာစုမှာ နိုင်ငံအားလုံး ရင်ဆိုင်နေကြတဲ့ စိန်ခေါ်မှုကြီးအတွက် အလုပ်လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့ ယူဆကြောင်း ပြောပါတယ်။
အမေရိကန်သမ္မတဖြစ်တာ ၁ နှစ်တောင်မပြည့်သေးတဲ့ မစ္စတာ အိုဘားမားကို ဒီဆုချီးမြှင့်တာနဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝန်းမှာ ချီးကျူးဂုဏ်ပြုသူများရှိပြီး ဆုပေးဖို့အချိန်စောသေးကြောင်းနဲ့ လက်တွေ့ အမှန် အကောင်အထည်ဖော်မှုကို စောင်ကြည့်သင့်သေးကြောင်း ဆိုသူတွေလည်း
ရှိပါတယ်။ နိုဘယ်လ် ဆုများအနက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုဟာ အငြင်းပွားဖွယ် အများဆုံး ဖြစ်ရတဲ့ဆု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ပတ်သက်လို့ အင်အားကြီးနိုင်ငံအချို့ဟာ သူတို့ရဲ့ သြဇာအာဏာကို အသုံးချပြီး သူတို့ရစေချင်သူတွေ ကိုတင်ပေးနေတယ်။ မွန်မြတ်တဲ့နိုဘယ်လ်ဆုနဲ့ အမှန်တကယ် ထိုက်တန်လို့ ရသူတွေ ရဲ့ဂုဏ်သိက္ခာကို မှေးမှိန်အောင်လုပ်နေတယ်ဆိုပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှု တွေတောင်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတော့ အိုဘားမား ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့ကိစ္စကို ကိုယ့်အမြင်နဲ့ကိုယ် ပြောကြဆိုကြမှာပေါ့ဗျာ။
ကျွန်တော့်အမြင်ပြောရရင်တော့ သမ္မတ အိုဘားမားရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ နျူကလီးယား လက်နက်ကင်းစင်တဲ့ ကမ္ဘာဖြစ်ရေးတစ်ခုတည်းနဲ့တင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရဖို့ ထိုက်တန်ပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေကို သာလွန်ကောင်းမွန်တဲ့ အနာဂတ်ကမ္ဘာကြီးဖြစ်ရေး မျှော်လင့်ချက်ပေးတာနဲ့ တင်ထိုက်တန်ပါတယ်။ စစ်အေးပြိုင်ဘက် ရုရှားနဲ့ နျူကလီးယားလက်နက်တွေလျှော့ချဖို့ ကန့်သတ် အရေအတွက်ကို သဘောတူညီခဲ့မှု၊ အမေရိကန်နဲ့ ရုရှားအကြား အပြန်အလှန် ဒုံးပျံတွေနဲ့ ချိန်တွယ် ကြရင်း ကမ္ဘာကြီး မလုံမခြုံထပ်ဖြစ်တော့မလားလို့ ပူပင်စရာဖြစ်စေခဲ့တဲ့ ပိုလန်နဲ့ ချက်နိုင်ငံမှာ ချထားမဲ့ ဥရောပဒုံးပျံကာကွယ်ရေးအစီအစဉ်ကို ဆက်လက်မဆောင်ရွက်တော့မှု၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီးယားအရေးကိစ္စတွေမှာ လိုက်လျောညီထွေတဲ့ ပျော့ပြောင်းမှုတွေ ပြလာမှု စတာတွေဟာ ငြိမ်းချမ်းရေးလိုလားတဲ့ အိုဘားမားရဲ့သဘောထားကို ထင်ဟပ်နေလို့ ထိုက်တန်တယ်လို့ထင်ပါတယ်။
ကျွန်တော်တို့ကမ္ဘာကြီးဟာ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှုအောက်မှာနေခဲ့ရတာ နှစ်ကာလ ရှည်ကြာလှပါပြီ။ နျူကလီးယားလက်နက်ပိုင်သူတွေ နျူကလီးယားလက်နက်ပိုင်ဖို့ အလားအလာ
ရှိသူတွေကလည်း တိုးလာပါတယ်။ ရှေ့ဆက်လည်း တိုးလာနိုင်ပါတယ်။ ဒီတော့ အထူးသဖြင့် နိုင်ငံငယ်တွေမှာ ပိုလို့ ရတတ်မအေး ဖြစ်လာရပါတယ်။ နျူကလီးယားစစ်ပွဲဖြစ်ရင် အလုံးစုံပျက်သုန်းသွားမှာမဟုတ်လားဗျာ။ အခြားအမြင်တစ်ခုနဲ့ဆိုရင်တော့ အီရတ်နဲ့ အာဖဂန်မှာ ပါဝင်ပတ်သက်နေဆဲဖြစ်မှု စတဲ့ အနုတ် လက္ခဏာပြဆဲကိစ္စတွေလည်းရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နျူကလီးယားလက်နက်နိုင်ဖဲကို မကိုင်တော့ဘူး ဆိုတဲ့ အပြောင်းအလဲကြီးက ကြုံတောင့်ကြုံခဲ အပြောင်းအလဲကြီး မဟုတ်လားဗျာ။ ပြီးတော့ ဂျာမန် ၀န်ကြီးချုပ်ပြောသလို ကမ္ဘာငြိမ်းချမ်းရေး အထူးသဖြင့် နျူကလီယားလက်နက် ပပျောက်ရေးအတွက် သမ္မတ အိုဘားမားနဲ့အတူ အားလုံး ဒီထက်မက ဆက်ကြိုးစားဖို့ ဒီဆုက နှိုးဆော်လိုက်တာဖြစ်တယ်လို့ ယုံကြည်ကြောင်းပါ။
သမ္မတ အိုဘားမားဟာ နိုဘယ်လ်ငြိမ်းချမ်းရးဆုရရှိတဲ့အတွက် ဆုကြေးငွေ ၁ သန်း ၄ သိန်း နီးပါး ရရှိမှာဖြစ်ပါတယ်။ ဒီဆုကြေးငွေတွေကို လှူဒါန်းမယ်လို့ ပြောပါတယ်။ သမ္မတကြီးရဲ့ စေတနာကို ဗုဒ္ဓဘာသာ မြန်မာတစ်ဦးက သာဓု-သာဓု-သာဓု ခေါ်ပါတယ်။ မတူ ထူးခြားစွာဆောင်ရွက်မှုကို ၀မ်းသာဂုဏ်ယူပါတယ်။ဒီနေရာမှာ နှစ်ခုနှိုင်းယှဉ်ကြည့်သင့်ပါတယ်။ တစ်ခုတည်းမဟုတ်ပါဘူး။ အိုဘားမားက နိုဘယ်လ် ဆုချီးမြှင့်ခံရတဲ့ တခြားကမ္ဘာကျော်ကြီးများရဲ့ စာရင်းထဲမှာ မိမိပါဝင်ထိုက်ရဲ့လားလို့ မ၀ံ့မရဲ ဖြစ်မိ တယ်တဲ့။ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့ ဒေါ်စုကကော...။နောက်တစ်ခုက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဒါနမှာမွေ့လျော်သူတွေပါ။ နည်းနည်း ရှိတောင် များများလှူချင်သူတွေပါ။ ချမ်းသာရင် ချမ်းသာသလောက် ဆင်းရဲပြန်တော့လည်း ဆင်းရဲတဲ့ အလျောက် အလှူရေစက်လက်နဲ့မကွာ ဒါနပြုသူတွေပါ။ အမေရိကန်သမ္မတ အိုဘားမားကတော့ ဆုကြေးတွေအားလုံး လှူမှာတဲ့ဗျာ ၊ ဒေါ်စုကကော------။
ဒေါ်စုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအ၀င် ဘာဆု ညာဆုတွေကရတဲ့ ဆုကြေးတွေနဲ့ ဒါနပြုဖူးမှာပေါ့။ လှူဒါန်းဖူးမှာပေါ့နော်။ ဘယ်နေရာတွေမှာလှူနေသလဲဗျာ။ သုံးနေသလဲဗျာ။ သိချင်ပါဘိ။ ကျွန်တော်ညံ့လို့လားမသိ။ မသိ၊ မကြားဖူးပါ။ ဒီတော့ ကျွန်တော်အပါအ၀င် မြန်မာပြည်သူပြည်သား တွေက အိုဘားမားရဲ့ဒါနနဲ့နှိုင်းယှဉ်ပြီး ဂုဏ်ယူရအောင် သာဓုသုံးကြိမ်ခေါ်နိုင်အောင် ဒေါ်စု နိုဘယ်လ် ငြိမ်းချမ်းရေးဆုကရရှိတဲ့ ဆုကြေးငွေထဲက မြန်မာနိုင်ငံမှာ လှူဒါန်းဒါနပြုမှုအစုစုကို ထုတ်ပြန်ပေး ပါလားလို့။ ကျွန်တော်တို့ သာဓုခေါ်ဖို့ အသင့်ပါခင်ဗျား။

မိတ္တူထုတ်ရန်

4 comments:

  1. အလင်းသစ်...ဆိုတော့..အလစ်သင်းပေါ့ ။ အလစ်သုတ် မဲ့အသင်းပေါ့ ။ သူခိုးအသင်းဘဲ ။ The New Light ပေါ့နော် ။ သူခိုးမှန်းတတိုင်းတပြည်လုံးက သိပြိးသားပါ ။ တက္မာလုံးကလဲ သိပြိးသားပါ ။

    ဒေါ်စု လှုထားတာကိုမသိတာ တကယ်မသိတာလား ။ ဒါနဲ့များတောင် အယ်ဒီတာ လုပ်ခွင့်ရသေးတယ်နော် ။ ကျနော် ၁၉၉၅ တုံးက ဗမာပြည်ထဲမှာ ခိုးဖြန့် ခဲ့ တဲ့.ငထောက်တွေလက်ထဲရောက်ခဲ့တဲ့...ဘာသာပြန်ဆောင်းပါးကြောင့် မြန်မာတွေ တချို့  သိကြပါတယ် ။

    ReplyDelete
  2. ဒီဆောင်းပါးရေးတဲ့ သူက ပြည်တွင်း စာနယ်ဇင်းတွေက နိုင်ငံတကာရေးရာတွေတော့ တော်တော်ဖတ်ထားပုံပဲ။ ဒါပေမယ့် ပြည်ပရောက် မြန်မာတွေလုပ်နေတဲ့ မီဒီယာတွေနဲ့ တော့ အလှမ်းဝေးပုံရတယ်။ ဒေါ်စု နိုဘယ်ဆုရတဲ့ ငွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံ့ အကျိုးပြု လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ပြည်ပမှာ ပညာသင်ပြီး မြန်မာပြည်ပြန်လာ အလုပ်လုပ်ပေးချင်တဲ့ ကျောင်းသားတွေအတွက် စကောလားရှစ် ဆုတွေပေးနေတာ အများကြီးပါ။ သေချာတာကတော့ ဒေါ်စုငွေနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းမှန်း လူသိရှင်ကြားဖြစ်သွားရင် တစ်နည်းမဟုတ် တစ်နည်းနဲ့ တားဆီး ပိတ်ပင် တင်းကြပ်တာ ခံလာရပါမယ်။ ဒါကြောင့် ဒါတွေကို စာရင်းချပြလို့ ခက်ခဲပါတယ်။ သေချာတာကတော့ ဒေါ်စုဟာ ဆုရသမျှငွေကို ပုံအောပြီး မလှူရင်တောင် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေကို မျက်ကွယ်ပြုပြီး၊ မြေးချာတိတ်ကို မွေးနေ့ လက်ဆောင် ဒေါ်လာသန်းကျော်တန် ရဟတ်ယာဉ် ၀ယ်ပေးတာမျိုး လုပ်ခဲ့တဲ့သူမဟုတ်ပါဘူး။ စာရေးသူအနေနဲ့ ဒေါ်စု နိုဘယ်ဆု ရတာကို မုဒိတာပွားပြီး၊ အမြင်ကျယ်ကျယ်နဲ့ လေ့လာသင့်ပါတယ်။

    ReplyDelete
  3. Hi Brother,
    Before you write something, you have to learn first. Check Prospect Burma, UK base organization.
    Thanks in advance for your interest in Burmese Struggle for Democracy and our Homeland.
    Soe Thein
    Burma Campaign New Zealand

    ReplyDelete
  4. hey kg min ga bar lo daw suu go a tin lar fight nay ya tar le. daw suu ahlu pay tar ma pay tar min ne bar sai lo le. min gyi daw kyi tui ga phan thar tar bal lo a hlu pay ya mhar le. min a may lo kg tui

    ReplyDelete